အလုကုန်ပစ္စည်း Shiseido ဟာဘာကြောင့် ကော်ဖီဆိုင်ဖြစ်နေရတာလဲ? စာပေပညာရှင်တွေအလွန်ကြိုက်ကြတဲ့ Shiseido Parlour ရဲ့သမိုင်း။

Ginza 8-chome ကလမ်းဆုံထောင့်မှာ အုတ်ရောင်အဆောက်အအုံတစ်ခုရှိပါတယ်။
တိုကျို ၊Ginza Shiseido အဆောက်အဦးရဲ့ထောင့်တစ်နေရာမှာ Shiseido Parlour ဆိုင်ရှိပါတယ်။

အခုတော့ အလုကုန်ပစ္စည်းမှာ ကမ္ဘာကအသတ်အမှတ်ပြုတဲ့ အမှတ်တံဆိပ်ဖြစ်လာတဲ့ Shiseido ဟာ၊ ဘာကြောင့် ကဖေးဆိုင်ဖွင့်ထားသလဲဆိုတာကို သိပါသလား?
ဒီဆိုင်ရဲ့သမိုင်းကနှစ်ပေါင်း ၁၀၀ ကျော်တောင်ရှိနေတဲ့အပြင်၊ ကမ္ဘာမှာနာမည်ကျော်ကြားသွားတဲ့ စာပေပညာရှင်တွေ အလွန်သဘောကျတဲ့နေရာလည်းဖြစ်ပါတယ်။
ဒီနေရာဘာတွေထူးဆန်းနေလို့လဲ၊ ၎င်းရဲ့ကြီးထွားလာမှုကို ကြည့်ကြရအောင်…

မူလက Shiseido ဟာ အလှကုန်ပစ္စည်းနဲ့အစပြုခဲ့တဲ့ ကုမ္ပဏီမဟုတ်ပါဘူး။
ဂျပန်ပထမဆုံး အနောက်တိုင်းစတိုင်ကိုယ်ပိုင်ဆေးဆိုင်အဖြစ် တည်ထောင်ခဲ့တယ်။
ခေတ်ကာလမှာ Meiji ခေတ်ဖြစ်ပါတယ်။ တရုတ်ရိုးရာဆေးကိုပဲ အဓိကသုံးစွဲနေသေးတဲ့ဂျပန်ဆေးလောကမှာ အနောက်တိုင်းဆေးဝါးစတင်ဝင်ရောက်လာတဲ့အထဲမှာ ကုမ္ပဏီကလည်းမွေးဖွားလာခဲ့တယ်။
နောက်ပိုင်းမှာ အလှကုန်ပစ္စည်းရောင်းဝယ်ခြင်းကိုစတင်ခဲ့ပြီး၊ ဒီလုပ်ငန်းဟာ အကြီးအကျယ်အောင်မြင်သွားပါတယ်။

ဒီလို Shiseido ဟာ နောက်တစ်ဆင့်တက်လှမ်းခဲ့တာကတော့ ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် ကဖေးဆိုင်လုပ်ငန်းဖြစ်ပါတယ်။ စတိုးဆိုင်ရဲ့ထောင့်တစ်နေရာမှာ ဆိုဒါရေနဲ့ ရေခဲမုန့်ရောင်းတဲ့နေရာလေးကို စတင်ခဲ့ပါတယ်။

၁၉၀၂ ခုနှစ် ထိုအချိန်ကရိုက်ထားမိတဲ့ ဓါတ်ပုံဖြစ်ပါတယ်။

အဲ့ဒီအချိန်ကတည်းက ဆိုင်ကိုသပ်သပ်ရပ်ရပ်ဖွင့်ထားပါတယ်။

ပြီးတဲ့နောက် sandwiches လိုအသင့်စား အစားအစာကိုပါရောင်းချလာပြီး ပြည့်စုံတဲ့ကဖေးဆိုင်တစ်ခုဖြစ်လာပါတယ်။

သို့သော် တိုကျိုမြို့ကို မွှေနှောက်ဖျက်ဆီးသွားတဲ့ မဟာကန်တိုငလျင်ကြီးကြောင့် အဆောက်အဦးပြိုလဲပြီး၊ တစ်ခြားဆိုင်နေရာတစ်ခုမှာ Shiseido (Ice cream parlor) နာမည်နဲ့ ပြန်လည်စတင်ခဲ့ရာကနေ အခုချိန်ထိကိုရောက်လာပါတယ်။

ဒါကဒုတိယဆိုင်ပါ။

အဆောက်အဦးအတွင်းပိုင်းကကျယ်သလို မီးဆိုင်းမီးပန်းတွေနဲ့လည်း အလှဆင်ထားတယ်။
တကယ်ကို ခမ်းနားစွာဖွင့်လှစ်ထားပါတယ်။
ဒုတိယအထပ်မှာ Orchestra box ပါရှိပြီး၊ အဲ့ဒီနေရာကနေ သီချင်းဆိုဖျော်ဖြေပေးပါတယ်။
ထိုအချိန်က ဆိုင်ကိုလာကြတဲ့ဧည့်သည်တွေက ဒီလိုမျိုးပါ။

ပိုက်ဆံရှိ လူကုံထံအသိုင်းအဝိုင်းပေါ့…
舞姫(まいひめ)၊ Takasebune (高瀬舟) စတဲ့နာမည်ကြီးစာအုပ်ကိုရေးခဲ့တဲ့ စာဆရာ Ogai Mori လည်း ဒီနေရာကနေတစ်ဆင့် စာပေပညာရှင်တစ်ဦးဖြစ်သွားပါတယ်။

သူဟာ သမီးအကြီးဆုံးကိုအလွန်ချစ်ပြီး၊ ဒီဆိုင်မှာရေခဲမုန့်လာကျွေးလေ့ရှိခဲ့ပါတယ်။
မြို့ထဲမှာလည်း ရေခဲမုန့်ရောင်းတဲ့ဆိုင်ရှိပေမဲ့၊ အေးအေးဆေးဆေးနဲ့စားနိုင်တာ ဒီတစ်နေရာတည်းရှိတဲ့အတွက် အတော်လေး အဆင့်မြင့်ပြီးဇိမ်ကျကျနဲ့စားနိုင်တဲ့နေရာဖြစ်ခဲ့ပါတယ်။

ထိုအချိန်ကရေခဲမုန့်ဆို ဒီလိုပုံစံပါ။

 

Showa အစောပိုင်းကာလကို ကိုယ်စားပြုတဲ့ စာရေးဆရာ Osamu Dazai ဟာလည်း ဒီ Shiseido Parlor ကို အလွန်နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။
No Longer Human (人間失格)၊ Run, Melos! (走れメロス) စတဲ့စာအုပ်တွေကို ရေးခဲ့သူဖြစ်သလို၊ ကျွန်တော်အရမ်းကြိုက်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပေမဲ့၊ သူဟာ ဘဝကိုအရှုံးပေးသွားခဲ့ပါတယ်။
တရားဝင်ဇနီးအပြင် ရည်စား ၂ ယောက်ကိုပါထားသေးတယ်၊ ကိုယ့်ကိုကိုယ်သတ်သေဖို့လည်း အကြိမ်ကြိမ်ကြိုးစားတယ်၊ နောက်ဆုံးမှာတကယ်ပဲသတ်သေသွားတဲ့သူဟာ လူ့ဘဝကြီးဟာ သူ့ဝတ္ထုထဲကအတိုင်းပဲ ကျရှုံးသွားပါတယ်။

သူဒီဆိုင်ကိုလာပြီး အမြဲ Ice cream soda ကိုသောက်ခဲ့ပါတယ်။

အချစ်ကြီးတဲ့ထိုသူဟာ ချိန်တွေ့ခြင်းသင်ခန်းစာအဖြစ် အသုံးပြုခဲ့ပါတယ်။

 

ဒီအပြင် နောက်ဆုံးအနေနဲ့မိတ်ဆက်ပေးမှာကတော့ Shotaro Ikenami ဆိုတဲ့ စာရေးဆရာအကြောင်းဖြစ်ပါတယ်။
သမိုင်းဝင် ဝတ္ထုများစွာရေးသားခဲ့တဲ့ဒီပုဂ္ဂိုလ်ဟာလည်း ကျွန်တော်အရမ်းကြိုက်တဲ့ စာရေးဆရာဖြစ်ပါတယ်။
အစားအသောက်ကောင်းကိုမှခုံမင်သူ လို့တောင်နာမည်ကြီးတဲ့ ဒီပုဂ္ဂိုလ်ဟာ Asakusa မှာမွေးဖွားခဲ့ပြီး Ginza ရဲ့အနောက်တိုင်းအစားအစာကို ဒီဆိုင်မှာသိရှိခဲ့ပြီး၊ ဒီ Chicken rice ကို အလွန်အရသာတွေ့သွားခဲ့ပါတယ်။

ထို Shiseido Parlor ဟာ အခုတော့ အတွင်းပိုင်းအပြင်အဆင်က ဒီလိုပုံစံဖြစ်သွားပါပြီ။

အခြားသောကဖေးဆိုင်တွေနဲ့ သိသိသာသာကွဲပြားတဲ့ လေဝင်လေထွက်ရှိတဲ့ ဆိုင်အတွင်းပိုင်းဟာ အေးအေးဆေးဆေး သက်သောင့်သက်သာနေမယ်ဆိုလည်း အဆင်ပြေပါတယ်။
သမိုင်းထဲမှာမှတ်တမ်းတင်ခံရတဲ့ စာပေပညာရှင်တွေ အလွန်နှစ်သက်သဘောကျသောအရာသာကို ခံစားကြည့်ရင်း၊ သူတို့တွေဒီမှာ ဘာအကြောင်းတွေကို ပြောခဲ့ကြမလဲ၊ ဘာတွေကိုစဥ်းစားပြီး စာအုပ်ကိုရေးသားခဲ့ကြသလဲ?
ဒီဆိုင်မှာထိုင်ပြီး တွေးကြည့်ရတာကလည်း ကြည်နူးစရာကောင်းမယ်လို့ထင်ပါတယ်။

Ginza ကိုရောက်ဖြစ်ခဲ့ရင် သေချာပေါက်ဒီဆိုင်ကိုသွားကြည့်ခဲ့ပါ…

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: