TOYOTA ရဲ့ပြောင်းလဲသွားတဲ့အရွေ့တစ်ခု (TOYOTA ရဲ့ဟိုက်ဒရိုဂျင်နည်းပညာက ကမ္ဘာကြီးကိုပြောင်းလဲဖို့ရှိနေ)

ကမ္ဘာတစ်လွှားရှိကားထုတ်လုပ်မှုလုပ်ငန်းဟာ ကြီးမားတဲ့အပြောင်းအလဲကာလတစ်ခုထဲမှာ အပြင်းအထန်ပြိုင်ဆိုင်နေကြပါတယ်။
ကားထုတ်လုပ်တဲ့အခါ ပြဿနာအကြီးဆုံးကတော့ အင်ဂျင်ပါ။
အခုတော့ လျှပ်စစ်ကားရဲ့အောင်မြင်မှုထဲကနေ ပျောက်ကွယ်သွားဖို့လုပ်နေပါတယ်။

ကားကုမ္ပဏီအသစ်တစ်ခု ကားထုတ်လုပ်မှုလုပ်ငန်းထဲကို ဝင်တိုးလို့မပေါက်တဲ့တံတိုင်းဖြစ်ခဲ့သောအင်ဂျင်က လျှပ်စစ်ကားကိုအဓိကထားလာတဲ့ကမ္ဘာကြီးဆီသို့ အလွယ်တကူဝင်ရောက်လာခဲ့ပါပြီ။
ထိုဦးဆောင်သူကတော့ အမေရိကန်ရဲ့ Tesla !!!
ဒီအပြင် Apple လည်းကိုယ်ပိုင်လျှပ်စစ်ကားထုတ်လုပ်ဖို့ရှိနေပြီး၊ Porsche နဲ့ Ferrari စတာတွေလည်း လျှပ်စစ်ကားများသို့ပြောင်းလဲရန်စတင်လာလျှက်ရှိပါတယ်။

အဲ့ဒီအထဲကမှ ဂျပန်ကားကုမ္ပဏီရဲ့ရွေ့လျားမှုကတော့ လိပ်ကလေးလိုနှေးကွေးတာကို တစ်ချို့လည်းသိမယ်လို့ထင်ပါတယ်။
အထူးသဖြင့် TOYOTA ရဲ့ရွေ့လျားမှုနှုန်းက တော်တော်ဆိုးဆိုးပါပဲ၊ TOYOTA တော့ဇာတ်သိမ်းပြီ.. လို့တောင်ခန့်မှန်းထားတဲ့လူတွေ ရှိတယ်လို့ဆိုပါတယ်…

TOYOTA ဟာ ဓါတ်ဆီစွမ်းအင်သုံးကားကနေကွဲထွက်ဖို့ ပထမဆုံးထုတ်လုပ်ခဲ့တာကတော့ ဒီ PRIUS ဖြစ်ပါတယ်။


https://toyota.jp/prius/

လျှပ်စစ်နဲ့အင်ဂျင်ရဲ့ပေါင်းစပ်ခြင်းဖြင့်၊ စစမောင်းထွက်ချိန် အမြန်နှုန်းအရှိန်မှာလျှပ်စစ်ကိုအသုံးပြုပြီး၊ တည်ငြိမ်သွားတဲ့အမြန်နှုန်းကိုတော့ ထိရောက်တဲ့အင်ဂျင်ကိုအသုံးပြုတဲ့ပေါင်းစပ်မှုဖြင့်၊ ခရီးတော်တော်ရောက်တယ်၊ နောက်ပြီး ခရီးဝေးကိုအေးဆေးသွားဖို့အတွက်လည်းအဆင်ပြေတဲ့ အကောင်းဆုံးကားကိုထုတ်လုပ်လိုက်ပါတယ်။

လျှပ်စစ်ကားတွေမှာတော့ ထည့်ရတဲ့ဘက်ထရီပမာဏကလည်းအကန့်အသတ်ရှိတဲ့အတွက် ပင်လယ်ခရီးတွေလို ဝေးဝေးမသွားနိုင်တဲ့ပြဿနာ အများစုဖြစ်ကြပါတယ်။
နောက်ပြီး ဘက်ထရီကိုအားသွင်းရတယ်၊ အဲ့ဒီအတွက်အချိန်လည်းပေးရတယ်။
ဒါကိုဓါတ်ဆီကားနဲ့ယှဉ်ကြည့်ရင်တော့ ပြဿနာကြီးတစ်ခုပါပဲ။

ကောင်းတဲ့အချက်ကိုယူပြီးပေါင်းစပ်တဲ့တီထွင်မှုက အံ့သြစရာကောင်းပေမဲ့၊ ဓါတ်ဆီကိုသုံးစရာမလိုအောင်လုပ်မယ်ဆိုပြီးတီထွင်လိုက်တဲ့အထဲမှာ အနည်းငယ်လွဲချော်သွားတဲ့အရာကို သတိပြုမိသွားလည်းလူလည်းရှိမယ်လို့ထင်ပါတယ်။

နောက်ထပ် TOYOTA ထုတ်လုပ်လိုက်တာကတော့ ဟောဒီ MIRAI ဆိုတဲ့ကားဖြစ်ပါတယ်။

ဟိုက်ဒရိုဂျင်ကိုလောင်ကျွမ်းစေပြီးပြေးတဲ့ ခေတ်သစ်စနစ်ကို TOYOTA ကကိုယ်ပိုင်တီထွင်ခဲ့တာဖြစ်ပြီး၊ လျှပ်စစ်ကားလိုမျိုး လေးလံတဲ့ဘက်ထရီလည်းထည့်စရာမလို၊ ဒီအပြင်အားသွင်းဖို့အချိန်လည်းမပေးရတော့ပါဘူး။
ဓါတ်ဆီလိုဟိုက်ဒရိုဂျင်ကို ထပ်ဖြည့်ပြီးရင်ချက်ချင်းမောင်းနိုင်ပါတယ်။
နောက်ပြီး ဒီကားဟာစွန့်ပစ်ပစ္စည်းအနေနဲ့ရေကိုသာထုတ်တယ်ဆိုတာကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလွန်သင့်တော်ပါတယ်။

ပြဿနာတစ်ခုကတော့ ဟိုက်ဒရိုဂျင်ဖြည့်ရတဲ့နေရာပါ…
တစ်နည်းအားဖြင့် ဓါတ်ဆီသုံးကားနဲ့ဆိုရရင် ဓါတ်ဆီဆိုင်နည်းလွန်းခြင်းဖြစ်ပါတယ်။

ဟိုက်ဒရိုဂျင်ကိုကိုင်တွယ်ဖို့အတွက် ဟိုက်ဒရိုဂျင်ဖြည့်ပေးတဲ့နေရာရဲ့လုံခြုံရေးပစ္စည်းတွေကလည်းကြီးလွန်းတာကြောင့် ငွေကုန်ကြေးကျများတယ်။
အဲ့ဒီအတွက်တိုကျိုမှာတော့ ကန့်သတ်အစီးရေလောက်သာထားနိုင်တာကြောင့် MIRA ကိုရောင်းချတဲ့အစီးအရေအတွက် မတိုးလာတော့ဘဲ ဈေးနှုန်းကလည်းကျသွားတယ်လို့မရှိတဲ့ အခြေအနေမှာရှိပါတယ်။

အခြားသောကားကုမ္ပဏီတွေအားလုံးကတော့ လျှပ်စစ်ကားနဲ့အနာဂတ်ကိုမျှော်ကြည့်နေပြီး ဒီအပြင်သာမန်အသုံးပြုသူတွေက မျှော်လင့်နေတဲ့အနာဂတ်ကလည်း လျှပ်စစ်ကားပဲဖြစ်နေတာတောင်၊ TOYOTA တစ်ခုတည်းက ဟောဒီဟိုက်ဒရိုဂျင်ကားမှာ အစွမ်းကုန်အာရုံစိုက်နေတာကတော့ သူ့မှာအကြောင်းပြချက်ရှိနေလို့ဖြစ်ပါတယ်။

“ လျှပ်စစ်ကားမှာ ကြီးမားတဲ့အလုပ်တွင်ကျယ်မှုကို မထုတ်ပေးနိုင်တာကြောင့်…”

ကုန်တင်ကားကို လျှပ်စစ်ကားအဖြစ်ပြောင်းလိုက်ပြီး လေးလံတဲ့ကားကိုယ်ထည်မှာ ပိုပြီးလေးတဲ့ကုန်တွေကိုတင်ဆောင်မယ်။
ဒီအရွေ့ကိုသွားမယ်လို့လုပ်လိုက်တဲ့အခါ ပြဿနာကဘက်ထရီအကြီးလိုအပ်လာပါတယ်။
ဒီအတွက် ဝန်ကိုလျော့ချလိုက်ရပါတော့မယ်။
ဒါဆိုပွဲကသိမ်းပြီ….
လက်တွေ့သုံးနေရတဲ့ ကုန်တင်ကားကို လျှပ်စစ်ကားပြောင်းဖို့ခက်သွားပါတယ်။
ဒါပေမဲ့ ဟိုက်ဒရိုဂျင်အင်ဂျင်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။

ဒီအပြင်ဒီလိုရထား ပေါ်လာခဲ့ပါတယ်။

https://toyokeizai.net/articles/-/450465?display=b

EU မှာအသစ်ပြေးဆွဲနေပြီဖြစ်တဲ့ရထား !!
ဒါရဲ့ ရွေ့လျားမှုစွမ်းအင်က TOYOTA ရဲ့ဟိုက်ဒရိုဂျင်အင်ဂျင်တဲ့..
မီးရထားကိုလျှပ်စစ်မီးရှိတဲ့နေရာမှာပြေးဆွဲပေမဲ့၊ လျှပ်စစ်မီးမရှိတဲ့ဒေသဆိုရင်တော့ ဒီဇယ်အင်ဂျင်ကိုသုံးပြီးရထားကိုပြေးဆွဲကြပါတယ်။
ဒါကလည်းပတ်ဝန်းကျင်အတွက် မကောင်းတဲ့သက်ရောက်မှုကိုရရှိစေပေမဲ့၊ ဒါကြောင့်လို့ပြောပြီး တစ်ခုလုံးကိုလျှပ်စစ်အဖြစ်ပြောင်းလဲဖို့အထိကတော့ အကျိုးအမြတ်ရှိတဲ့လမ်းကြောင်းမဟုတ်ပါဘူး။
အဲ့ဒီလိုအချိန်မှာ ဒီဟိုက်ဒရိုဂျင်စွမ်းအင်သုံးအင်ဂျင်က ကြီးမားတဲ့စွမ်းအားကိုထုတ်ပေးနေပါတယ်။

ဥရောပနိုင်ငံတွေက အလျင်အမြန်ပဲ ကာဗွန်ဒိုင်အောက်ဆိုက်လျှော့ချရေးကိုလုပ်ဆောင်နေစဥ◌်၊ ဒီ TOYOTA နည်းပညာကို လူအများအာရုံစိုက်လာကြပါတယ်။

ထိုအသုံးပြုမှုကို လေယာဉ်များသို့ပါတိုးချဲ့မယ့်အလားအလာမှာရှိပါတယ်။

လေယာဉ်ကိုပါ လျှပ်စစ်စွမ်းအင်သို့ပြောင်းလဲဖို့ စမ်းသပ်မှုပြုလုပ်နေပေမဲ့၊ အပေါ့စားလေယာဉ်ကလွဲပြီး အသုံးပြုဖို့ခက်ခဲတာကြောင့် ဟိုက်ဒရိုဂျင်စွမ်းအင်သုံးအင်ဂျင်ဘက်ကို အာရုံစိုက်လာကြခြင်းဖြစ်ပါတယ်။

အသုံးပြုမှုအမျိုးမျိုးမှာ ဟိုက်ဒရိုဂျင်စွမ်းအင်သုံးအင်ဂျင်ကိုအစားထိုးလာခဲ့ရင်၊ ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုလည်း ပိုမိုထိရောက်မှုရှိလာပြီး၊ ဟိုက်ဒရိုဂျင်ရဲ့တန်ဖိုးနဲ့အတူ ဖြည့်ပေးတဲ့နေရာရဲ့ စက်ပစ္စည်းတန်ဖိုးပါလျော့ကျသွားမယ်။
နောက်ပြီး ဟိုက်ဒရိုဂျင်အင်ဂျင်ထုတ်လုပ်မှုကိုပိုမိုအရှိန်မြင့်ပြီး ဈေးနှုန်းကိုလျှော့ချနိုင်သွားပါမယ်။
အဲ့ဒါရဲ့ရလဒ်က လျှပ်စစ်ကားထက်ဈေးသက်သာပြီး၊ ပိုမိုအသုံးပြုရအဆင်ပြေတဲ့ကားဖြစ်လာပါလိမ့်မယ်။

ကမ္ဘာတစ်လွှားမှာ TOYOTA တစ်ခုတည်းက၊ ဒီလိုအနာဂတ်ကိုစိတ်ကူးယဉ်နေတာလားလို့ တွေးမိပါတယ်။
TOYOTA ကအသဲအသန်အာရုံစိုက်နေတဲ့ ဟိုက်ဒရိုဂျင်နည်းပညာဟာ ကမ္ဘာကြီးကိုသိသိသသာသာပြောင်းလဲစေမယ့် နည်းပညာတစ်ခုဖြစ်လာနိုင်ချေရှိပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: