မိသားစု (၅)စု ပိုင်ဆိုင်ထားတဲ့ အမျိုးသားရဲ့ နောက်ကွယ်ကသရုပ်မှန် ?

အိမ်ပြန်ပြီဆိုရင် ကလေးနှစ်ယောက်က စောင့်နေတယ်ဆိုတဲ့ ကလေးတွေကလည်း အရမ်းချစ်တဲ့ ဖခင်တစ်ယောက်။ သူ့ကို Hasagawa san ဆိုပြီးခေါ်ကြပါတယ်။

 

https://nikkan-spa.jp/1689884?cx_clicks_art_mdl=1_img

 

အသက်၄၀ရှိပြီဖြစ်တဲ့ Hasagawa မှာခိုင်မာတဲ့မိသားစုရှိပါတယ်။ဇနီးသည်နဲ့ရန်ဖြစ်စရာအကြောင်းလည်းမရှိသလို၊ ကလေးတွေနဲ့လည်း အဆင်ပြေပါတယ်။
ဖခင်ကောင်းတစ်ယောက်အဖြစ် အလုပ်ကော အိမ်ထောင်ရေး၊ မိသားစုရေး‌ကော တာဝန်ကျေပွန်တဲ့ သူဟာ တစ်ကယ်တမ်း သူ့မှာ မိသားစု ငါးစုရှိတယ်လို့ဆိုပါတယ်။

မိသားစု ငါးစုမှာ ဇနီးသည် အသီးသီးရှိပြီး ဂျပန်မှာက တစ်လင်တစ်မယားစနစ်ဖြစ်လို့ မိသားစုတစ်စုကလွဲပြီး တရားဝင်ထားပိုင်ခွင့် မရှိပါဘူး။

ဒါပေမယ့် ဇနီးနဲ့မပြေလည်လို့ အခြားမိသားစုတစ်ခုရှိသွားတယ်ဆိုတာမျိုးပဲ ကျွန်တော်ကြားဖူးပါတယ်။
သို့သော် အခုက မိသားစု စုစုပေါင်း (၅) စုရှိပါတယ်။

မစ္စတာ Hasegawa ဟာမယုံနိုင်လောက်အောင်လူကြိုက်များတဲ့ပုဂ္ဂိုလ်လား ?
သို့မဟုတ် ငွေအမြောက်အမြားရှိနေလို့လား ?

မဟုတ်ဘူး။
တစ်ခုမှ မဟုတ်ပါဘူး။

ဆန့်ကျင်ဘက်အနေဖြင့် မစ္စတာ Hasegawa က အိမ်ထောင်စုငါးစုရှိတဲ့ထဲကမှ အိမ်ထောင်စု ၄ စုထံမှ ငွေကိုလက်ခံရရှိတဲ့ သူပါ။

အိမ်ထောင်စုငါးစုလုံးက ဒီအခြေအနေကိုသိပြီး သူ့ကိုလည်း ယုံကြည်ကြပါတယ်။Hasegawa ဟာ အပြင်အလုပ်ပါ လုပ်ပုံရပါတယ်။
အဲဒီ အပြင်စီးပွားရေးလုပ်ငန်းကတော့ “ ဖခင်သရုပ်ဆောင်” ဖြစ်ပါတယ်။

အကြောင်းကတော့ မိခင်တစ်ယောက်တည်းဦးစီးနေရတဲ့အိမ်ဖြစ်တဲ့
ကြင်ဖော်မဲ့ မိခင် မိသားစုတွေအတွက် ဖခင်အဖြစ်နေပေးရတဲ့ လုပ်ငန်းပါ။

ဂျပန်တစ်နိုင်ငံလုံးမှာ Single Mother အနေနဲ့ရပ်တည်နေတဲ့ အိမ်ပေါင်း ၁,၂၃၀,၀၀၀ ရှိတယ်လို့ဆိုပါတယ်။
ထိုသို့သော မိသားစုရဲ့ မိခင်တွေထံမှ တောင်းဆိုချက်တစ်ခုရှိကြောင့် ဒီလိုလုပ်ငန်းဖြစ်ပေါ်လာတာလို့ ဆိုထားပါတယ်။
ကလေးတွေရဲ့ သင်ခန်းစာတင်ဆက်မှုများနှင့်ကျောင်းအစီအစဉ်များကိုတက်ရောက်သောအခါ သူသည် ဖခင်တစ် ဦး အနေဖြင့်ပါ၀င်မည်ဟု ပြောကြားခဲ့ပါတယ်။

ပြီးတော့အနီးနားမိသားစုပတ်၀န်းကျင်ရှိလူများအား ဒီကလေးတွေမှာ ဖခင်ကောင်းတစ်ဦး ရှိကြောင်း ပြလိုသောကြောင့်ဖြစ်တယ်လိုလည်း ဆိုပါတယ်။
မိဘမပြည့်စုံလို့ ကလေးအချို့မှာ အနိုင်ကျင့်ခံရနိုင်တာတွေလည်းရှိပြီး ဒါဟာ မိဘမပြည့်စုံတဲ့သူတွေအတွက်တော့ ကြီးမားတဲ့ပြဿနာပါ။

သို့သော်လည်း ဖခင်အဖြစ် ရုတ်တရက်ပေါ်ထွက်လာသည့် Mr. Hasegawa ကို စစချင်းမှာတော့ ကလေးတွေကလက်မခံပါဘူး။
ဒါ့ကြောင့် အစပိုင်းမှာတော့ သူသည်သူတို့နှင့်ကစားစဉ် သို့မဟုတ် ပန်းခြံသို့သွားစဉ် ကလေးများနှင့် တဖြည်းဖြည်းနီးကပ်လာအောင်ကြိုးစားရပါတယ်။

တစ်ကြိမ်လျှင်ယန်း ၁၀,၀၀၀ မှ ၂၀,၀၀၀ ခန့်ရှိပါတယ်။
ပြီးတော့ သင့်ရဲ့ကလေးနှင့် ဆက်ဆံရေးကောင်းမွန်ပြီး အဆင်ပြေမှုရှိပါက Hasegawa-san ကိုအကူအညီတောင်းလို့ရပါတယ်။

ထိုအခါဖောက်သည်အနေနဲ့မဟုတ်ပဲ၊ မိသားစုအရေအတွက်တိုးများလာပြီး
ရလဒ်ကတော့ သူ့မှာမိသားစုငါးစုရှိလာပါတယ်။

 

ဒါကတော့ Mr. Hasegawa မှ မှတ်ပုံတင်ထားသော ၀ဘ်ဆိုဒ်ဖြစ်ပါတယ်။

ဖခင်များနှင့်မိခင်များအတွက်သရုပ်ဆောင်ခြင်းအပြင် ကျွန်ုပ်တို့သည် အမျိုးမျိုးသောဝန်ဆောင်မှုများကိုလည်းပေးပါတယ်။

၅ နှစ်ကြာဆက်လက်လုပ်ကိုင်နေလျက်ရှိပြီး အခုထိတောင်မှ သူဟာ ကလေးကို လိမ်ထားသလိုမျိုး အပြစ်ရှိတယ်လို့ခံစားနေရတုန်းပဲလို့ဆိုပါတယ်။
ဒါပေမယ့်လည်း Hasegawa ရဲ့နှလုံးသားကို ဖြေသိမ့်ပေးနိုင်တာက အကူအညီတောင်းခံခဲ့တဲ့ မိခင်နဲ့ ကလေးရဲ့ အပြုံးလို့ ဆိုပါတယ်။

ထိုသို့သောဆက်ဆံရေးသည် စစ်မှန်သောမိဘနှင့်ကလေးမဟုတ်သောကြောင့် နောက်ဆုံးမှာတော့ အဆုံးသတ်ရမယ့်အချိန်ကို အမြဲရောက်လာမှာပါ။
ငွေပမာဏကလည်း အတော်လေးကုန်ကျမှာဖြစ်လို့ အမြဲတမ်းတော့တောင်းဆိုနိုင်မှာ မဟုတ်ပါဘူး။
ကလေးက တည်ငြိမ်ပြီး စိတ်အေးရတဲ့အခါ နောက်ထပ်တောင်းဆိုမှုတော့ ပေါ်လာလိမ့်မှာမဟုတ်ဘူးလို့ထင်ရပါတယ်။

ထိုအခါ အမေက ကလေးကို “ဖေဖေက နိုင်ငံရပ်ခြားမှာအလုပ်လုပ်ရမှာမို့လို့ နောက်ပိုင်း မတွေ့ရလောက်တော့ဘူး။” “မေမေတို့ကွာရှင်းပြီးပြီမို့လို့၊ မတွေ့ရတော့ဘူး” အစရှိသဖြင့် အများစုက ဒီလိုပြောပြီး ဖခင်သရုပ်ဆောင်တဲ့လုပ်ငန်းမှ ရပ်နားပုံကို ပြောပြပါတယ်။

ထို့အပြင် ဖောက်သည်ထံမှလည်း Mr. Hasegawa က မည်သူမည်ဝါဖြစ်ကြောင်းလုံးဝမထုတ်ဖော်ထားတာ ကြောင့်၊ သူသည်လက်ထပ်ထားသူဖြစ်ကြောင်းမသိသောကြောင့်၊ ဖောက်သည် ကလေးမိခင်ထံကနေ တကယ့် လင်မယားအဖြစ် နေထိုင်ဖို့ တောင်းဆိုတာတွေလည်း ကြုံဖူးတယ်လို့ဆိုပါတယ်။

ဖခင် အစားထိုးအဖြစ် ကလေးငယ်များရဲ့ ကြီးပြင်းမှုကိုစောင့်ကြည့်ရတဲ့ Hasegawa-san အတွက်လည်း ကလေးများနဲ့ နောက်ဆုံးနှုတ်ဆက်လမ်းခွဲရခြင်းက သူ့အတွက် အလွန်နာကျင်ပြီး ဝမ်းနည်းဖွယ်ရာ ကိစ္စဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးများရဲ့ အခွင့်အရေး တိုးတက်မှုနှင့်အတူ Single Mother အရေအတွက်သည်လည်း ဂျပန်မှာတိုးပွားလျက်ရှိပါတယ်။

ဒီကလေးရဲ့ ဖခင်ကတော့ ဖခင်ကောင်းတစ်ယောက်အဖြစ်နေနေရဲ့လား ? မကောင်းတာလုပ်ပြီး ရှောင်ထွက်သွားတဲ့ လူတစ်ယောက်လားဆိုတာကတော့ တရားစီရင်နိုင်ဖို့ အလွန်ခက်ခဲတဲ့အရာဆိုပေမယ့်  လာမည့်အချိန်အတန်ကြာအထိတော့ ဖခင်သရုပ်ဆောင် ဝယ်လိုအားဆက်လက်မြင့်တက်နေဦးမှာ သေချာပါတယ် !!!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: