ပုပ်ရဟန်းမင်းကြီး Francis ဝတ်ဆင်ခဲ့တဲ့ ‘Anime’ ကုတ်အင်္ကျီ

ပြီးခဲ့တဲ့ ၂၃ ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီး Francis ဟာ ဂျပန်နိုင်ငံကိုရောက်လာခဲ့ပါတယ်။

ရောက်လာခဲ့ပြီးနောက် တနင်္လာနေ့မှာတော့ တိုကျိုစိန့်မယ်ရီကက်သလစ်ဘုရားကျောင်းရဲ့ လူငယ်အစည်းအဝေးကို သွားရောက်ခဲ့ပါတယ်။

အဲ့ဒီကို သွားရောက်တဲ့အခါမှာ ပုပ်ရဟန်းမင်းကြီး Francis ဟာ ဂျပန်ရိုးရာကုတ်အင်္ကျီတစ်ထည်ကို လက်ဆောင်အနေနဲ့ လက်ခံရရှိခဲ့ပါတယ်။

 

https://assets.nextshark.com/wp-content/uploads/2019/11/POPE_FRANCIS_JAPAN_2-e1574786386745.jpg

ဒီလက်ဆောင် အင်္ကျီကတော့ ရိုးရိုးသာမာန်ရိုးရာအင်္ကျီမဟုတ်ဘဲ ထူးခြားတဲ့ကုတ်အင်္ကျီတစ်ထည်ဖြစ်ခဲ့ပါတယ်။

ဒီအင်္ကျီရဲ့အရောင်က အပြာရောင်နဲ့ ပန်းရောင် စပ်ထားပြီး ဒါကို “happi” လို့ခေါ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ ဆာကူရာပန်းလေးတွေပါ ပါပါတယ်။ ဒါ့အပြင်ပုပ်ရဟန်းမင်းကြီးပုံနဲ့ ကြိုဆိုနေကြတဲ့ပုံတွေလည်း ပါပါတယ်။

https://assets.nextshark.com/wp-content/uploads/2019/11/POPE_FRANCIS_JAPAN_1-e1574786211214.jpg

ကျေးဇူးတင်ပါတယ်“ ၊ ” အတူတူဝတ်ပြုကြမယ်” ၊” ငြိမ်သက်ခြင်းရှိပါစေ” ၊” ဒုက္ခရောက်နေသူတွေကို ဖေးမနိုင်ဖို့မျှော်လင့်ပါတယ်” ၊” ပုပ်ရဟန်းမင်းရှိအဖြစ်ရှိနေပေးလို့ ဝမ်းသာပါတယ်” ဆိုတဲ့အဓိပ္ပာယ်နဲ့စာသားတွေကိုတောင် ရေးထားပါသေးတယ်။

အင်္ကျီလေးက ကာတွန်းပုံစံအင်္ကျီဖြစ်နေပေမယ့် အသက် ၈၂ နှစ်အရွယ်ပုပ်ရဟန်းမင်းကြီးက လက်ခံပေးခဲ့တာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ Nov 23 မှာရောက်ရှိလာခဲ့ပြီး စိန့်မယ်ရီဘုရားကျောင်းအပြင် ဗုံးပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့တဲ့ ဟိရိုရှိမားနဲ့ နဂစခိ ခရိုင် ကိုလည်းသွားရောက်ခဲ့ပါသေးတယ်။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: