(SNS) လူမှုကွန်ယက်စနစ်သုံးလို့ အလုပ်မရဘူး ?

တက္ကသိုလ်ကျောင်းသားတစ်ယောက် အလုပ်အင်တာဗျူးဖြေရာမှာ ကုမ္ပဏီကအခုလိုမေးခွန်းမေးခဲ့ပါတယ်။ “SNS တွေ ဘာတွေ သုံးလား ?”“Twitter တော့နည်းနည်းသုံးပါတယ်” လို့ဖြေခဲ့မိသောကြောင့် အလုပ်မရခဲ့ပုံပေါ်ပါတယ်။

http://blog.livedoor.jp/dqnplus/archives/1991277.html

SNS သုံးတဲ့သူဟာ ကုမ္ပဏီရဲ့ မကောင်းတဲ့သတင်းနှင့်အချက်အလက်များကို ဖြန့်‌‌‌‌‌‌‌‌‌‌ဝေနိုင်သောကြောင့် အလုပ်မခန့်ကြပါဘူး။

ဒီကိစ္စကို ကုမ္ပဏီစည်းမျဉ်းများဖြင့်လည်း တားမြစ်ထားတယ်လို့ဆိုပါတယ်။

 

သေချာတာကတော့ လွန်ခဲ့သော နှစ်အနည်းငယ်က ဂျပန်တွင် အဖြစ်မရှိတဲ့လူမိုက်တွေဟာ တွစ်တာမှာ မကောင်းတဲ့ပို့စ်တွေတင်ပြီးတဲ့နောက် ခေါင်းပူစရာဖြစ်လာပါတယ်။

ရလဒ်အနေနှင့် သူတို့အလုပ်လုပ်ခဲ့သောကုမ္ပဏီတွင် ကြီးမားသောထိခိုက်ပျက်စီးမှုကိုခံစားခဲ့ရပါတယ်။

 

ဒါပေမဲ့ အခုခေတ်တွင် SNS လုံးဝမသုံးတဲ့ လူငယ်ဆိုတာ သိပ်ကိုနည်းမှာသေချာပါတယ်။

ထို့အပြင် SNS ကိုကောင်းစွာအသုံးချမည်ဆိုပါက ကုမ္ပဏီ၏အနာဂတ်အတွက် အကျိုးရှိစေမယ်လို့ ထင်ပါတယ်။

 

ဒီလိုကုမ္ပဏီမျိုးက အရမ်းရှားတယ်လို့ထင်ပါတယ်။ ဒါပေမယ့်ဂျပန်ကုမ္ပဏီတွေက ယေဘုယျအားဖြင့်  SNS ကို ကြောက်ကြပုံရပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: