Stay Home မှာ ဘာတွေလုပ်နေကြသလဲ?

Coronavirus ကြောင့် နိုင်ငံတိုင်းက အစိုးရတွေတိုင်းဟာ ပြည်သူတွေကို တတ်နိုင်သမျှ အိမ်မှာပဲနေဖို့ တောင်းဆိုချက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေထုတ်ထားတာ အားလုံးပဲသိပြီးသား ဖြစ်မှာပါနော်။

ဒီကူးစက်ပြန့်ပွားမှုကို ရပ်တန့်နိုင်ဖို့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကျော်ကြားသူတွေဟာလည်း အိမ်မှာပဲနေဖို့ အမျိုးမျိုး တိုက်တွန်းနှိုးဆော်လျက်ရှိပါတယ်။
ဒါပေမယ့် အပြင်ထွက်ရတာကြိုက်တဲ့သူတွေအတွက်ကတော့ အိမ်မှာချည်းနေဖို့ဆိုတာ တော်တော်ကို ပျင်းဖို့ကောင်းတဲ့ အရာပါ။

ဒီလိုငြီးငွေ့နေတဲ့သူတွေအတွက် အခုဂျပန်မှာခေတ်စားနေတဲ့ အိမ်မှာအချိန်ကို ဘယ်လိုအသုံးချကုန်ဆုံးရမလဲ ဆိုတဲ့ နည်းလမ်းတွေကိုမျှဝေပေးလိုက်ပါတယ်‌နော်။ပထမဆုံးအနေနဲ့ကတော့ အိမ်မှာ သေလောက်အောင်ပျင်းနေတဲ့ သင့်အတွက် အိမ်မှာရှိနေစဉ် အချိန်ကို ဘယ်လိုအကျိုးရှိရှိအသုံးချမလဲဆိုတာ ကို အရင်ဆုံးသိဖို့လိုမယ်လို့ ထင်ပါတယ်။

 

1. လသာဆောင်ကို ကဖေး လုပ်မယ် !?

လှပတဲ့ ကော်ဖီဆိုင်လေးမှာထိုင်ပြီး အရသာရှိတဲ့ ကော်ဖီလေးကိုမှသောက်ချင်နေမိတယ် ! !ဒီလိုသာဆိုရင်တော့ အိမ်ရဲ့လသာဆောင်ကို ကဖေးအဖြစ် ပြင်ဆင်ကြည့်မယ်ဆိုရင်‌ ဘယ်လိုလဲ?လသာဆောင် (လသာဆောင်မရှိပါက အိမ်ခြံဝန်း) မှာ စားပွဲခုံလေးရယ်၊ ကုလားထိုင်လေးရယ် ပြင်ဆင်ပြီး ကော်ဖီမွှေးမွှေးလေးနဲ့ အတူ သရေစာ မုန့်လေးပြုလုပ်ပြီး ပြင်ဆင်လိုက်မယ်ဆိုရင် . .

.https://www.instagram.com/p/B-1Dqw4gixD/

ဒီလိုလှပတဲ့ ကဖေးလေးဖြစ်လာနိုင်ပါတယ်။

သာယာတဲ့နေ့လေးတစ်နေ့မှာ အနားယူရင်း ကော်ဖီလေးသောက်ကာ ငြိမ့်နေပြီး အချိန်ကို ကုန်ဆုံးစေမယ်ဆိုရင် ဘယ်လိုလဲ?
(ရန်ကုန်မှာက အခုတလော မိုးရွာနေတော့ ရာသီဉတုကို စစ်ဆေးပြီးမှ ကာဖေးလေးလုပ်ကြပါနော်။

 

2. ချက်ပြုတ်ရအောင်!

များသောအားဖြင့် အလုပ်များကြပြီး မိမိကိုယ်တိုင် မချက်ပြုတ်တတ်တဲ့သူတွေ အများကြီးရှိမယ်ထင်တယ်နော်။
ဒါကြောင့် အိမ်မှာအချိန်အများကြီးရတဲ့ ဒီလိုအချိန်မျိုးမှာ ချက်ပြုတ်ဖို့ ကြိုးစားကြည့်ပါနော်။

https://imagemore.hpplus.jp/upload/ff5/ff5d8fc4955e614ef81a941f0d5773ee.jpg

ပုံမှန်အားဖြင့် ချက်လေ့မရှိတဲ့ အစားအစာတွေကို Challenge လုပ်ပြီး ချက်ကြည့်ပါနော်။
အခု ဂျပန်မိန်းကလေးတွေ အကြားမှာ ရေပန်းစားနေတဲ့

“ Dalgona ကော်ဖီ” လို့ခေါ်တဲ့ ကော်ဖီမျိုးကို လုပ်ကြည့်တာမျိုးပေါ့။
(မြန်မာမှာလည်း ရေပန်းစားနေတော့ အထူးပြောပြစရာမလိုဘူးထင်ပါတယ်)
Dalgona ဆိုတာက Caramel Candy လို့ အဓိပ္ပါယ်ဖွင့်တဲ့ကိုရီးယားစကားလုံးဖြစ်ပြီး နို့အေးပေါ်မှာ နူးညံ့တဲ့ ကော်ဖီခရင်မ်လေးကိုတင်ထားတဲ့ သောက်စရာပါ။

 

https://images.app.goo.gl/GAVVGuKRAhthu37r8

အသေးစိတ်ပြုလုပ်ပုံကို ဒီ Youtube မှာကြည့်လို့ရပါယ်။

 

လွယ်လွယ်လေးမို့လို့ သေချာပေါက် လုပ်ကြည့်ပါနော်။

 

3. အိမ်မှာ လေ့ကျင့်ခန်းလုပ်ပါ။

အိမ်မှာ နေရင်း စားလိုက်၊ အိပ်လိုက်၊ စားလိုက်၊ အိပ်လိုက် ကြီးပဲလုပ်နေတဲ့ သူတွေ ရှိလား?
ရှိနေပြီဆိုရင်တော့ အလွယ်တကူ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းမျိုးတွေကို လုပ်ကြစို့နော်!

 

https://pixabay.com/ja/photos/%E3%83%A8%E3%82%AC-%E3%83%95%E3%82%A3%E3%83%83%E3%83%88%E3%83%8D%E3%82%B9-%E9%81%8B%E5%8B%95-%E5%81%A5%E5%BA%B7-3053487/

ကျွန်မ အခုတလော စွဲစွဲလမ်းလမ်း ဖြစ်နေတာကတော့ Muscle Watching လို့ ခေါ်တဲ့ Youtube Channel ပါ။

 

https://images.app.goo.gl/NJhhJmWifREXX5AZ9

Fitness မှာ အတွေ့အကြုံရှိတဲ့ ဂျပန်လူမျိုးတစ် ဦးရဲ့ လေ့ကျင့်သူများအတွက် ရိုးရှင်းသောလေ့ကျင့်ခန်းဗီဒီယိုတွေကို တင်ထားပါတယ်။နိုင်ငံရပ်ခြားမှကြည့်ရှုသူပရိသတ်တွေလည်း များစွာရှိပါတယ်။ ဒါ့ကြောင့် ဒီChannel လေးကိုလည်း ဝင်ပြီး ကြည့်ကြည့်ကြပါနော်။

MuscleWatching YouTube link: https://www.youtube.com/channel/UCb4-om3UY151Hu1uCR8Q19Q

 

4. ကိုယ့်ရဲ့စွမ်းရည်ကို တိုးတက်အောင်လုပ်ပါ။

 

အားလပ်ချိန်တွေရှိနေတဲ့ အတွက်ကြောင့် အခုချိန်ထိ လုပ်ချင်ပေမယ့် မလုပ်ဖြစ်သေးတဲ့ အရာတွေကို သင်ယူလေ့လာကြည့်မယ်ဆိုရင်‌ကော?
အလုပ်မှာ စကေးလ် တက်ဖို့အတွက် နိုင်ငံခြားဘာသာစကားတို့ ကွန်ပြူတာစွမ်းရည်တို့ကို သင်ယူဖို့ အချိန်ကောင်းလည်းဖြစ်ပါယ်။

https://images.app.goo.gl/9CgrpTWHuMmaDH8A6

စာပေနဲ့ပဲပတ်သတ်တာတွေပဲမဟုတ်ပဲ၊ ဝါသနာပါတဲ့ ဂစ်တာ၊ သီချင်းဆိုလေ့ကျင့်တာတွေလိုမျိုးလည်း လေ့လာလို့ရတဲ့ အခါကောင်းပါ။ကျွန်မကတော့ ဒီဇိုင်းကို စိတ်ဝင်စားလို့ ဒီဇိုင်းနဲ့ ပတ်သတ်တာတွေကို လေ့လာမယ်လို့ စဉ်းစားထားပါတယ်။

 

5. အွန်လိုင်း ပါတီပွဲ

 

သူငယ်ချင်းနဲ့ စကားပြောရင်း အပျော်ကြီး ပျော်ကာ သောက်ချင်ပါတယ် ဆိုတဲ့ သူတွေလည်း ရှိမှာပါနော်။ ဒီလို ပျော်ချင်တဲ့ သူတွေအတွက် အကြံပေးချင်တာကတော့ ဂျပန်လူငယ်တွေအကြား ပြုလုပ်လေ့ရှိတဲ့ အွန်လိုင်း ပါတီပွဲပါ !

Zoom တို့ Messenger တို့ အစရှိတဲ့ App တွေအသုံးပြုပြီး ဘယ်လောက်ဝေးနေပါစေ အပြင်မှာ စကားပြောသလိုမျိုးပဲ ခံစားရစေမှာပါ။အလွန် အကျွံတော့ မသောက်မိစေနဲ့ပေါ့နော်။ဘယ်လိုလဲ? လုပ်ကြည့်ချင်တာလေးများ တွေ့သွားပြီလား?

ဘယ်လိုပဲဖြစ်ဖြစ် အိမ်မှာရှိနေတုန်း ‌ပျော်စရာကောင်းပြီး အပြုသဘောဆောင်တဲ့ အချိန်တွေနဲ့ ပဲ အားလုံးက ကုန်ဆုံးချင်ကြမှာ အသေအချာပါပဲ။

အားလုံးပဲ ပျော်ပျော်ကြီး Stay Home ကြစို့နော် !

 

Yuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: