ပတ်စပို့ပြီးတော့ ဘရာလား? ခဆုရှိက ဟိုခုဆအိ ဟာအခု အရမ်းကိုအောင်မြင်နေပါတယ်

အားလုံးရော ဒီပန်းချီလေးကို မြင်ဖူးကြလား?

ခဆုရှိက ဟိုခုဆအိ ဆိုတဲ့သူဆွဲထားတာဖြစ်ပြီး၊ ဟုဂခုဆန်းဂျူးရို့ခေး (ဟုဂခု မြင်ကွင်း၃၆ခု)ဆိုတဲ့ ဟုဂခု၊ ဖူဂျီတောင်ဒီဇိုင်းပုံလုပ်ထားတဲ့ ပစ္စည်းတွေထဲကတစ်ခုပါ။

ဒီဒီဇိုင်းကို ၂၀၂၀ခုနှစ်မှအသစ်ထုတ်ထားတဲ့ ဂျပန်ပတ်စပို့ဒီဇိုင်းအနေနဲ့ သုံးထားပြီး၊ ကမ္ဘာတစ်ဝှမ်းမှာလည်း ဂျပန်ကိုယ်စားပြုပန်းချီလို့ လူသိများပါတယ်။

ဒီလို အရာမျိုးကို ပတ်စပို့မှာသုံးဖို့ ရွေးချယ်ခံရတာတော့ နားလည်လို့ရပေမယ့်၊ အခုကျတော့ ဘရာစီယာဒီဇိုင်းမှာ သုံးထားတာတဲ့လား။

https://prtimes.jp/main/html/rd/p/000000369.000009170.html

ဟိုခုဆအိ ရဲ့ပန်းချီအစစ်ပါပဲ။

ဘယ်ညာမညီတဲ့ ဒီဇိုင်းလေးက စိတ်ဝင်စားဖို့ကောင်းပေမယ့်လည်း၊ ထင်ထားသလောက်တော့ ပြောင်မြောက်လှပ မနေသလိုပဲ?

ဒီအတွင်းခံလေးနဲ့အတူ ဂျပန်နိုင်ငံရဲ့ အုခိယို့ပန်းချီက တစ်ကမ္ဘာလုံးကို ပျံ့နှံ့ထင်ရှားသွားရင် ကောင်းမယ်လို့တော့တွေးမိပါတယ်။

 

အုခိယို့ပန်းချီဆိုတာ ဘယ်လိုမျိုးလဲဆိုတာ သိကြလား?

သာမန်ပန်းချီတစ်ခုမဟုတ်ဘဲ၊ ထွင်းပန်းချီအနေနဲ့ ထူးခြားတဲ့ဝိသေသတွေရှိနေပါတယ်။

ကွဲပြားတဲ့ အရောင်တွေကို ထွင်းထည့်ထားလို့ပါပဲ။

https://www.adachi-hanga.com/ukiyo-e/quality/flow/

ပြီးတော့ အုခိယို့ပန်းချီကို အထပ်ထပ်ထွင်းပြီးမှ ဖန်တီးထားတာပါ။

ဒီလိုမျိုး အရောင်တွေထပ်ထပ်ထည့်ထားခြင်းအားဖြင့် အလွန်လှပတဲ့ ပန်းချီကားလေးကို ဖန်တီးထားတာဖြစ်ပြီးတော့၊ နည်းနည်းလေးလွဲချော်သွားတာနဲ့ ပျက်စီးသွားတတ်တဲ့အမျိုးပါ။

အဲ့တာကြောင့် မလွဲအောင် နေရာသတ်မှတ်ထားပြီး၊ အဲ့လိုသတ်မှတ်ထားတာကို ခန်းတိုး (見当)လို့ခေါ်ပါတယ်။

လွဲသွားတဲ့အခါကျရင်တော့ ခန်းတိုးချိဂအိ (見当違い)လို့ခေါ်တာမျိုး ခေတ်စကားမှာရှိပေမယ့်၊ ဒီခန်းတိုးက အုခိယို့ပန်းချီရဲ့ ခန်းတိုးဟုတ်ရဲ့လား။

 

စကားမစပ် အုခိယို့ပန်းချီက ထွင်းပန်းချီဖြစ်တာကြောင့် အကြိမ်ကြိမ်လုပ်လို့ရပြီး၊ (အောက်ခံထွင်းပြား ပါးသွားတာကြောင့် အဆုံးမရှိထွင်းလို့တော့ မရပေမယ့်) အဲ့ဒီခေတ်ကတော့အဖိုးတန်လက်ရာတစ်ခုအနေနဲ့ သတ်မှတ်ခံခဲ့ရပုံမရပါဘူး။

အဲ့ဒါကြောင့်ပဲ ဒီလိုပဲလွှင့်ပစ်ခံရပြီး၊ ဂျပန်မှာသိပ်မကျန်တော့တာထင်တယ်။

အခုခေတ်လိုဆိုရင်တော့ မဂ္ဂဇင်းတွေ သတင်းစာတွေလိုပေါ့နော်။

 

အခုခေတ်အထိ ရှိနေသေးတဲ့ အုခိယို့ပန်းချီကတော့၊ နိုင်ငံခြားကိုအစားအသောက်တင်ပို့နေတုန်း၊ မကွဲအောင် ဒီအုခိယို့ပန်းချီနဲ့ ထုပ်ပိုးထားတာကို မြင်သွားတဲ့ ဥရောပလူမျိုးတွေဟာ ဒီလိုလှပတဲ့ပန်းချီနဲ့ အဲ့ဒါကိုအဖိုးမတန်သလို သုံးခံနေရတဲ့အခြေအနေကိုတွေ့သွားပြီး လန့်သွားကာ၊ ထိန်းသိမ်းထားပေးခဲ့ကြလို့ ရှိနေတာလို့ ပြောကြပါတယ်။

ဒီလိုဆိုးဆိုးဝါးဝါး အသုံးခံခဲ့ရတဲ့ အနုပညာတစ်ခုဟာ ဂျပန်ရဲ့မျက်နှာတစ်ခုလိုဖြစ်သွားကာ၊ ပတ်စပို့အနေနဲ့အသုံးပြုခံရပြီး၊ အခုတော့ အတွင်းခံအနေနဲ့ပါ ကမ္ဘာအနှံ့ရောက်တော့မှာပါ။

ဟိုခုဆအိလည်း ဒီလိုအသုံးခံရမှာကို ကြိုတွေးမိခဲ့မှာမဟုတ်လို့၊ အခုလောက်ဆို အံ့ဩမှင်သက်နေလောက်မယ်ထင်တယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: