ငလျင်လှုပ်လည်းအဆင်ပြေပါ့မလား? ဂျပန်မြေငလျင်အတွက် စေ့စပ်စွာကြိုတင်ပြင်ဆင်မှု

ကမ္ဘာ့နိုင်ငံတွေနဲ့နှိုင်းယှဉ်ကြည့်ရင် ဂျပန်လောက်ငလျင်အများဆုံးလှုပ်တဲ့နိုင်ငံ မရှိပါဘူး။
ငလျင်ကိုကြောက်လို့ဂျပန်မသွားတော့ဘူး!ဆိုတဲ့လူတွေလည်းရှိမယ်မဟုတ်လား?

ဒါပေမဲ့အဆင်ပြေပါတယ်။
ဂျပန်ရဲ့ မြေငလျင်ကြိုတင်ပြင်ဆင်မှုရဲ့ စေ့စပ်မှုဟာ အတော်လေးကောင်းတဲ့အဆင့်မှာရှိပါတယ်။
လုံးဝပျက်ဆီးမှုမဖြစ်သွားဘူးလို့တော့ မဆိုလိုပေမဲ့၊ အဲ့ဒီလိုပြောရင်၊ ယာဉ်မတော်တဆမှုတွေလည်း ဖြစ်နိုင်တာကြောင့် ကားရော၊လေယာဉ်မစီးပါနဲ့။
ဆိုလိုတာက အပြင်ကိုထွက်လို့မရသလို၊ အစာအဆိပ်သင့်နိုင်ချေလည်းရှိလာကြောင့် အစာမစားနိုင်ဘူးဆိုပြီးပြောသလိုမျိုးဖြစ်သွားပါမယ်။

ကိုရိုနာကူးစက်ရောဂါလည်း မကြာခင်ပြီးတော့မှာပါ..
အကုန်ပြီးသွားတဲ့အခါ ဘယ်နိုင်ငံသွားရင်ကောင်းမလဲစဉ်းစားထားတဲ့လူကို ဂျပန်ကိုလာစေချင်တဲ့အတွက် ဂျပန်ရဲ့စေ့စပ်တဲ့မြေငလျင်စီမံခန့်ခွဲမှုအကြောင်းကို ပြောပြပေးချင်ပါတယ်။

 

ငလျင်လှုပ်ခပ်မှုဖော်ပြချက်
ငလျင်ရဲ့ကြီးမားမှုကိုဖော်ပြတဲ့ နိုင်ငံတကာစံချိန်စံညွှန်းက Magnitude ဆိုတဲ့ယူနစ်နဲ့တိုင်းတာပါတယ်။
ဒါပေမဲ့ ဒါဟာငလျင်ရဲ့စွမ်းအားပမာဏကိုဖော်ပြတဲ့တန်ဖိုးဖြစ်လို့၊ ငလျင်ရဲ့လှုပ်ခပ်မှုနှုန်းနဲ့ သီးခြားဖြစ်နေတယ်ဆိုတာကို သိကြပါသလား?

ငလျင်ဗဟိုချက်ကဝေးတာတို့၊ မြေလွှာဟိုအောက်အနက်မှာလှုပ်နေမယ်ဆိုရင် သူ့တန်ဖိုးဟာကြီးလဲပဲ အဲ့ဒီလောက်မြေပြင်ပေါ်မှာသက်ရောက်မှုမရှိပါဘူး။

ဂျပန်မှာတော့ ကိုယ်ပိုင်တီထွင်ထားတဲ့ ငလျင်ပြင်းအားဆိုတဲ့ဂဏန်းတန်ဖိုးရှိပါတယ်။
ဒါဟာဘယ်လောက်အထိခံစားမိလိုက်လဲဆိုတဲ့ လမ်းညွှန်ချက်ဖြင့်၊ ဒီလိုမျိုးခွဲခြားသတ်မှတ်ထားပါတယ်။


http://assist-home.dreamlog.jp/archives/52061028.html

ပြင်းအားအဆင့် ၄ ကိုကျော်သွားရင်တော့၊ “ အိုး…, ငလျင်လှုပ်နေတယ်!” ဆိုပြီးခံစားရမှာပါ။
ပြင်းအားအဆင့် ၅ ကိုကျော်သွားရင်တော့ နည်းနည်းထိတ်လန့်လာပါမယ်။

စကားမစပ် ၂၀၁၁ ခုနှစ်ဂျပန်အရှေ့ပိုင်းငလျင်ကြီးမှာတော့၊ Tohoku ဒေသမှာ ငလျင်ပြင်းအား ၆(弱) မှ ၇ အထိရှိခဲ့ပါတယ်။ တိုကျိုဝန်းကျင်မှာတော့ ပြင်းအား ၅ (強)ရှိငလျင်လှုပ်ခဲ့ပါတယ်။
(強-အားပြင်း)
(弱-အားပျော့)

သတင်းထဲမှာတော့ ဒီလိုမျိုးဖော်ပြတာကြောင့် ဘယ်ဧရိယာက ဘယ်လောက်လှုပ်ခပ်ခဲ့သလဲဆိုတာ ကောင်းစွာနားလည်ရပါတယ်။


မနေ့ကပဲ၊ ငလျင်အကြီးစားတစ်ခုလှုပ်သွားပြီး ကျွန်တော်နေတဲ့ဧရိယာမှာ ပြင်းအား ၅(弱)အဆင့်ရှိငလျင်လှုပ်ခပ်သွားပါတယ်။
ဂျပန်ရောက်မြန်မာတွေလည်း သိမယ်ထင်တယ်နော်…
တော်တော်လေးကြီးတဲ့ငလျင်ပါ။ ဒါပေမဲ့၊ ၂၀၁၁ ခုနှစ် Tohoku ငလျင်နဲ့မတူဘဲ၊ လှုပ်သွားတဲ့အချိန်ကတိုတာကြောင့်၊ လူတွေချော်လဲတာ လွင့်တာတွေမဖြစ်သွားခဲ့ပါဘူး။
ဒီအတိုင်းပဲအရင်ဆုံး လှုပ်ခပ်မှုအဆင့်ကို သေသေချာချာလေးတိုင်းတာနိုင်တဲ့စနစ်ဟာ ဂျပန်ရဲ့ထူးခြားတဲ့ system ဖြစ်ပါတယ်။

အရေးပေါ်သတိပေးစနစ်
ငလျင်လှုပ်ပြီဆိုတာနဲ့ ချက်ချင်းအဲ့ဒီဝန်းကျင်ကလူတွေကို အခြေအနေသတိပေးတဲ့ system ကလှုပ်ရှားလာပါတယ်။
တီဗွီနှင့်ရေဒီယိုတွေမှာ အရေးပေါ်သတိပေးချက်ဝင်လာပြီး၊ ဒီအပြင်ထိုဧရိယာရဲ့ ဘေးအန္တရာယ်ထိန်းချုပ်ရေးစင်တာကနေ အခြေအနေနဲ့ပတ်သက်ပြီး တစ်မြို့လုံးကို အသံလွှင့်ပါတယ်။
နောက်ပြီးထိုဧရိယာမှာနေထိုင်တဲ့လူတွေရဲ့ လက်ကိုင်ဖုန်းထဲမှာလည်း အရေးပေါ်သတိပေးချက်ကိုပေးပို့တာကြောင့်၊ ထွက်ပြေးဖို့လိုအပ်/မလိုအပ်ကို အေးဆေးစွာဆုံးဖြတ်နိုင်ပါတယ်။

ဒီ system ကတော်တော်လေးအံ့သြဖို့ကောင်းတယ်၊ အများအားဖြင့် ငလျင်လှုပ်နေတဲ့အချိန်အတွင်းမှာကို သတိပေးချက်ကရောက်နှင့်နေပါပြီ။
အခြေအနေနဲ့လိုက်ပြီး မိမိနေထိုင်ရာဧရိယာအထိ ငလျင်မပြန့်နှံ့လာခင်မှာပဲ သတိပေးချက်ရောက်နေတာမျိုးလည်းရှိပါတယ်။

ဒီသတိပေးနှိုးဆော်ချက်ကိုကြားထားရင် အခြေအနေကိုကောင်းစွာကိုင်တွယ်နိုင်ပါတယ်။

 

နေအိမ်နဲ့အဆောက်အအုံများရဲ့ ငလျင်အတွက်ဖွဲ့စည်းပုံ
ဆောက်လုပ်ရေးအတွက်အခြေအနေတစ်ခုအနေဖြင့် ဂျပန်မှာတော့ ငလျင်ဖွဲ့စည်းပုံဟာမရှိမဖြစ်လို့အပ်ပါတယ်။
ဒီစံသတ်မှတ်ချက်ကပိုမိုတင်းကျပ်လာသလို၊ ဆောက်လုပ်ရေးကုန်ကျစရိတ်ကလည်းကြီးပေမဲ့ အဲ့ဒီအစား လုံခြုံရေးအပိုင်းမှာတော့ စိတ်ချနိုင်ပါတယ်။

၂၀၁၁ ခုနှစ်ရဲ့ ဂျပန်အရှေ့ပိုင်းငလျင်မှာတော့ Kanto ဒေသမှာလည်း ပြင်းအား ၅ (強)ရှိပြီးအတော်လေး လှုပ်ခပ်သွားခဲ့ပေမဲ့၊ အဆောက်အဦးတွေထိခိုက်ပျက်စီးမှုကတော့ ၆၄၉ လုံးသာရှိခဲ့ပါတယ်။
ငလျင်ဒဏ်ခံနိုင်တဲ့စံနှုန်းဟာ အရင်ကလည်းအများကြီးရှိခဲ့တဲ့အထဲမှာ ဒီလောက်လေးပဲပျက်စီးသွားတယ်လို့ဆိုတာက၊ ငလျင်ကြောင့်အဆောက်အဦးပြိုကျနိုင်ချေဟာ မရှိသလောက်ပဲလို့ဆိုလိုခြင်းပါ။

၂၀၁၁ ခုနှစ်ဂျပန်အရှေ့ပိုင်း Tohoku ငလျင်ကြောင့်ကြီးကြီးမားမားပျက်စီးသွားရတယ်ဆိုတာက တရားခံဟာဆူနာမီပါ။
ဆူနာမီလာပြီဆိုရင်တော့ အဆောက်အအုံရဲ့ဖွဲ့စည်းမှုဟာတောင့်ခံနိုင်မှာမဟုတ်ပေမဲ့၊ အကယ်၍သင်ပင်လယ်မသွားဘူးဆိုရင် စိတ်ချရတယ်ဆိုတာကိုရော နားလည်မယ်လို့ထင်ပါတယ်။

 

လျှပ်စစ်မီးပျက်တောက်မှုအတွက် ကြိုတင်စီမံခြင်း
ငလျင်ရဲ့လှုပ်ခပ်မှုကြောင့် လျှပ်စစ်မီး၊ ရေ၊ gas စတဲ့လူနေမှုအခြေခံဖွဲ့စည်းပုံအခန်းကဏ္ဍရပ်တန့်သွားတာမျိုး ရှိပါတယ်။
အဲ့ဒီထဲမှာလည်း လျှပ်စစ်မီးပျက်တောက်သွားပြီဆို၊ အထူးသဖြင့်တိုကျိုမှာ မြို့တော်လုပ်ငန်းဆောင်တာများကို ဆုံးရှုံးရပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကြိုတင်စီမံမှုကို အပြင်းအထန်လုပ်ထားပြီး၊ တစ်နေရာပြတ်တောက်သွားပေမဲ့၊ အခြားလမ်းကြောင်းတစ်ခုနဲ့ ပြန်လည်ပတ်နိုင်ဖို့လုပ်ထားပါတယ်။
ဒါကြောင့်၊ တိုကျိုမြို့လယ်ခေါင်မှာ လျှပ်စစ်မီးပျက်တောက်တယ်ဆိုတာ မရှိသလောက်ရှားပါတယ်။

 

ယာဉ်အန္တရာယ်ကင်းရှင်းရေး
မြေငလျင်လှုပ်ခပ်မှုကြောင့် ကားလမ်းနဲ့ရထားလမ်းတွေ၊ လေယာဉ်ပြေးလမ်းတို့ ပျက်စီးနိုင်ချေရှိပါတယ်။
အဲ့ဒီအတွက် အားလုံးကိုခေတ္တရပ်နားမယ်၊ စစ်ဆေးမှုလုပ်မယ်၊ ပြီးရင်ပြန်လည်ပတ်မယ်။ ဒါဟာငလျင်ပြီးနောက်အခြေအနေအတွက် စည်းမျဉ်းဖြစ်ပါတယ်။
ဒါကြောင့် ဂျပန်ရဲ့သယ်ယူပို့ဆောင်ရေးမှာ ငလျင်ကြောင့်အချိတ်အဆက်ပျက်သွားတယ်ဆိုတာ အများအားဖြင့်မရှိခြင်းဖြစ်ပါတယ်။

ဘယ်လိုသဘောရပါသလဲ?
ဂျပန်ရဲ့စေ့စပ်တဲ့ ငလျင်အတွက်စီမံထားမှုတွေကို နည်းနည်းစိတ်ချသွားပြီလား?

ဘာတွေထပ်ဖြစ်လာအုံးမလဲဆိုတာကတော့ ဂျပန်လည်းအခြားနိုင်ငံတွေလိုပါပဲ ကြိုမသိပါဘူး။
ကြိုတင်စီမံထားမှုထက်တော့မပိုပေမဲ့၊ လုံခြုံစိတ်ချရဖို့အစွမ်းကုန်လှုပ်ရှားနေတဲ့အတွက် စိတ်အေးအေးဖြင့်သာနေကြပါခင်ဗျာ…..။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: