ဘာသောက်ရင်ကောင်းမလဲ ? ? ?

ဂျပန်နိုင်ငံရဲ့ အရက်ဆိုင်တွေမှာ Service menu အနေနဲ့ အဝသောက်ဆိုတဲ့ အလေ့အထမျိုး ရှိပါတယ်။

သတ်မှတ်ထားတဲ့အချိန်အတောအတွင်းမှာ ဘာပဲသောက်သောက် ဒီဈေးပဲပေးရမယ်ဆိုတဲ့ ကျေးဇူးတင်စရာတစ်ခုပါ။

http://blog.c21smile.com

ဘီယာ၊ ဝိုင်၊ Shochu၊ ကော့တေး၊ ဝီစကီ စတဲ့ သောက်စရာအမျိုးမျိုးကို ကိုယ်သောက်နိုင်သလောက်သောက်လို့ရပါတယ်။

ဒါပေမယ့် ဘာကိုသောက်ရင်အတန်ဆုံးလဲ ?

ကုန်ကျစရိတ်ကို တွက်ကြည့်လိုက်ရအောင်။

 

ပွဲဦးထွက်ဘီယာ

https://www.kua-aina.com/menu/draft-beer.html

ဂျပန်လူမျိုးတွေက ဘီယာအရမ်းကြိုက်ကြလို့ ပထမဦးဆုံးသောက်တဲ့တစ်ခွက်ကို ဘီယာမှာတတ်ကြပါတယ်။ ဂျပန်လူမျိုးတွေနဲ့အတူ သောက်ဖူးတယ်ဆိုရင် သတိထားမိကြလိမ့်မယ်ထင်ပါတယ်။

Draft beer ဆိုရင် လီတာ ၂၀ လောက်ကို ယန်း ၁၀,၀၀၀ လောက်ရှိပါတယ်။ ဒါကို ၄၀၀ မီလီလီတာ လောက်ခွက်ထဲကိုထည့်ထားအခါ၊  အမြှုပ်ကို ဖယ်လိုက်ရင် ခွက်တစ်ခွက်ထဲမှာ  ၃၀၀ မီလီလီတာလောက်ပဲပါပါတယ်။

တွက်ကြည့်လိုက်မယ်ဆိုရင် ယန်း ၁၅၀ လောက်ကျသင့်မှာဖြစ်ပါတယ်။

အဝသောက်မဟုတ်ဘဲ ဒီတစ်ခွက်တည်းကိုပဲသောက်မယ်ဆိုရင် ယန်း ၅၀၀ လောက်ကျမှာဖြစ်လို့ ကုန်ကျစရိတ်က ၃၀ ရာခိုင်နှုန်းလောက် ကွာခြားနေပါတယ်။

 

နောက်တစ်ခုက Highball

https://gg-gadget.net/?p=474

 

Carbonic acid နဲ့ လီမွန် ပါတဲ့ Refreshing highball က အထူးသဖြင့် နွေရာသီမှာ ဈေးအကြီးဆုံးပါပဲ။

၄ လီတာပုလင်း ဝီစကီထည့်သောက်မယ်ဆိုရင် ယန်း ၄၀၀၀ လောက်ရှိပါတယ်။

ဒီ Highball အခွက် ၁၃၀ ဆိုရင် ဝီစကီတစ်ပုလင်းလောက်ပဲရှိပါတယ်။

Carbonated water နဲ့ လီမွန်ကိုပါ ထည့်တွက်ကြည့်လိုက်မယ်ဆို တစ်ခွက် ယန်း ၅၀ လောက်ပဲရှိပါတယ်။

ဘီယာထက်တောင်ဈေးပေါသေးတယ်နော်။

 

ဂျပန်ဆခဲ

 

https://www.amazon.co.jp/日本酒セット-日本酒コンテスト-金賞受賞酒-飲み比べ6本セット-720ml×6本/dp/B01N3UOWFH

အမှတ်တံဆိပ်ကိုလိုက်ပြီး ဈေးနှုန်းတွေကွာခြားတယ်ဆိုပေမယ့် ၁.၈ လီတာတစ်ပုလင်းကို ယန်း ၃၀၀၀ လောက်နဲ့ရောင်းမယ်ဆိုရင် ၁၈၀ မီလီလီတာဆိုရင် ယန်း ၃၀၀ ဖြစ်ပါတယ်။

နည်းနည်းဈေးသက်သာတဲ့ တံဆိပ်ဆိုရင်လည်း ယန်း ၁၅၀ ကနေ ယန်း ၂၀၀ အတွင်းရှိပါတယ်။

တော်တော်ဈေးကြီးတယ်နော်။

 

ဝိုင်

https://shop.riedel.co.jp/products/detail.php?product_id=151

နောက်ဆုံးအနေနဲ့ ဝိုင်ကို မိတ်ဆက်ပေးပါမယ်။

ဝိုင်ကလည်း ဂျပန်ဆခဲလိုပဲ တံဆိပ်ကိုလိုက်ပြီး ဈေးတော်တော်ကွာတာမျိုးရှိတာကြောင့် ဂျပန်ဆခဲနဲ့ တူညီတဲ့ပမာဏလောက်ရှိတယ်လို့ ဆိုရပါမယ်။

ဒီလိုဆိုတော့ ဂျပန်ဆခဲတွေ၊ ဝိုင်တွေ သောက်တာထက် ဘီယာများများသောက်တာက ငွေကြေးအကုန်ကျ အသက်သာဆုံးဆိုတဲ့ အနေအထားဖြစ်ပါတယ်။

Highball ကတော့ ဆိုင်ကနေ အမြတ်ထုတ်လွန်းတဲ့ အရက်ဖြစ်နေပါတယ်။

စကားမစပ် ၁ ခွက် ယန်း ၁၅၀ တန်ဘီယာကို ယန်း ၁၀၀ နဲ့ ရောင်းပေးနေတဲ့ ဆိုင်တွေလည်း တော်တော်များပါတယ်။

ဈေးသက်သက်သာသာနဲ့ရောင်းချပေးနေတဲ့ဆိုင်တွေလည်းရှိပေေမယ့် တော်တော်များများက ဘီယာမှာဈေးလျော့ထားပြီး စားစရာတွေမှာ ဈေးပိုယူလိုက်တဲ့ ဗျူဟာတွေနဲ့ဆိုင်တွေလည်း တော်တော်များပါတယ်။

ကဲ …. ပိုက်ဆံချွေတာဖို့အတွက်ဒီလို တွက်ချက်ပြထားပေမယ့်လည်း အကောင်းဆုံးကတော့ သင်သောက်ချင်တဲ့အရက်ကို ပျော်ပျော်ကြီးသောက်လိုက်ရတာပါပဲ။

ငွေကြေးအကုန်ကျသက်သာရုံတင်မဟုတ်ဘဲ သောက်တဲ့အခါမှာလည်း ပျော်ပျော်ကြီးသောက်ကြပါနော်။

ဒါပေမယ့် တန်ဆေးလွန်ဘေးကိုတော့ သတိပြုပါ စာဖတ်သူတို့ရေ ….

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: