တိုကျိုမြို့မှာ ကူးစက်မှုလူနာအသစ် ၃၃၉ ဦးရှိပြီဟု အတည်ပြုထုတ်ပြန် !!!!

တိုကျိုမြို့ ၂၀ ရက်နေ့အတည်ပြုချက်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ် ၃၃၉ ဦးရှိနေပြီဟု ထုတ်ပြန်ခဲ့ပါတယ်။ ကူးစက်မှုအတည်ပြုချက်အရ လူပေါင်း ၃၀၀ ကိုကျော်လာတာဟာ ယခုလ ၁၅ ရက်နေ့ကတည်းက ဖြစ်ပါတယ်။

တိုကျိုမြို့ ၂၀ ရက်နေ့ ကူးစက်မှုအသစ် ၃၃၉ ဦးမှာ အသက် ၁၀ နှစ်အောက်ကနေ ၉၀ အရွယ်အထိအမျိုးသားအမျိုးသမီး များပါဝင်နေကြောင်းသိရပါတယ်။
လူပေါင်း ၃၀၀ ဦးကိုကျော်လာတာဟာ ယခုလ ၁၅ ရက်နေ့ကတည်းက ဖြစ်ပါတယ်။

 

https://www3.nhk.or.jp/news/html/20200820/k10012575131000.html?utm_int=all_side_ranking-access_003

 

လူပေါင်း ၃၃၉ ဦးထဲမှာ
– အသက် ၂၀ ကနေ ၃၀ အရွယ်စုစုပေါင်း ၁၈၃ ဦးနဲ့ ခန့်မှန်းချေ ၅၄ % ဟုယူဆရပြီး၊
– အသက် ၄၀ ကနေ ၅၀ အရွယ်စုစုပေါင်း ၈၇ ဦးနဲ့ ခန့်မှန်းချေ ၂၆ % ပဲဖြစ်ပါတယ်။

အခြားကတော့
– အသက် ၆၀ = ၂၁ ဦး
– အသက် ၇၀ = ၁၉ ဦး
– အသက် ၈၀ = ၁၀ ဦး
– အသက် ၉၀ = ၃ ဦး အသီးအသီးဆိုပြီး အတည်ပြုထားပါတယ်။

နောက်ထပ် ၃၃၉ ဦးထဲမှာ ခန့်မှန်းချေ ၃၆ % ဖြစ်တဲ့ ၁၂၁ ဦးဟာ တစ်ဆင့်ကူးစက်သူတွေ ဖြစ်ကြောင်းအတည်ပြုရရှိထားပြီး

ခန့်မှန်းချေ ၆၄ % ဖြစ်တဲ့ ၂၁၈ ဦးကတော့ ဘယ်ကနေကူးစက်လာသလဲ မသိရဘူးလို့ ဆိုပါတယ်။

တစ်ဆင့်ကူးစက်သူ ၁၂၁ ဦးထဲမှာ အများဆုံးကတော့ မိသားစုတွင်းကူးစက်မှု ၅၅ ဦးဖြစ်ပါတယ်။
ထို ၅၅ ဦးထဲမှာ ကူးစက်သူအမျိုးသမီး ၃၂ ဦးဖြစ်ပြီး ခန့်မှန်းချေတစ်ဝက်နီးပါးက အမျိုးသားထံကနေကူးစက်ကြောင်းသိရပါတယ်။

နောက်ထပ် ဘိုးဘွားရိပ်သာကနေ ၁၁ ဦး၊ အလုပ်ခွင်ကနေ ၈ ဦး၊ အတူစားသောက်ရာကနေကူးစက်သူ ၇ ဦး၊ အခြားနေရာကနေကူးစက်လာသူ ၂၇ ဦးဖြစ်ပါတယ်။ ဘိုးဘွားရိပ်သာကူးစက်မှုထဲမှာ အသက် ၉၀/၈၀ အရွယ် အမျိုးသမီး ၃ ဦးဖြစ်ပါတယ်။

တိုကျိုမြို့တွင်းကူးစက်မှုနှုန်း ဒီအရေအတွက်ပါထည့်ပေါင်းရင် ၁၈၆၀၇ ဦးရှိနေပါပြီ…
နောက်ထပ်အတည်ပြုချက်အရ အသက် ၅၀ အရွယ်အမျိုးသမီးကူးစက်မှုကြောင့် သေဆုံးကြောင်းထွက်ပေါ်လာပါတယ်။
သွေးတိုးရောဂါရှိထားတယ်လို့လည်း ဆိုပါတယ်။

လက်ရှိအထိ တိုကျိုမြို့တွင်းသေဆုံးသူစုစုပေါင်းကတော့ ၃၄၈ ဦးဖြစ်ပါတယ်….

ဂျပန်ရောက်ရွှေမြန်မာများလည်း ဘေးကင်းကြပါစေ !!!!!

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: