ကင်မရာမန်းအလုပ်ကို လုံးဝမရပ်တန့်လိုက်ပါနဲ့! Cannon ရဲ့ စိတ်ဓာတ်ခိုင်မာမှုကို မြင်နိုင်တဲ့ အိုလံပစ်။

ကမ္ဘာတစ်ဝှမ်းက ထိပ်တန်းအားကစားသမားတွေ စုစည်းလာကြတဲ့ အိုလံပစ်က အံ့သြဖွယ်အချိန်ကာလလေးတွေ ဆက်တိုက်ဖြစ်ပေါ်စေတဲ့ အံ့သြဖွယ်ရာပွဲတစ်ခုဖြစ်ပါတယ်။
ကင်မရာမန်းတွေရဲ့ အလုပ်က ကမ္ဘာတစ်ဝှမ်းကလူတွေဆီ ပြိုင်ပွဲဝင်တွေရဲ့စိတ်အားထက်သန်မှုကို ပို့ဆောင်ပေးတာဖြစ်ပေမယ့် ဒီအလုပ်ကို ပံ့ပိုးပေးတဲ့ ထုတ်လုပ်သူတွေရဲ့တိုက်ပွဲကလည်း အံ့သြစရာတစ်ခုဖြစ်နေပါတယ်။


https://www.excite.co.jp/news/article/Cobs_2267569/

ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ Canon ရဲ့ ဆားဗစ်စင်တာဖြစ်ပါတယ်။
Canon ရဲ့ ချမှတ်ထားတဲ့ပန်းတိုင်က “Zero Downtime”ပါ။ ကင်မရာမန်းအလုပ်ကို မရပ်တန့်လိုက်ပါနဲ့ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ပွဲကျင်းပရာနေရာအတွင်းမှာ တပ်ဆင်ထားတဲ့ ပံ့ပိုမှုမဏ္ဍပ်ရဲ့ အနောက်ဘက်က ဒီလိုပုံစံပါ။


https://news.mynavi.jp/

ကင်မရာတွေကို နှစ်သက်သူတွေကတော့ ဒါတွေကို ကြည့်ပြီး ရူးခါသွားလောက်မယ်လို့ထင်ပါတယ်။ ဒီမှာ မှန်ဘီလူးများစွာရှိပြီး တစ်ခုကို ယန်း ၁ သန်းကျော်တန်တဲ့ မှန်ဘီလူးတွေလည်း စီတန်းထားပါတယ်။

စီတန်းထားတာတွေက မှန်ဘီလူးတစ်ခုတည်းမဟုတ်ပါဘူး။
ကင်မရာလည်း ဒီအတိုင်းပါပဲ။

EOS 1D X Mk.III၊ EOS 5D Mark IV၊ EOS R5၊ EOS R6 စတဲ့ နောက်ဆုံးပေါ်ကင်မရာကိုယ်ထည်အပြင် ဘက်ထရီလိုမျိုး ပစ္စည်းတွေကိုလည်း စီတန်းထားပါတယ်။

သယ်ဆောင်လာတဲ့ပစ္စည်းတွေကိုလည်း ဒီမှာ ပြုပြင်နိုင်ပါတယ်။
ပြုပြင်ချိန်ကတော့ ၁ နာရီဖြစ်ပါတယ်။
ပစ္စည်းတွေကို ၂၄ နာရီအတွင်း ပြင်ဆင်နိုင်စေဖို့အတွက် Canon မှာ ထိပ်တန်းနည်းပညာရှင်တွေလည်း ရှိပါတယ်။

Autofocus ချိန်ညှိဖို့အတွက် ချိန်ညှိခန်းလည်း ပြင်ဆင်ထားပါတယ်။


၈၀၀ မီလီမီတာအဝေးအထိ ချိန်ညှိမှုကို လုပ်နိုင်ဖို့ အတော်လေးကျယ်တဲ့နေရာကိုလည်း ပြင်ဆင်ထားရှိပါတယ်။

ပြီးတော့တစ်ခုမိုက်တာက ပြင်ဆင်စရိတ်က အခမဲ့ပါ။
ပြင်ဆင်ချိန်အတွင်း စက်ပစ္စည်းငှားရမ်းတဲ့အခါလည်း အခကြေးငွေပေးစရာမလိုပါဘူး။

ဒီလိုအသေးစိတ်ပြင်ဆင်ထားတဲ့စနစ်ရှိခြင်းကြောင့် ကျွန်တော်တို့ဟာ အိုလံပစ်ရဲ့ အသက်ဝင်တဲ့ဓာတ်ပုံတွေကို ကြည့်နိုင်တာဖြစ်ပါတယ်။

ဒါဆို ပြဿနာများစွာရှိခဲ့တဲ့အိုလံပစ်ဖြစ်ပေမယ့် Canon က အကောင်းဆုံးအလန်းဆုံးဆိုတဲ့အလုပ်ကို လုပ်နိုင်ခဲ့တာမဟုတ်ဘူးလားနော်?
ကျွန်တော်လည်း Canon အသုံးပြုသူတစ်ယောက်ပါ။ ဒါပေမယ့် ကျွမ်းကျင်သူတွေရော၊ အပျော်တမ်းကင်မရာမန်းတွေရော ဒီနေရာကိုရောက်လာခဲ့ရင် Canon ကိုပဲ ရွေးချယ်ကြမယ်လို့ထင်ပါတယ်။

စကားမစပ် တီထွင်နေဆဲဖြစ်တဲ့ EOS R3 ကို ဒီအိုလံပစ်မှာ အသုံးပြုပြီမဟုတ်လားဆိုတဲ့ ကောလဟာလတွေထွက်ရှိလာခဲ့ပေမယ့် ဒါနဲ့ပတ်သက်ပြီး မှတ်ချက်မပေးလိုပါဘူး။
ဆိုလိုတာက မငြင်းဘူးဆိုတဲ့ သဘောပါပေါ့။

EOS R3 ကို ဝယ်လို့မရသေးပေမယ့် ဝယ်လို့ရမယ့်အချိန်ကို စောင့်နေပါမယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: