ဂျပန်ဘာသာစကားရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ 擬態語(ぎたいご)Gitaigo

ဂျပန်ဘာသာစကားမှာ အနည်းငယ်ကွာခြားတဲ့စကားလုံးလေးတွေရှိပါတယ်။

ဥပမာ ခွေးဟောင်းသံကို ဂျပန်ဘာသာစကားမှာဆိုရင် “わんわん” ဝမ်ဝမ် လို့ပြောပါတယ်။

မြန်မာမှာဆိုရင်တော့ ခွေးဟောင်သံကို ဝုတ်ဝုတ်လို့ ပြောကြတာကြောင့် ဒီမှာအသံထွက်က နည်းနည်းကွာခြားနေတယ်နော်။

ဒီလိုအသံထွက်ကို တုပရင်းဖြစ်ပေါ်လာတဲ့ စကားလုံးတွေကို ဂျပန်ဘာသာစကားနဲ့ 擬声語(ぎせいご)giseigo လို့ခေါ်ပါတယ်။

 

နောက်ပြီး ဒီလိုစကားလုံးတွေလည်းရှိပါသေးတယ်။

ガチャン(gachan) 、ドシン(doshin) 、ゴロゴロ (gorogoro)

ဒီစကားလုံးတွေကိုတော့ ဂျပန်စာသင်နေတဲ့သူတွေသိတဲ့ 擬音語(ぎおんご)giongo  လို့ခေါ်ပြီး ဒါကလည်း အသံကြောင့်ဖြစ်ပေါ်လာတဲ့စကားလုံးတွေပါပဲ။

ဒီအထိဆိုရင်တော့ နည်းနည်းရှုပ်ထွေးနေကြလိမ့်မယ်လို့ထင်ပါတယ်။

 

ふんわり(funwari) 、うっとり(uttori) 、ずきずき(zukizuki) 、しんみり(shinmiri) 、いらいら(iraira)

ဒီစကားလုံးတွေကိုတော့ 擬態語(ぎたいご)gitaigo လို့ခေါ်ပါတယ်။

အသေးစိတ်ခွဲခြားကြည့်ရမယ်ဆိုရင် နည်းနည်းတော့ခွဲတတ်ပေမယ့် ဒါတွေအားလုံးကို gitaigo အနေနဲ့မှတ်ထားပါ။

 

တိရိစ္ဆာန်တွေရဲ့အသံတွေကို တုပထားတဲ့အသံဆိုပေမယ့်လည်း တစ်ခုခုကို တုပရင်းနဲ့ ထွက်ပေါ်လာတဲ့ အသံထွက်အသုံးနှုန်းတင်မဟုတ်ပါဘူး။ပုံသဏ္ဍာန်နဲ့ လှုပ်ရှားမှု၊ ပတ်ဝန်းကျင်ကြောင့် ထွက်ပေါ်လာတဲ့ တုပသံစကားလုံးအသုံးနှုန်းတွေရှိပါသေးတယ်။

ဒီလိုစကားလုံးတွေ ဂျပန်ဘာသာစကားမှာ တော်တော်များတာကြောင့် ဘာသာပြန်တဲ့သူတွေတောင် တွေဝေတတ်ကြတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။

 

Gitaigo ရဲ့အသုံးနှုန်းအနည်းငယ်ကို မိတ်ဆက်ပေးမယ်နော်။

 

雪がふわふわ降っている

(ゆきが ふわふわ ふっている)

နှင်းတွေတဖွဲဖွဲကျနေတယ်

https://tabizine.jp/2014/01/26/4529/

ပျော့ပြောင်းတဲ့အရာတွေကို ထိတွေ့တဲ့အခါမှာ ခံစားရတဲ့ခံစားချက်ကို ဖော်ပြရာမှာအသုံးပြုတဲ့ စကားလုံးဖြစ်ပါတယ်။

တိမ်နဲ့ အမြှုပ်တွေကိုလည်း フワフワ ဆိုတဲ့အသုံးနှုန်းကို အသုံးပြုကြပါတယ်။

 

彼女の美しさにうっとりする

(かのじょのうつくしさにうっとりする)

ကောင်မလေးရဲ့အလှမှာ မျောသွားတယ်။

https://www.photo-ac.com/main/search?

ဆွဲဆောင်မှုရှိတဲ့အပေါ်မှာ ငေးမောရင်း အတွေးအာရုံတွေရပ်တန့်သွားတဲ့အခြေအနေကို ဖော်ပြတဲ့အခါမှာ အသုံးပြုတဲ့စကားလုံးဖြစ်ပါတယ်။

ခံစားချက်တွေကောင်းမွန်နေတဲ့ အခြေအနေမျိုးမှာလည်း uttoti လို့ပြောပါတယ်။

 

ゴロゴロしてないで、外に行きなさい!

( ゴロゴロしてないで、そとにいきなさい!)

အိပ်လိုက်စားလိုက်လုပ်မနေနဲ့၊ အပြင်လေးဘာလေးထွက်ဦး ။

https://ameblo.jp/irotsukikinoko/entry-12383636499.html

တစ်ခုခုကိုလိပ်တဲ့ပုံစံမျိုးဖြစ်ပြီး တခြားမှာလည်း gorogoro ဆိုတဲ့အသံမထွက်ပါဘူး။

မျက်စိရှေ့မှာရှိတဲ့ အမှိုက်တွေကိုလည်း “目の中のゴミがゴロゴロする” မျက်စိထဲမှာ အမှိုက်တွေရှုပ်နေတာပဲ ဆိုတဲ့ အသုံးနှုန်းကိုလည်း သုံးကြပါသေးတယ်။

ဟင်းနဲ့ ဟင်းရည်တွေမှာ အသီးအရွက်နဲ့ အသားတွေ အများကြီးထည်းထားတဲ့အခြေအနေမျိုးမှာလည်း  “ゴロゴロ入ってる!”လို့လည်းပြောကြပါတယ်။

 

イヤなことがあったからといって、イライラしないでください。

မလိုလားတဲ့ကိစ္စတွေရှိခဲ့လို့ဆိုပြီး စိတ်ပျက်လက်ပျက်ဖြစ်မနေပါနဲ့

https://blogs.yahoo.co.jp/REDIRECT/abc41262001

စိတ်လှုပ်ရှားမှုဖြစ်ပေါ်နေတဲ့အခြေအနေမျိုးမှာလည်း သုံးပါတယ်။

ဘယ်လိုအခြေအနေမျိုးလဲဆိုတာ ရှင်းပြရခက်ပေမယ့် တစ်နည်းနည်းနဲ့ မဖော်ပြကြဘူးလား?

 

煙がモクモクとあがっている。

(けむりがもくもくとあがっている)

မီးခိုးတွေအလိပ်လိုက်အလိပ်လိုက် တက်နေတယ်

https://spirituabreath.com/yumeuranai-kemuri-11742.html

မီးခိုးနဲ့ ပက်သပ်တာကလွဲပြီး ဘယ်မှာမှမသုံးပါဘူး။

မီးခိုးငွေ့နည်းနည်းလေးမှာတင်မကပါဘူး၊ စက်ရုံကြီးတွေကနေထွက်တဲ့ မီးခိုးတွေကို ပြောတဲ့အခါမှာလည်း သုံးပါတယ်။

 

しんみりとした音楽

(しんみりとしたおんがく)

ဆွေးမြေ့စရာဂီတ

http://nishi-kaoru.hatenablog.jp/entry

လွမ်းဆွေးစရာ၊ အထီးကျန်စရာကောင်းတဲ့ အခြေအနေမျိုးမှာ အသုံးပြုတဲ့စကားလုံးဖြစ်ပါတယ်။

လွမ်းဆွတ်စရာကောင်းတဲ့ရှု့ခင်း၊ အထီးကျန်စရာကောင်းတဲ့ဆိုင်မှာ အထီးကျန်ကော်ဖီသောက်တယ် ဆိုပြီးအသုံးပြုကြပါတယ်။

 

納豆はネバネバしている

(なっとうはネバネバしている)

Natto က ချွဲကျိကျိဖြစ်နေတယ်


https://www.dekarin.com/entry/natto-url

ဒီလိုအသံမျိုးမထွက်ဘူးဆိုတာသေချာပေမယ့် ဒီလိုအသံနဲ့လိုက်တယ်လို့မထင်မိဘူးလား?

Natto တင်မဟုတ်ဘဲ ရုံးပဒေသီးတို့ ပိန်းဥတို့မှာလည်း သုံးပါတယ်။

 

ကဲ … ဘယ်လိုလဲ?

gitaigo  တွေ အများကြီးရှိနေတာကလည်း ဂျပန်ဘာသာစကားရဲ့ သွင်ပြင်တစ်ခုပဲဖြစ်ပါတယ်။

ဒါတွေကို ပိုပြီးကျွမ်းကျွမ်းကျင်ကျင်နဲ့ အသုံးပြုနိုင်ပြီဆိုရင်တော့ ဂျပန်ဘာသာစကားကပိုပြီးသဘာဝကျလာပါလိမ့်မယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: