JAPAN EXPO ဖွင့်ပွဲ

နိုဝင်ဘာလ ၁၅ ၊ ၁၆၊ ၁၇ ရက်နေ့တွေမှာ ၃ ရက်တိုင်တိုင်ကျင်းပပြုလုပ်မယ့် Japan Expo ပြပွဲကြီးကို ယနေ့မနက်မှာ စတင်ဖွင့်လှစ်ကျင်းပနေပြီဖြစ်ပါတယ်။

ဒီပွဲလေးကို အထူးဧည့်သည်တော်များနှင့်တကွပြပွဲတာဝန်ရှိသူများက တက်ရောက်ခဲ့ကြပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

  ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် ကြွရောက်လာတဲ့လူကြီးမင်းများက ပြပွဲခန်းမထဲသို့ဝင်ရောက် ကြည့်ရှု့လေ့လာခဲ့ကြပါတယ်။

       

Japo Myanmar ကနေလည်းအတူလေ့လာကြပြီးနောက်မှာ ပြပွဲမှာရှိတဲ့ပစ္စည်းတွေကိုလိုက်ပြီးတော့လေ့လာခဲ့ကြပါတယ်။

ဂျပန်ရိုးရာဟင်းခတ်ပစ္စည်းနဲ့ စားစရာတွေလည်းအများကြီးရောင်းချနေတာကိုတွေ့ခဲ့ရပါတယ်။

 

ဒါကတော့ ကလေးလေးတွေအကြိုက် အရုပ်ပုံလေးတွေနဲ့ ဘီစကစ်လေးတွေဖြစ်ပါတယ်။ ချစ်စရာမုန့်လေးတွေကိုတော့ မကြာခင်မြန်မာဈေးကွက်ထဲကို ဖြန့်ချိတော့မယ်လို့သိရပါတယ်။

 

အသားအရည်ထိန်းသိမ်းဖို့အတွက် ဂျပန်နိုင်ငံကနေ တိုက်ရိုက်တင်သွင်းလာခဲ့တဲ့ နာမည်ကြီး Shokubutsu အလှကုန်ပစ္စည်းတွေကိုလည်း တွေ့ခဲ့ရပါတယ်။ လာရောက်တဲ့ဧည့်သည်တွေအတွက်လည်း သေသေချာချာပြင်ဆင်ပေးထားပြီး ရေနွေးကြမ်းလေးနဲ့မုန့်အချိုလေးတွေကို တည်ခင်းပေးထားပါတယ်။ ဓာတ်ပုံရိုက်လို့အကောင်းဆုံးနေရာဆိုလည်း မမှားပါဘူး။

ပြင်ဆင်ထားတာလေးတွေကို အောက်ကပုံတွေထဲမှာကြည့်လိုက်ပါဦးနော်။

 

နောက်တစ်ခုကတော့ ဂျပန်နိုင်ငံရဲ့ရိုးရာစစ်စစ်ဖြစ်တဲ့ ပစ္စည်းတွေကို ရောင်းချပေးနေတဲ့နေရာလေးဖြစ်ပါတယ်။

 

ဂျပန်နိုင်ငံထုတ်အလှကုန်ပစ္စည်းတွေထဲမှာ ဆံပင်ဖြူအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ဆံပင်ဆိုးဆေးတွေကိုလည်းတွေ့ခဲ့ရပါတယ်။

 

ပစ္စည်းတွေမျိုးစုံပြသရောင်းချပေးနေတာဖြစ်လို့ ဆက်ကြည့်လိုက်ပါဦးနော်…

ဒီပြပွဲကြီးကိုတော့ တပ်မတော်ခန်းမမှာကျင်းပပြုလုပ်နေတာဖြစ်ပြီး ၃ ရက်တိုင်တိုင်ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပွဲမှာ အားလုံးသိပြီးကြပြီဖြစ်တဲ့ Cosplay ပြိုင်ပွဲနဲ့ ဂျပန်သီချင်းဆိုပြိုင်ပွဲတွေလည်းရှိလို့လာရောက်အားပေးကြဖို့ဖိတ်ခေါ်ပါတယ်။

နောက်တစ်ခုအကောင်းဆုံးအစီအစဥ်က ဂျပန်နိုင်ငံထုတ်ပစ္စည်းတွေကို ဒီပွဲမှာ အထူးလျှော့ဈေးတွေနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ လျှော့ဈေးနဲ့ စိတ်ဝင်စားစရာပစ္စည်းတွေအများကြီးရှိတာကြောင့် မနက်ဖြန်နဲ့ သဘက်ခါပိတ်ရက်တွေမှာ Japan Expo ပွဲကြီးကို သွားကြမယ်နော်။

မသွားရောက်နိုင်တဲ့သူတွေအတွက်လည်း Japo Myanmar ကနေ တနင်္ဂနွေနေ့မှာ Live အစီအစဥ်ရှိတာကြောင့် စောင့်ကြည့်ပေးကြပါဦးနော်။

Su Hlaing

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: