ပြတင်းပေါက်မှန်ကနေ လျှပ်စစ်ဓာတ်အားထုတ်ခြင်းဟာ သစ်တောပြုန်းတီးမှုကို ကူညီပေးနိုင်မလား။

မျက်မှောက်ခေတ်ကမ္ဘာကြီးမှာ မြို့ပြတွေများလာနဲ့လိုက်ပြီး နေထိုင်မှုအတွင်း လျှပ်စစ်စွမ်းအင်ဟာ မရှိမဖြစ်လိုအပ်လာပါတယ်။
ပတ်ဝန်းကျင်အတွက်လည်း ထည့်စဉ်းစားလို့၊ လျှပ်စစ်ကားကို ပိုပြီးသုံးလာကြပေမဲ့၊ သုံးစွဲလိုက်တဲ့စွမ်းအင်ပမာဏကို ဘယ်လိုပြန်ပေးနိုင်မလဲဆိုတာကလည်း ပြဿနာတစ်ရပ်ဖြစ်လာပါတယ်။

အပူစွမ်းအင်ထုတ်လုပ်ခြင်းဟာ ပတ်ဝန်းကျင်ကိုပြဿနာဖြစ်စေလို့၊ နျူကလီးစွမ်းအင်ထုတ်လုပ်ရေးသို့ ပြောင်းရွေ့လာခဲ့ပေမဲ့၊ ဟောဒီနျူကလီးယားစွမ်းအင်ထုတ်လုပ်မှုကလည်း ရေဒီယိုသတ္တိကြွမှုအန္တရာယ်ရှိပြန်တယ်။
ဒါနဲ့ပဲ နေရောင်ခြည်စွမ်းအင်လို သန့်ရှင်းတဲ့စွမ်းအင်ထုတ်လုပ်မှုသို့ ပြောင်းရွေ့လာခဲ့ပါတယ်။
ဒါပေမဲ့ အကြီးစားလျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုနဲ့ တည်ငြိမ်ထောက်ပံ့မှုဆိုတဲ့ပြဿနာကြောင့် နျူကလီးယားစွမ်းအင်ကိုလျှော့ချလာတဲ့ ဥပရောနိုင်ငံကြီးတွေဟာ နျူကလီးယားစွမ်းအင်ကိုပဲ တစ်ကြော့ပြန်အသုံးပြုနေကြပါတယ်။

ဂျပန်ဟာ နျူကလီးယားဗုံးနဲ့ ၂ ကြိမ်မျှ ဗုံးကျဲခံရတဲ့နိုင်ငံဖြစ်တဲ့အပြင် ၂၀၁၁ ခုနှစ်မှာ Fukushima စီရင်စုအတွင်း နျူကလီးယားဓာတ်အားပေးစက်ရုံမတော်တဆမှုကို ကြုံခဲ့ရတာကြောင့်၊ နျူကလီးယားဓာတ်အားပေးစက်ရုံကို တော်တော်လေးဆန့်ကျင်ကြပါတယ်။

အဲ့ဒီအထဲကမှ ဂျပန်နိုင်ငံတစ်ဝှမ်းမှာ ဒီလိုနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ် ဆိုလာပြားများကို တင်ဆင်ထားကြပါတယ်။

ကျယ်ဝန်းတဲ့မြေကွက်လပ်မှာ အများအပြားထပ်ဆင်ထားတဲ့ နေရောင်ခြည်သုံးလျှပ်စစ်ဓါတ်အားထုတ်လုပ်မှုဟာ ကမ္ဘာမြေကြီးအပေါ် အန္တရာယ်မပြုဘူးလို့ထင်ရပေမဲ့၊ တကယ်က ဒီလိုကိရိယာတွေတပ်ဆင်ဖို့အတွက် သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းရတာကြောင့် ဒါဟာကမ္ဘာမြေကြီးကိုအန္တရာယ်မပြုဘူးလို့ ဆိုနိုင်ပါတော့မလား?
ဒီပြဿနာ ကြုံလာရပြန်တယ်ဆိုတာကို စာဖတ်သူတို့လည်း နားလည်မယ်လို့ထင်ပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုလျှော့ချရေး ကြိုးပမ်းနေတဲ့အတွင်းမှာ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပေးတဲ့သစ်တောကို ရှင်းလင်းလိုက်မှတော့ ဒီနည်းပညာကလည်း အဖြေတစ်ခုမဟုတ်တော့ပါဘူး။

၂၀၃၀ ခုနှစ်မှာ ကမ္ဘာကြီးရဲ့အပူချိန် 1.5℃ ကိုမြင့်တက်သွားမယ်လို့ ပြောကြပါတယ်။
ကမ္ဘာကြီးပူနွေးမှုက ကိုယ်နဲ့မဆိုင်ပါဘူးလို့ ထင်နေသူအများအပြားရှိပေမဲ့၊ ဘယ်လိုပဲတွေးပါစေ၊ သစ်တောခုတ်ထွင်ရှင်းလင်ခြင်းဟာ ကောင်းတာတော့မဟုတ်ပါဘူး။

အဲ့ဒီထဲမှာ ပြတင်းပေါက်မှန်ကနေ လျှပ်စစ်ဓာတ်အားထုတ်ပေးမယ့် သုတေသနကိုလုပ်နေသူ၊ ကျိုတိုတက္ကသိုလ် သိပ္ပံဌာနရဲ့ တွဲဖက်ပါမောက္ခ Mr.Masanori Sakamotoရဲ့ တီထွင်မှုကို လူအများစိတ်ဝင်စားလာကြပါတယ်။

www.moneypost.jp

သူရဲ့ သုတေသနကတော့ နေရောင်ခြည်ရဲ့ ၄၄ ရာခိုင်နှုန်းကို သိမ်းထားမယ့် အနီအောက်ရောင်ခြည်အလင်းဖြစ်ပါတယ်။ ဒီအနီအောက်ရောင်ခြည်အလင်းဟာ လူ့မျက်လုံးဖြင့် မမြင်ရတဲ့အပြင် တောက်ပမှုလုံးဝမရှိပါဘူး။
ဒါပေမဲ့ဒီအလင်းဟာ မြို့ပြတွေမှာ အပူချိန်ကိုမြှင့်တက်စေတယ်၊ လူ့ခန္ဓာကိုယ်ကို အပူလျှပ်စေတဲ့ ပြဿနာကောင်ဖြစ်ပါတယ်။

အရင်ကလည်း ဒီအနီအောက်ရောင်ခြည်ကိုသုံးပြီး နေရောင်ခြည်စွမ်းအင်ကိုထုတ်လုပ်တဲ့ ဥပမာရှိပေမဲ့၊ ဓာတ်အားထုတ်လုပ်မှု စွမ်းဆောင်ရည်နိမ့်လွန်းတဲ့အတွက် လက်တွေ့အသုံးချဖို့အထိတော့ မရောက်လာခဲ့ပါဘူး။
ဒီစွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ပြတင်းပေါက်မှန်အဖြစ်နဲ့ ထုတ်ဖို့ကြိုးစားလာတာကတော့ ၊ Mr. Sakamotoရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ စိတ်ကူးဖြစ်ပါတယ်။
မြို့ထဲမှာ အဆောက်အဦးအများစုကို မှန်တွေနဲ့ပဲကာထားကြပြီး၊ ထိုပြတင်းပေါက်မှန်ကို ဖောက်ထွင်းမြင်ရတဲ့ ဆိုလာပြားတွေအဖြစ်ပြောင်းလဲလိုက်ရုံနဲ့၊ မိမိတို့အဆောက်အဦးမှာ အသုံးပြုမယ့် လျှပ်စစ်ဓါတ်အားကို၊ အဆောက်အဦးမှာပဲ ထုတ်လုပ်နိုင်လာဖို့ကို စဉ်းစားနေခြင်းဖြစ်ပါတယ်။

သူ့ရဲ့နည်းပညာဟာ အနီအောက်ရောင်ခြည်ကို လက်တွေ့သုံးပြီး အဆောက်အဦးနဲ့လူကို အပူချိန်မြှင့်တက်စေတဲ့ အနီအောက်ရောင်ခြည်ကို လျှပ်စစ်ဓာတ်အားအဖြစ်ပြောင်းလဲမှာဖြစ်ပါတယ်။
၎င်းဟာမြို့တွင်းအပူချိန် စုဆောင်းမိခြင်းကိုတောင် ကာကွယ်ပေးပါတယ်။ ထိုရလဒ်က အဲကွန်းအသုံးပြုမှုကိုတောင် လျော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိလျှပ်စစ်စွမ်းအင်ထုတ်လုပ်နိုင်မှုက ၁ ရာခိုင်နှုန်းသာရှိသေးပေမဲ့၊ ၅ ရာခိုင်နှုန်းအထိ တက်လာခဲ့မယ်ဆိုရင် အိုဆာကာရဲ့အထပ်အမြင့်ဆုံးအဆောက်အအုံဖြစ်တဲ့ Abeno Harukas ရဲ့ အလွှာတိုင်းအတွက် လျှပ်စစ်မီတာခကိုတောင် ကာမိလိမ့်မယ်လို့ဆိုပါတယ်။ ဒါဟာ ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိဖြစ်လာရင် လေအေးပေးစနစ်နဲ့ အခြားလျှပ်စစ်ဓါတ်အားကိုလည်း ထောက်ပံ့ပေးနိုင်လာပြီး၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ မလိုအပ်တော့တဲ့ ကမ္ဘာကြီးဖြစ်လာနိုင်ပါတယ်။

ဒါနဲ့ အခုထုတ်နေတဲ့မှန်ဆိုတာက ဒီမှာပါ။

ဘယ်ဘက်က ပုံမှန်,မှန်အမျိုးအစားဖြစ်ပြီး၊ ညာဘက်က အနီအောက်ရောင်ခြည်ကနေ လျှပ်စစ်စွမ်းအင်ထုတ်မယ့်ကုန်ကြမ်းကို တပ်ဆင်ပြီးသား မှန်ဖြစ်ပါတယ်။ ဒီအတိုင်းကြည့်ရုံနဲ့တော့ ၂ ခုလုံးကဘာမှသိပ်မကွာဘူး။ ဖောက်ထွင်းမြင်ရပါတယ်။

လျင်မြန်စွာတိုးမြှင့်လာတဲ့ ကမ္ဘာ့လျှပ်စစ်စွမ်းအင်သုံးစွဲမှုကို မြို့ပြတွေက ကိုယ်တိုင်လျှပ်စစ်စွမ်းအင်ထုတ်ပြီး သုံးတော့မယ်။
သစ်တောပြုန်းတီးမှုလည်း မဖြစ်တော့ပါဘူး။

သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့ ပြောနေသူတွေအများကြီးရှိပေမဲ့ လက်တွေ့ကမ္ဘာကြီးကိုကယ်တင်မယ့် နည်းပညာက Mr. Sakamoto ရဲ့အနီအောက်ရောင်ခြည်သုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်း ဖြစ်နိုင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: