မေမေချစ်တဲ့သားတွေပိုပြီးများလာတဲ့ မျက်မှောက်ခေတ်ဂျပန်နိုင်ငံ !!! ချစ်သူကောင်လေးက ဒီလိုပုံစံဆိုရင်ရွေးချယ်နိုင်ပါ့မလား?

ကလေးတွေကအရွယ်ရောက်လာတဲ့အခါ မိဘတွေဆီကနေထွက်ခွာပြီး မိမိခြေထောက်ပေါ်မိမိရပ်တည်ရမှာဖြစ်ပါတယ်။

အထူးသဖြင့် သားယောက်ျားလေးတွေက မိခင်ဆီကနေကိုယ်ပိုင်အုပ်ချုပ်ခွင့် လွတ်လပ်ခွင့်တွေလိုချင်လာတာ သဘာဝပါပဲ။ ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ အချိန်တိုင်းမိခင်ဆီမှာပဲမှီခိုချင်နေတဲ့ ကလေးတွေများလာတာ တွေ့နေရပါတယ်။ အဆင်ရောပြေရဲ့ လား? ဂျပန်နိုင်ငံမှာတော့

 

ကလေးတွေက မွေးပြီးတဲ့အချိန်ကနေ မိခင်ရဲ့ ကျွေးမွေးမှု ပြုစုယုယမှုတွေလိုအပ်ပြီး  မိခင်နဲ့ကင်းကွာလို့မရပါဘူး။ ဒါကိုတော့ လူသားတစ်ဦးအနေနဲ့စဥ်းစားရင် သဘာဝပါပဲ။

 

ဒါပေမဲ့လည်း အလယ်တန်းကျောင်းသားအရွယ်ရောက်လာတဲ့အခါ လူပျိုဖော်ဝင်လာပြီး မိခင်ရဲ့အုပ်ချုပ်လွှမ်းမိုးမှုတွေမှာ စိတ်ကျဥ်းကြပ်လာကာ မိခင်နဲ့စကားများရန်ဖြစ်တဲ့အထိပါ ဖြစ်လာရတယ်နော်။

ဒါကိုလူသားသဘာဝအတိုင်းစဥ်းစားရင် ပုံမုန်ဖြစ်ရိုးဖြစ်စဥ်ကိစ္စပဲဖြစ်ပြီးတော့ မိခင်ရဲ့ သြဇာအာဏာကနေကွဲထွက်ပြီး မိမိခြေထောက်ပေါ်ရပ်တည်ဖို့အတွက် အစပြုလာတာပါ။

မိခင်တွေအတွက်ကတော့ အထီးကျန်ဖို့ကောင်းပေမဲ့၊ မှီခိုမှုကင်းပြီး မိမိကိုယ်ကိုတာဝန်ယူနိုင်သူတစ်ယောက်ဖြစ်လာဖို့ကတော့ ဒီအရာကလိုအပ်ပါတယ်။

 

ဒါပေမဲ့ ဒီရက်ပိုင်းမှာတော့ အချိန်တိုင်းမိခင်နဲ့မခွဲနိုင်တဲ့ ယောက်ျားလေးတွေများလာတာ ကျွန်တော်မြင်နေရပါတယ်။

 

https://news.livedoor.com/article/detail/17860163/

 

ပုံမှာဖော်ပြပေးထားတဲ့ ယောက်ျားလေးတွေကတော့ အသက် ၁၈ နှစ်ရှိပါပြီ။ အမြဲတမ်းမေမေနဲ့ပဲ အပြင်ထွက်ပါတယ်တဲ့။ မေမေချစ်တဲ့သားတွေပေါ့ !!(ရယ်လျက်)

အင်……. နည်းနည်းတော့ ကြည့်ရတာအဆင်မပြေဖြစ်နေပေမဲ့၊ ဒီအတိုင်းသာဆိုရင်နည်းနည်းတော့ ကလေးဆန်နေသေးတယ်နော် !!!

ဒါဆို ဒီလူဆိုရင်ရော ဘယ်လိုလဲ?

 

https://news.livedoor.com/article/detail/17860163/

 

သူကတော့ ဂျပန်နိုင်ငံရဲ့ နံပါတ်တက္ကသိုလ်ဖြစ်တဲ့ တိုကျိုတက္ကသိုလ်ကနေ ဘွဲ့ရထားပြီး လက်ရှိမှာတော့ အသက် ၃၃ နှစ်ဖြစ်ပါတယ်။ ဒီအသက်အရွယ်အထိရှိပြီးဖြစ်တာတောင် မေမေနဲ့အတူတူ ရေချိုးကန်ထဲမှာ ရေစိမ်ပါတယ်တဲ့။

အတူတူရေစိမ်ဖြစ်တာကတော့ အနားယူတာမျိုးလည်းဖြစ်ပြီးတော့ အေးအေးဆေးဆေးလည်းစကားပြောနိုင်လိုပါတဲ့။

ဝတ်တဲ့အဝတ်အစားတွေကအစ အားလုံးမိခင်ကပဲရွေးချယ်ပေးရပါတယ်တဲ့။

နည်းနည်းလေးတော့ များနေပြီလို့ပြောရမယ်နော်။ (ရယ်လျက်) !!

နောက်ဆုံးပိုပြီးဆိုးဆိုးပြောရရင်တော့

ဂျပန်နိုင်ငံမှာ တရားဝင်ခွင့်ပြုပေးထားတဲ့ လိင်ပိုင်းဆိုင်ရာ café လိုဆိုင်ရှိပါတယ်။ အဲ့ဒီနေရာကို မိခင်နဲ့အတူသွားခဲ့တဲ့ ယောက်ျားလေးတစ်ယောက်လည်း ရှိတယ်တဲ့။ အကြောင်းကတော့ မိခင်က မိန်ကလေးရွေးချယ်ပေးဖို့နဲ့ အတူစကားပြောစေဖို့အတွက်ပဲဖြစ်ပါတယ်။

 

“ချစ်သူမိန်းကလေးမရှိသေးတဲ့သားကို နည်းနည်းလောက်ယုံကြည်မှုတွေရှိစေချင်တယ်”

လို့ မိခင်ဖြစ်သူက သားကိုအဖော်ပြုပေးမယ့် မိန်းကလေးဆိုင်ဝန်ထမ်းကို ပြောခဲ့ပါတယ်။

 

မိခင်ကိုယ်တိုင်က သီးသန့်အခန်းထဲအထိလိုက်ပြီး၊ အိပ်ယာထဲမှာအသင့်အနေအထားဖြစ်နေတဲ့သားရဲ့ ဘေးကနေ

“အဆင်ပြေရဲ့လား? ပျော်ရဲ့လား? ကြိုးစားထား! ”

 

လို့ အားပေးပြီးတော့ မိန်းကလေးရဲ့ဝန်ဆောင်မှုပြီးသွားတဲ့အခါမှာ

“ကောင်းကောင်းကြိုးစားခဲ့တာပဲ ! “

လို့ပြောပြီး သားကိုဖက်လိုက်ပြီးတော့မှ ၂ ယောက်သားငိုခဲ့ကြပါတယ်တဲ့။

စိတ်ဖောက်ပြန်နေကြသလားလို့ ပြောရုံကလွှဲပြီးမရှိတော့ပါဘူးနော်….(ရယ်လျက်)

 

မျက်မှောက်ခေတ် ဂျပန်နိုင်ငံမှာ စီးပွားရေးဟာရပ်တန့်နေပါတယ်။

စီးပွားရေးပိတ်ဆို့မှုကလည်း ကလေးတွေရဲ့ စိတ်ခံစားမှုတွေမှာ သက်ရောက်မှုတွေဖြစ်ပြီး၊ ကလေးကိုပြုစုပျိုးထောင်ဖို့အတွက် ပတ်ဝန်းကျင်ကောင်းဆိုတာ ပျောက်ဆုံးသွားပါတယ်။ ဒါကြောင့်မိဘတွေက ကလေးတွေကိုအကောင်းဆုံး ထိန်းသိမ်းရမယ်ဆိုတာ သိနေပေမဲ့၊ ဒီလိုပုံစံကတော့ အရမ်းကိုလွန်လွန်ကဲကဲ ထိန်းသိမ်းချုပ်ချယ်နေသလိုပဲနော်..?

အကယ်၍ မိခင်ကသေဆုံးသွားမယ်ဆို သားကဘယ်လိုအသက်ရှင်ရပ်တည်သွားတော့မလဲ?

 

မိခင်ကိုပုံကန်မှုတွေမလုပ်တဲ့ကလေးက အသက်တွေကြီးသွားလည်း လိမ္မာတဲ့ကလေးတစ်ယောက်ပဲဖြစ်မယ်နော်?

ဒါကြောင့်လည်း အမြဲတမ်းကလေးတစ်ယောက်လိုပဲဆက်ဆံရပါမယ်။

သားကမိခင်ကိုပဲအားကိုးနေတာမဟုတ် မိခင်ကလည်း သားအပေါ်မှီခိုအားကိုးနေရတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။

 

သားသမီးတွေအတွက် စိတ်ပူတယ်ဆိုတာကို နားလည်ပေမဲ့၊ ကလေးတွေရဲ့ အသက်ရှင်ရပ်တည်မှုက ကလေးတွေကိုယ်တိုင် သင်ယူလေ့လာရမယ့်အရာ ဖြစ်ပါတယ်။

မိခင်ဖြစ်သူကနေရာတိုင်းမှာ စိုးရိမ်စိတ်နဲ့ဝင်ပါတာက ကောင်းပေမဲ့ အလွန်အကျွံဖြစ်သွားတဲ့အခါ ကလေးကိုပြုစုပျိုးထောင်တာနဲ့မတူတော့ဘူး မဟုတ်လား?

 

စာဖတ်သူတို့ရဲ့ ချစ်သူကောင်လေးဖြစ်ဖြစ်၊ သူငယ်ချင်းပဲဖြစ်ဖြစ် သူကရောအဲ့ဒီလိုပုံစံမျိုးသာဆိုရင် ဘယ်လိုလုပ်ဖို့စဥ်းစားထားပါသလဲ? !!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: