တိုကျိုမြို့ရဲ့တန်ဖိုးကြီးတိုက်ခန်းတွေက ဘယ်လိုမျိုးလဲ?

တိုကျိုမြို့ရဲ့ တိုက်ခန်းတွေကိုပိုင်ဆိုင်ချင်ကြတာက ဂျပန်လူမျိုးတွေတင်မကဘဲ နိုင်ငံခြားသားတွေကလည်း အိမ်မက်တစ်ခုလို ပိုင်ဆိုင်ချင်တဲ့သူတွေများပါတယ်။

ယန်း သိန်း ၁၀၀၀ ကျော်တဲ့ တိုက်ခန်းတွေဆိုရင် နာမည်ကြီးပြီး ဇိမ်ခံတိုက်ခန်းတွေကပိုများလာတာကြောင့် သိန်း ၁၀၀၀ ကျော်ကွန်ဒိုကြီးတွေက ၁၀ ရာခိုင်နှုန်းလောက်ရှိတာက တော်တော်လေးကိုများတဲ့ပမာဏဖြစ်ပါတယ်။

အဲ့ဒီထဲမှာ တကယ့်တန်ဖိုးကြီးတိုက်ခန်းကြီးတွေဆိုရင် ယန်းသိန်းပေါင်း ၄၀၀၀ တန်တွေလည်းရှိပါတယ်။

ဒီတိုက်ခန်းတွေဆိုရင်တော့ အားလုံးပေါင်း ၀.၁၅ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။

တချို့အနုပညာရှင်တွေပဲ နေနိုင်လောက်မယ့် နေရာမျိုးဖြစ်ပါတယ်။

 

ဒီလိုတိုက်ခန်းတွေက ဘယ်လိုပုံစံမျိုးလဲ?

နောက်ပြီး ဒီလိုတိုက်ခန်းတွေက တကယ်တော့ဝယ်ဖို့အလွယ်ဆုံးတိုက်ခန်းတွေဆိုတာကိုရော သိပါသလား?

အရင်ဆုံး နှစ်လိုဖွယ်ကောင်းတဲ့ အဆောက်အဦကြီးကိုကြည့်လိုက်ကြရအောင်။

高輪(たかなわ) Takanawa The Residence

ပတ်ဝန်းကျင်နဲ့ ကွာခြားနေလောက်အောင် ကြီးမားတဲ့အဆောက်အဦကြီးဖြစ်ပါတယ်။

အဆောင်အဦအတွင်း အခန်းတစ်ခန်းရဲ့ဖွဲ့စည်းပုံကတော့ ဒီလိုပုံစံမျိုးပါ။

https://kawlu.com/journal/2017/06/26/37340/

ဘာမှန်းမသိလောက်အောင် တံခါးတွေအများကြီးရှိပေမယ့် အဲ့ဒီတံခါးသေးသးလေးတွေက ဗီဒိုတံခါးတွေဖြစ်ပါတယ်။

အဝတ်အစားတွေဘယ်လောက်တောင် ဝယ်ရမလဲမသိဘူး။

ဧည့်ခန်းထမင်းစားခန်းမှာ ၃၀.၂ လို့ရေးထားတာက ဂျပန်ရိုးရာဖျာ ဆန့်တဲ့အရေအတွက်ဖြစ်ပါတယ်။

တစ်ချက်ကို 1.65562㎡ ဆိုတော့ ….

ဒါဆို ဧည့်ခန်းထမင်းစားခန်းတစ်ခုတည်းနဲ့တင် ဖျာ ၃၀ချပ်ခွဲ ဆိုတော့ 50㎡ လောက်ရှိပါတယ်။

စကားမစပ် စတူရီယိုခန်းတွေတော်တော်များများမှာတောင် ဖျာ ၆ ချပ်လောက်ပဲခင်းလို့ရတာဆိုတော့ ဧည့်ခန်းတစ်ခန်းတည်းနဲ့တင် ၅ ဆလောက်တောင်ကျယ်တာပေါ့နော်။

 

虎ノ門(とらのもん)Hills Residence

https://kawlu.com/journal/2017/06/26/37340/

ဖွဲ့စည်းပုံကိုကြည့်လိုက်ရင် ခုနကထက် ကျဥ်းတယ်ဆိုတာကိုသိနိုင်ပါတယ်။ အကျယ်ကတော့ 84.9㎡ လောက်ပဲရှိပါတယ်။

ခုနကထက် တိုက်ခန်းအဆောက်အဦနေရာက ပိုကောင်းပါတယ်။

ဒီတိုက်ခန်းကတော့ တစ်ခန်းကို ယန်းသိန်းပေါင်း ၄၁၈၀ လောက်ရှိပါတယ်။

စကားမစပ် ဧည့်ကြိုကောင်တာက ဒီလိုပုံစံမျိုးပါ။

https://kawlu.com/journal/2017/06/26/37340/

 

中目黒(なかめぐろ)Atlas Tower

https://kawlu.com/journal/2017/06/26/37340/

 

ဆာကူရာပန်းတွေဝေဆာနေတဲ့ နာမည်ကြီးတဲ့ Nagameguro ဆိုတဲ့နေရာလေးမှာဖြစ်ပါတယ်။

ပန်းပွင့်တဲ့ရာသီမှာဆိုရင် ဧည်ကြိုကောင်တာကနေ အရမ်းလှတဲ့ရှု့ခင်းတွေကိုတွေ့နိုင်ပါတယ်။

ဒီတိုက်ခန်းက 163.7㎡ အကျယ်ကို ယန်း သိန်း ၄၂၀ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံကို ဒီမှာကြည့်လိုက်ပါ။

ဒီလိုပုံစံတိုက်ခန်းမျိုး တိုကျိုမြို့မှာရှိပါတယ်။

တိုကျိုနဲ့နည်းနည်းဝေးမယ်ဆိုရင် 200㎡ ကျော်ကို ဒီလိုတိုက်ခန်းမျိုးဆိုရင် ယန်း သိန်း ၄၀၀၀ လောက်ရှိပါတယ်။

https://kawlu.com/journal/2017/06/26/37340/

ဒီလိုတိုက်ခန်းမျိုးက ဆုံးဖြတ်ရခက်တဲ့နေရာမျိုးဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ် ၃၀ လောက်ကတည်း ယန်း သိန်း ၁,၀၀၀ ကျော်လောက် တန်ဖိုးကြီးတိုက်ခန်းတွေရှိခဲ့တယ်ဆိုပေမယ့် ခုလက်ရှိဆိုရင်တော့ ယန်း သိန်း ၂,၀၀၀ လောက်ရှိပါတယ်။

နှစ် ၃၀ လောက်အလကားနေပြီး သိန်း ၁၀၀၀ တောင်မြတ်နိုင်တယ်နော်။

ဘာကြောင့်ဈေးကြီးလာရလဲဆိုတာကတော့ ဒီလိုတန်ဖိုးကြီးတိုက်ခန်းတွေ နည်းပါးလာလို့ဖြစ်ပါတယ်။

ဒါဆိုရင် ဒီလိုအိမ်ကြီးမျိုးကို ဝယ်တဲ့သူမရှိဘူးဆိုရင် ဒုက္ခရောက်နေမှာပဲနော်။

ယန်းသိန်း ၁၀,၀၀၀ ကျော်တိုက်ခန်းတွေဆိုရင် ဒီအချိန်မှာဈေးကြီးလွန်းတာကြောင့် အဆောက်အဦကိုဖြိုချပြီး မြေချည်းသက်သက်ရောင်းရတာကြောင့် အရှုံးပေါ်ခဲ့ပါတယ်။

တိုက်ခန်းက ဘူတာနဲ့နီးရင် ပိုပြီးရောင်းရလွယ်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

နောက်ပြီး တိုက်ခန်းတွေမှာ နေထိုင်တဲ့သူတွေအားလုံးပေါင်းပြီး သုံးရတာမျိုးတွေလည်းရှိပေမယ့် သပ်သပ်ရပ်ရပ်သုံးတဲ့သူတွေကများပြီး သန့်သန့်ရှင်းရှင်း အသုံးပြုကြပါတယ်။

အမှိုက်ပစ်ချတာတွေလည်း သိပ်မရှိပါဘူး။

အုပ်ချုပ်ရေးပိုင်းကလည်း အဆင့်မြင့်ပြီး စီမံခန့်ခွဲတဲ့ကုမ္ပဏီက ပြုပြင်ထိန်းသိမ်းမှုတွေပြုလုပ်ပေးတာကြောင့် တန်ဖိုးလျှော့ချဖို့ခက်နေတာဖြစ်ပါတယ်။

ဒီလိုဆိုရင်တော့ ပိုက်ဆံချမ်းသာတဲ့သူတွေအတွက် အမြတ်ပိုရမှာပေါ့နော်။

စာဖတ်သူတို့ရော ပိုက်ဆံရှိလာရင် ဒီလိုတိုက်ခန်းမျိုးမလိုချင်ကြဘူးလား?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: