ရယ်ရမလား ငိုရမလား မသိတဲ့ မုန်တိုင်းနောက်ဆက်တွဲသတင်း

တိုကျိုမြို့လယ်နဲ့ သွားရေးလာရေးလွယ်ကူကောင်းမွန်အောင် ချိတ်ဆက်ထားပြီး လှပသေသပ်တဲ့ အထပ်မြင့်တိုက်ခန်းတွေ အစီအရီ ဆောက်လုပ်ထားတဲ့ မူဆရှိ ခိုစုဂိ။ လူစည်ကားတဲ့နေရာတစ်ခုဖြစ်တာကြောင့် ဘူတာမှာဆိုလည်း လူတွေက ရှုပ်ထွေးပြည့်ကျပ်နေရောပဲ။

https://media.manpla.com/archives/16002

ဒီနေရာမှာ အခုတော့ မစင်တွေကြောင့် အခက်ကြုံနေကြပါတယ်။

စတင်ဖြစ်ပွားရတဲ့ အကြောင်းရင်းကတော့ မုန်တိုင်းကြောင့် ရေကြီးရေလျှံခြင်းက အစပြုခဲ့တာပါ။

 

ပြင်းထန်လှတဲ့ မုန်တိုင်းရဲ့ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် တမမြစ်ထဲက ရေတွေလျှံလာပြီး အနားမှာရှိတဲ့ မူဆရှိ ခိုစုဂိ ထဲကိုစီး၀င်လာခဲ့ပါတယ်။

https://blogos.com/article/410387/

ရေတွေဟာ နေရာအနိမ့်အမြင့်ကိုလိုက်ပြီး တိုက်ခန်းရဲ့ 2 ထပ်လောက်အထိ စီး၀င်လာတဲ့အတွက် တိုက်ခန်းမှာနေထိုင်သူတွေဟာ ဘေးကင်းရာကို အလျင်အမြန်ရွှေ့ပြောင်းခိုလှုံခဲ့ရပါတယ်။

တိုက်တွေရဲ့အောက်မှာ တပ်ဆင်ထားရှိတဲ့ ရေဆိုးသန့်စင်ရေးစနစ်တွေဟာလည်း ရေအောက်မှာစုန်းစုန်းမြုပ်နေပါပြီ။

အခြေအနေတွေ အားလုံးတည်ငြိမ်သွားပြီး မိမိအခန်းကိုပြန်လာလို့ ရသွားတဲ့အချိန်မှာတောင် မြေအောက်ထပ်တွေမှာ ရေမြှုပ်နေပြီး ရေဆိုးတွေကို စွန့်ထုတ်လို့မရသေးတဲ့ အနေအထားဖြစ်နေပါတယ်။

အဲဒီအတွက် အရေးပေါ်သုံးလို့ရအောင် သန့်စင်ခန်းတွေ တပ်ဆင်ထားပေမယ့် အသန့်ကြိုက်လွန်းတဲ့ ဂျပန်လူမျိုးတွေအတွက် ဒီသန့်စင်ခန်းတွေက ညစ်ပတ်ပါတယ်ဆိုပြီး သုံးရမှာမနှစ်မြို့တဲ့သူတွေ ဒုနဲ့ဒေးရှိနေပါတယ်။

ဒီလိုနဲ့ တိတ်တိတ်လေး မိမိတို့အခန်းထဲက သန့်စင်ခန်းကို သုံးလိုက်ကြတဲ့အခါမှာ….

ဟုတ်ပါတယ်။ ရေဆိုးသန့်စင်စနစ်ကို ပြန်လည်မပြုပြင်နိုင်သေးတာကြောင့် စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေက အပေါ်ကို ပြန်လျှံတက်လာတာဖြစ်ပါတယ်။

http://blog.livedoor.jp/dqnplus/archives/1994632.html

 

ထွေထွေထူးထူးတောင် ပြောဖို့မလိုတော့ပါဘူး။ အနံ့အသက်ဆိုးတွေကလည်း ဒီတိုက်တစ်ခုလုံးကို ဖုံးလွှမ်းလို့နေပါပြီ။ ကိုယ့်မှာတော့ ကြိတ်မှိတ်သည်းခံပြီး ယာယီအိမ်သာကို အသုံးပြုခဲ့ပေမယ့် စည်းကမ်းမလိုက်နာတဲ့ လူတွေကြောင့်  အားလုံးအနှောင့်အယှက်ဖြစ်ရပါတယ်။

အထူးသဖြင့် အောက်ပိုင်းအထပ်တွေက သည်းမခံနိုင်လောက်အောင် အနံ့အသက်တွေကဆိုး၀ါးလွန်းပါတယ်။

နဂိုထဲက ဒီလိုအဆောက်အအုံ အကြီးကြီးတွေမှာ အပေါ်ထပ်နဲ့ အောက်ထပ်ပြဿနာလေးတွေ ရှိတတ်ကြပါတယ်။

ရှုခင်းကောင်းကောင်းမြင်နိုင်တဲ့ အထပ်မြင့်အခန်းတွေဟာ အနိမ့်ပိုင်းအခန်းတွေနဲ့ယှဥ်ရင် စျေးပိုကြီးပါတယ်။ အဲဒီအတွက် အထပ်မြင့်မှာနေသူတွေက အထပ်နိမ့်မှာနေသူတွေကို လှောင်ပြောင်သရော်ကြတဲ့ အကျင့်ဆိုးလေးတွေ ရှိတတ်ကြပါတယ်။

ဒီကြားထဲမှာမှ အခုလိုကိစ္စဖြစ်တော့ “အနံ့ဆိုးတွေက အပေါ်ပိုင်းအထပ်တွေထိ မရောက်မှာမဟုတ်ဘူး။ အ၀င်အထွက်လုပ်တဲ့ အချိန်လောက်ပဲ သည်းခံလိုက်ရင် အိုကေတယ် ဆိုတဲ့စိတ်နဲ့ အထပ်မြင့်မှာ နေထိုင်သူတွေက သန့်စင်ခန်းကို တမင်သုံးလိုက်တာများလား” လို့ အောက်ထပ်မှာနေသူတွေက တွေးမိကြပါတယ်။

“ငါကသည်းခံပြီး စည်းကမ်းစောင့်ထိန်းပါရဲ့နဲ့ မစောင့်ထိန်းတဲ့သူတွေရှိနေမှတော့ ငါလည်းစည်းစောင့်ဖို့ မလိုဘူး” ဆိုတဲ့လူတွေပါရှိလာတဲ့အခါမှာ ကိစ္စက ဆိုးသထက်ဆိုးလာပါတော့တယ်။

တကယ့်ကို တိုက်ပွဲတစ်ခုလိုပါပဲ။တိုက်ပွဲဆိုပေမယ့် မစင်တိုက်ပွဲပါ။

ဒီလိုအနံ့အသက်နဲ့တိုက်ခိုက်ကြတဲ့ တိုက်ပွဲထဲမှာတော့ ကြား၀င်ပြီးမြေစာပင် အဖြစ်မခံနိုင်ပါဘူးနော်?

မြန်မာနိုင်ငံမှာလည်း တိုက်တာအဆောက်အအုံ အကြီးကြီးတွေ အများအပြားတိုးချဲ့ဆောက်လုပ်နေပါတယ်။ ဂျပန်မှာလိုမျိုး မစင်တိုက်ပွဲတွေ မဖြစ်ရအောင် အားလုံးက စည်းစည်းလုံးလုံးနဲ့ စည်းကမ်းလိုက်နာကြရအောင်နော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: