ဂိမ်းထဲမှာဇာတိမြို့လေးကိုပြန်အသက်သွင်းခဲ့တဲ့ကောင်လေး !!!!

Miyagi စီရင်စု 気仙沼市(けせんぬまし)Kesennuma မြို့လေးဟာ လူဦးရေကျဆင်းမှုပြဿနာနဲ့ကြုံတွေ့နေရပါတယ်။
ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် သိပ်ပြီးအကျယ်လှတဲ့မြို့လေးဖြစ်တဲ့အတွက် မကြာသေးမီနှစ်များက နေထိုင်သူလူဦးရေလျော့နည်းလာခဲ့ပါတယ်။
အဲ့ဒီနေရာက ၂၀၁၁ ခုနှစ်မှာ ဆူနာမီကြောင့် မြို့မှာရှိသမျှအားလုံးဆွဲချခြင်းခံခဲ့ရတာပါ။

အဲ့ဒီမြို့လေးမှာနေထိုင်တဲ့ အထက်တန်းတတိယနှစ်ကျောင်းသားဖြစ်တဲ့ 畠山(はたけやま)Hatake Yama ဆိုသူနဲ့ 吉城(よししろ)Yoshi Shiro တို့ဟာ ဂိမ်းတစ်ခုတီထွင်ခဲ့တာကြောင့်၊ သူတို့ရဲ့သတင်းဟာလူပြောများတဲ့အကြောင်းအရာတစ်ခုလိုဖြစ်လာပါတော့တယ်။

အထက်တန်းကျောင်းသားဟာ ဒေသဆိုင်ရာပြဿနာဖြေရှင်းမှုယှဉ်ပြိုင်တဲ့ တစ်နိုင်ငံလုံးဆိုင်ရာပြိုင်ပွဲမှာ အမြင့်ဆုံးဆုဖြစ်တဲ့ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဆုကိုလက်ခံရရှိခဲ့ပါတယ်။

သူတို့ဟာအဲ့ဒီဂိမ်းကို ၂၀၁၁ ခုနှစ်၊ သဘာဝဘေးအန္တရာယ်အတွေ့အကြုံကိုအခြေခံပြီး ပြုလုပ်ထားတာပဲဖြစ်ပါတယ်။


https://www.asahi.com/articles/photo/AS20200504002686.html

သူတို့တီထွင်ထားတာက smart phone နဲ့ဆော့ရတဲ့ 気仙沼クエスト Kesennuma Quest လို့ခေါ်တဲ့ ဂိမ်းပဲဖြစ်ပါတယ်။

မြို့ကိုလာလည်တဲ့ ခရီးသွား characters များအဖြစ်သတ်မှတ်ထားတဲ့ ကစားသမားတွေက မြို့ထဲကိုလမ်းပတ်လျှောက်ပြီး ဈေးဝယ်လိုက်၊ မြို့မှာနေထိုင်သူတွေနဲ့ စကားပြောလိုက်လုပ်တဲ့ပုံစံမျိုးပါ။
တကယ်ရှိတဲ့ ဆိုင်နဲ့နေထိုင်သူတွေကိုလည်း ဒီဂိမ်းထဲမှာအများကြီးထည့်ထားတယ်။

https://mumaque.com/setumeisyo.pdf

 

ဂိမ်းဖန်တီးသူ 畠山(はたけやま)Hatake Yama က သူမူလတန်းဒုတိယနှစ်ကျောင်းသားအရွယ်မှာ သူ့အိမ်လည်းပျက်စီးသွားပြီး၊ သူ့မှာရှိတဲ့ဂိမ်းတွေအကုန်လုံးကိုဆုံးရှုံးလိုက်ရပါတယ်။
အဲ့ဒီမကျေနပ်မှုတွေက အထက်တန်းကျောင်းသားဘဝရောက်လာတဲ့အခါ ကိုယ်တိုင်ဂိမ်းတီထွင်သူတစ်ယောက်ဖြစ်စေပါ‌တော့တယ်။

အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်လာတဲ့အခါ၊ သူ့ရဲ့ဇာတိမြို့လေးဖြစ်တဲ့ 気仙沼 Kesennuma ဟာခြောက်ကပ်ပြီးအထီးကျန်ဖို့ကောင်းတာကို သတိပြုမိလာတယ်။
ယာယီပျော်ပွဲရွှင်ပွဲလုပ်တာမဟုတ်ဘဲ၊ အချိန်အကြာကြီး 気仙沼 Kesennuma မြို့လေးကိုစိတ်ဝင်စားတဲ့လူတွေများလာဖို့ ဘာလုပ်ရင်ကောင်းမလဲ?

“ မြို့သူမြို့သားတွေရဲ့မျက်နှာကို မြင်ရတဲ့ဂိမ်းပုံစံလုပ်ပြီး၊ 気仙沼 Kesennuma ကနေ မြို့ကြီးပြကြီးတွေကိုထွက်ခွာသွားတဲ့လူတွေ ပြန်လာချင်အောင်လုပ်ရအောင်”

အဲ့ဒီလိုတွေးတဲ့ 畠山 Hatake Yama ဟာ ၂၀၁၈ ခုနှစ်မှာဂိမ်းကိုစတီထွင်ခဲ့ပါတယ်။
တစ်ယောက်တည်းဆိုရင်တော့ ကိုယ် idea ရသလောက်ပဲလုပ်နိုင်လိမ့်မယ်လို့တွေးပြီး၊ သူ့လိုပဲဂိမ်းအကြိုက်တူတဲ့ နှစ်တူကျောင်းသား 吉城(よししろ)Yoshi Shiro ကို Test player အဖြစ်ခေါ်ပြီး၊ သူလုပ်ထားတဲ့ဂိမ်းကို ကစားခိုင်းတယ်၊ ပြီးတော့ နောက်ထပ်idea တွေကိုလည်းတောင်းပြီး၊ ပိုပြီးကောင်းသထက်ကောင်းအောင်လုပ်ခဲ့ပါတယ်။


https://numaque.com/setumeisyo.pdf

気仙沼クエスト Kesennuma Quest ဆိုတဲ့ဂိမ်းဟာ အားလုံးရဲ့ထင်မြင်ချက်တွေကိုရယူပြီး ပိုပြီးကောင်းလာစေဖို့ရန်အတွက်၊ အကြံဉာဏ်တွေကိုလည်း တောင်းခံပါတယ်။

https://www.numaque.com

နည်းပညာသင်ကျောင်းသားအနေနဲ့ 気仙沼 Kesennuma ကိုသွားဖူးတဲ့သူရှိမလား?
မရှိဘူးဆိုရင်တော့ သေချာပေါက်ဒီဂိမ်းလေးကိုဆော့ပြီး 気仙沼 Kesennuma ကိုမြင်ယောင်ကြည့်နိုင်ပါတယ်။

ဇာတိရပ်ရွာကိုချစ်တဲ့ကောင်းလေးဟာ၊ သူအရမ်းကြိုက်တဲ့ဂိမ်းနဲ့အတူ မြို့ကိုပြန်ပြီးစည်ကားအောင်လုပ်မယ်ဆိုပြီးတွေးထားတာဖြစ်ပါတယ်။
တစ်ခြား‌ဒေသတွေမှာလည်း ဒီလိုမျိုးလှုပ်ရှားမှုတွေရှိမယ်ဆိုရင်ကောင်းမယ်နော်…

 

Kengo  Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: