I love You ဆိုတာက “အအိရှိတဲ့ရု (aishiteru)” ဆိုတဲ့အဓိပ္ပာယ်လား ?

ဂျပန်စာ ကိုဘာသာပြန်ရတာဟာ အလွန်ခက်ခဲပါတယ်။

အဓိပ္ပာယ်ရှိပေမယ့် မသင့်လျော်တဲ့ စကားလုံးတွေ များစွာရှိပါတယ်။

အဲ့ဒီလိုစကားလုံးတွေရဲ့နာမည် အကြီးဆုံး စကားလုံး ကတော့ ……

 

I love you.

 

ဒါကိုဘယ်လို ဘာသာပြန်ပါ သလဲ ?????

“အအိရှိတဲ့ရု” (Aishiteru) ချစ်တယ်  လို့ တစ်ခါထဲ ဘာသာပြန် လိုက်ရင် မမှန်ဘူးဆိုတာကို သိပါသလား?

ကျွန်တော်တို့ ဂျပန်လူမျိုးတွေလည်း စိတ်ထဲမရှင်းတာမျိုးတွေ ရှိခဲ့ကြပါတယ်။

ဂျပန်ရုပ်ရှင်ထဲမှာ I Love You လို့အဓိပ္ပာယ်ရတဲ့စကားလုံးတွေဟာ မကြာခဏ ထွက်ပေါ် လာပေမယ့် “Aishiteru” ဆိုတဲ့ စကားလုံး ကရုပ်ရှင်ထဲ မှာရော၊ နေ့စဉ်သုံးစကားတွေမှာရော  သိပ်ပြီး ကြားရလေ့မရှိပါဘူး။

ကဲ ဒီလိုဆိုရင် ဂျပန်လူမျိုး တွေက I Love You လို့ လို့အဓိပ္ပာယ်ရတဲ့ စကားလုံးတွေ မပြောကြဘူးလားလို့ ပြောရင်လဲ အဲ့လိုမဟုတ်ပါဘူး။

အဓိပ္ပာယ်ပုံစံ ကိုက်ညီမှုရှိပေမယ့် ယဉ်ကျေးမှုပုံစံမှာတော့ လွဲမှားနေတဲ့ အဓိပ္ပာယ် ပြန်ဆိုခြင်း ဖြစ်လာတယ်။

အမှန်ကတော့

“大好きだよ”(Daisukidayou)

အကြိုက်ဆုံးပါပဲ

ဆိုတဲ့ စကားလုံးဖြစ်တယ်လို့ ဂျပန်လူမျိုးနဲ့ အမေရိကလူမျိုးတစ်ဝက်စီဖြစ်တဲ့ စာတမ်းငယ်ရေးသားသူ ၊ NinaLi Coomes က ပြောပါတယ်။

“Aishiteru” ဆိုတဲ့ စကားလုံးကို ပြောခံရမယ်လို့ မထင်ထားခဲ့ပေမယ့်  “ Daisukidayou” လို့ပြောခံ ရတဲ့အခါမှာတော့ ရှက်လာပါတယ်။

ဒီလိုပုံစံက I Love You ဆိုတဲ့ အဓိပ္ပာယ်ပုံစံ ပြည့်စုံတဲ့ စကာလုံးဖြစ်ပါတယ်။

စကားမစပ် ဟိုးအရင်က စာရေးဆရာတစ်ယောက် ဖြစ်တဲ့ ( နာစုမဲဆိုးဆဲခိ ) က  I Love You ကို ဒီလိုပုံစံ နဲ့ ဘာသာပြန်ခဲ့ပါတယ်။

月がきれいですね ( Tsukiga kirei desune )

လမင်းကြီးက လှတယ်နော်

 

အဲ့ဒီလူက အင်္ဂလိပ်လို နားမလည်ဘူးလား လို့ထင်ကောင်းထင်နိုင်ပေမယ့် အဲ့လိုမဟုတ်ပါဘူး။

ဒီအချိန်မှာတော့ ဂျပန်လူမျိုး တွေက “Aishiteru” အပြင် “Daisuki” ဆိုတဲ့စကားလုံးကိုလည်း  အသုံးမပြုခဲ့ပါဘူး။

အရင်က ဂျပန်လူမျိုးတွေဟာ အကြောင်းအရာကို တိုက်ရိုက်မပြောဘဲ ဒီလိုပြောတဲ့ ပုံစံနဲ့ တစ်ဖက်လူကို ချစ်ရေးဆိုကြတယ်။

အမှတ်မထင် လမင်းကြီးကလှတယ်နော်လို့ ပြောခံရပြီးတော့ Ok လို့ဖြေတဲ့ အခြေနေကျရင် ဘယ်လိုလုပ်မလဲ ဆိုတာကို သိပါသလား ။

 

死んでもいいわ ( shinde mo iiwa)

သေလို့တောင်ရတယ်…

 

ဒါတကယ်ပြောနေတာနော်

“ Tsuri ga kirei desu ne”

လမင်းကြီးက လှတယ်နော်။

“ shin demo iiwa”

သေလို့ရတယ်

အဓိပ္ပာယ်နားမလည်တဲ့ စကားပြောတွေမှာ ကြားဖူးတာမျိုးများ ဖြစ်နေမလား ဆိုပေမယ့် တစ်ယောက်ပြောချင်တဲ့အကြောင်း ကို တစ်ယောက်က နားလည်ရင် Ok ။

သေသွားရင်တောင်မှ ကောင်းကောင်းမွန်မွန် နဲ့ သေရမှာပျော်ပါတယ် ( သေပျော်ပါပြီ ) ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။

တခြား ဒီလို ဖြေနည်းတွေလည်း ရှိပါတယ်။

あなたと見る月だからでしょうね。(anata to miru tsuki dakara deshone )

မင်းနဲ့အတူကြည့်တဲ့ လမင်းကြီး ဖြစ်နေတာကြောင့်ပေါ့နော်

မင်းနဲ့အမြဲတမ်း လှပတဲ့ လမင်းကြီးကို ကြည့်နေချင်တာ  = မင်းနဲ့ပက်သတ်ခွင့်ရချင်တယ်

 

今なら手を伸ばせば届くかも ( ima nara tewo nobaseba todoku kamo )

အခုလက်ကို ဆန့်ထုတ်လိုက်မယ်ဆိုရင် ရောက်လာ နိုင်လိမ့်မယ် ထင်တယ်

လမင်းကြီးကလှတယ် = တဖက်လူကိုလှတယ် လို့ ဆိုလိုတဲ့ အဓိပ္ပာယ် ဖြစ်တာကြောင့် လက်ကို ဆန့်ထုတ်လိုက်မယ်ဆိုရင် ကောင်းကင်က လမင်းကြီးဆီ မဟုတ်ပဲ သင့်ဘေးနားမှာရှိနေတဲ့ ကိုယ့်ဆီကို ရောက်လာနိုင်လိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ် ။

 

ငြင်းဆိုဖို့အတွက်လည်း ပြောပြပါမယ်။

 

ごめんなさい。私はまだ死にたくないんです。

( Gomennasai . Watshiwa mada shinita kunain desu)

တောင်းပန်ပါတယ် ။ ကိုယ်အခုမသေချင်သေးလို့ပါ ။

အဲ့ဒါက နည်းနည်းကြောက်ဖို့ ကောင်းတယ်နော်။

 

ကဲ…လှလှပပ ဖြေတဲ့ပုံစံ ကိုတော့…

手が届かないからこそ綺麗なんです。

( Tega todokanai karakoso kireinan desu )

( လက်လှမ်းမမှီနိုင်လောင်အောင်ပဲ လှတယ်နော် )

အဲ့လိုပြောလိုက်ရင် လက်ကိုထိတွေ့ဖို့ မဖြစ်နိုင်ဘူး လို့ဆိုတာဖြစ်တယ်။

 

အဲ့ဒီ ယဉ်ကျေးမှုဟာ ခုတော့ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။

သို့ပေမယ့် တိုက်ရိုက်မပြောတဲ့ အဲ့ဒီ ခံစားချက်က ပိုမကောင်းဘူးလား ????

အဆင်ပြေပြေနဲ့ ဂျပန်ရဲ့ လှပတဲ့ယဉ်ကျေးမှုတစ်ခုဖြစ်ပြီး အလေးအနက် ထားတန်ဖိုးထားသင့်တယ်လို့ထင်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: