မုန်တိုင်းနံပါတ် (၉) Kyushu မြောက်ပိုင်းသို့ချည်းကပ်လာပြီ !!!!!

ကြီးမားပြီး အားအရမ်းပြင်းတဲ့ မုန်တိုင်းနံပါတ် (၉)ဟာ၊ ၂ ရက်နေ့ညနေလောက်မှာ Kyushu ဘက်ကိုပိုပြီးချည်းကပ်လာနိုင်တယ်လို့ ခန့်မှန်းရပြီး၊ လေတိုက်နှုန်းပြင်းထန်မှုနဲ့ မိုးကြီးမှုမှာတော့ နိုးနိုးကြားကြားရှိဖို့လိုနေကြောင်း သတိပေးနေပါပြီ။

မုန်တိုင်းနံပါတ် (၉) ဟာ Kyushu အနောက်ပင်လယ်ပြင်ကနေ မြောက်ဘက်သို့ဦးတည်နေတာကြောင့် Kyushu ဘက်မှာ ပြင်းထန်တဲ့လေပြင်းနဲ့မိုးရွာသွန်းမှုတွေဖြစ်ပေါ်နေပါတယ်။ ၁ ရက်နေ့ကနေစပြီး မိုးရေချိန်ပမာဏဟာ Miyazaki စီရင်စုမှာ 100 မီလီထက်ကိုကျော်နေပါပြီ။ မုန်တိုင်းနံပါတ် (၉) ဟာ အားပြင်းပြင်းနဲ့ မြောက်ဘက်ကိုဦးတည်နေတာကြောင့် ၂ ရက်နေ့ညနေမှာတော့ Kyushu မြောက်ပိုင်းနဲ့ပိုပြီးနီးကပ်လာဖို့ရှိတယ်လို့ ကျွမ်းကျင်သူများကတွက်ချက်ကြပါတယ်။
၃ ရက်နေ့လောက်မှာတော့ Shikoku နဲ့ Kyushu ကိုဗဟိုပြုပြီးမိုးရွာသွန်းကာ မိုးရေချိန် ၃၀၀ မီလီလောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

နောက်ထပ် Kyushu ကမ်းရိုးတန်းမှာအများဆုံးလေပြင်းတိုက်ခတ်မှုနှုန်း ၅၀ မီတာ အထိရှိမယ်လို့လည်း မှန်းဆထားကြပါတယ်။
တစ်ဖက်မှာလည်း ၁ ရက်နေ့ညက Ogasawara ရဲ့ ကမ်းရိုးတန်းမှာ ထပ်မံဖြစ်ပွားခဲ့တဲ့ မုန်တိုင်းနံပါတ် (၁၀) ဟာလည်း အလျင်အမြန်ပဲရွေ့လျားနေတာကြောင့် ဒီစနေနေ့၊တနင်္ဂနွေ လောက်မှာ ဂျပန်အနောက်ဘက်ကို တော်တော်လေးချည်းကပ်လာမယ်လို့ မြင်ရပါတယ်။ ဂျပန်အနောက်ပိုင်းမှာတော့ လေပြင်းတိုက်ခက်မှုတွေနဲ့ မိုးကြီးမှုတွေကြောင့် ရာသီဥတုမတည်မငြိမ်ဖြစ်မယ့် စိုးရိမ်ရတဲ့အခြေအနေတွေရှိပါတယ်။

ဂျပန်ရောက်နေတဲ့ မြန်မာများအားလုံးလည်းဘေးကင်းကြပါစေ….

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: