မုန်တိုင်းအသစ် နံပါတ် (၁၄)၊ အိုကီနာဝါဘက်ကို ချဥ်းကပ်လာနိုင် !!!

ဂျပန်မှာနောက်ထပ်မုန်းတိုင်းအသစ်ဖြစ်ပေါ်နေပါပြီး..
မုန်တိုင်းနံပါတ် (၁၄)ပါ။ သူက ယနေ့(၅) ရက်နေ့နံနက်ကမှဖြစ်ပေါ်လာပြီး ဒီတစ်ပတ်အကုန်လောက်မှာ လာသက်ရောက်နိုင်မယ်လို့ခန့်မှန်းနေကြပါတယ်။
ဂျပန်မြောက်ပိုင်းမှာ ဂျပန်ပင်လယ်ပြင်ကိုအဓိကအနေနဲ့ မိုးတွေကြီးပြီး ရာသီဥတုကြမ်းတမ်းနိုင်ပါမယ်။

ဂျပန်မြောက်ပိုင်းမှာမိုးကြီးလေကြီးနဲ့အတူ၊ Hokkaido ရဲ့အစွန်းပိုင်းဖြစ်တဲ့ Cape Erimo မှာတော့ လေတိုက်နှုန်း ၂၃.၇ မီတာရှိပါမယ်။
နောက်ပြီး ၂၄ နာရီအတွင်း ရွာမယ့်မိုးရေချိန်ပမာဏက Akita စီရင်စုFujisato မှာ ၁၁၈.၅ မီလီမီတာရှိမယ်လို့တွက်ထားပါတယ်။ ဒါဟာ ၁၀ လပိုင်းအတွက် ပထမဆုံးပါပဲ။
မြေပြိုမှုနဲ့မြစ်ရေလျှံနိုင်မှုအတွက် သတိပြုဖို့နှိုးဆော်ထားပါတယ်.
ဒီမုန်တိုင်းနံပါတ် ၁၄ က၊ ယနေ့နံနက် ၉ နာရီ ဂျပန့်တောင်ဘက်ပင်လယ်ပြင်မှာဖြစ်ပေါ်လာတာပါ။
မုန်တိုင်းရဲ့ လမ်းကြောင်းပေါ် မူတည်ပြီးတော့ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့လောက်မှာ အိုကီနာဝါဘက်ကိုချဥ်းကပ်လာနိုင်ဖို့ရှိတာကြောင့် နောက်ထပ်အခြေအနေကိုလည်းစောင့်ကြည့်ထားဖို့လိုအပ်ကြောင်း နှိုးဆော်ထားပါတယ်.

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: