မကြာခင် ဂျပန်နိုင်ငံမှာတွေ့ရမယ့် ရုပ်ရှင်ထဲကဆိုင်ကယ်ပျံ

Star Wars  ရုပ်ရှင်ထဲမှာပါတဲ့ Speeder bike ကိုသိပါသလား?

သစ်တောထဲမှာ အမြန်မောင်းလို့ရတဲ့ ဆိုင်ကယ်ပျံတွေပဲဖြစ်ပါတယ်။

အရမ်းကိုမိုက်တဲ့လွန်းလို့ စာရေးသူငယ်စဥ်တုန်းက လိုချင်ခဲ့ပါသေးတယ်။

တစ်ချိန်မှာဒီလိုမောင်းနိုင်ရမယ်ဆိုတဲ့ အိမ်မက်မျိုးမက်ခဲ့ဖူးပါတယ်။

ဒီလိုနဲ့မကြာခင်တုန်းက ဒီလိုပုံစံမျိုးအထိ ပေါ်ထွက်လာခဲ့ပါပြီ။

https://viva-drone.com/ali-unveiled-japanese-the-first-hover-bike-speeder/

ဂျပန်နိုင်ငံရဲ့ပထမဦးဆုံးကောင်းကင်ပေါ်ပျံနိုင်တဲ့ဆိုင်ကယ်ဖြစ်ပြီး  Speeder ရဲ့ ပုံစံအမျိုးမျိုးနဲ့ ရောင်းချပေလျက်ရှိပါတယ်။

Speeder မှာဆိုင်ကယ် model တွေမြောက်များစွာရှိပြီး ဒီဗီဒီယိုထဲက ဆိုင်ကယ်ဟာ Standard model ဖြစ်ပါတယ်။

https://www.youtube.com/watch?v=OY7NbIF1pRw&feature=youtu.be

Standard model ကို ၂၀၂၂ ခုနှစ် ဂျပန်နိုင်ငံရဲ့ ဈေးကွက်ထဲသွင်းဖို့ စီစဥ်ထားပါတယ်။

ဂျပန်နိုင်ငံရဲ့လမ်းမတွေမှာ မောင်းနှင်ဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ပုံပါပဲ။

ဒီလောက်မိုက်နေမှတော့ အဲ့ဒီဈေးနှုန်းကိုလိုက်မမှီဘူးလို့မထင်လိုက်ပါနဲ့။ တကယ်ကို သင့်တင့်တဲ့ဈေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ Mini car ကားလေးတွေနဲ့ တူညီတဲ့ဈေးလောက်ပဲလို့ ပြောနေကြတာကြောင့် အကြမ်းဖျဥ်းအားဖြင့် ယန်း ၁၅ သိန်းလောက်ပဲရှိပါတယ်။

ဒီနှစ်က ၂၀၁၉ ခုနှစ်ဖြစ်တာကြောင့် နောက် ၃ နှစ်လောက်ဆိုရင် ထုတ်ရောင်းတော့မှာနော်။

https://viva-drone.com/ali-unveiled-japanese-the-first-hover-bike-speeder/

 

အပေါ်ကပုံထဲမှာပါတဲ့ အလန်းစားမော်ဒယ်ကတော့ Sports model ဖြစ်ပါတယ်။

မြေပြင်ရဲ့စင်တီမီတာအနည်းငယ် အမြင့်လောက်ကနေ တစ်နာရီကို ၂၄၀ ကီလိုမီတာ ပျံသန်းနိုင်မှာဖြစ်ပါတယ်။

မြေကြီးနဲ့လွတ်နေတဲ့အတွက်ကြောင့် လမ်းမခင်းထားတဲ့နေရာတွေကိုလည်း သွားလို့ရပါတယ်။

ဒီဆိုင်ကယ်ရဲ့ဈေးနှုန်းကတော့ sports car ဈေးလောက်ပဲရှိတာကြောင့် ယန်း သိန်း ၁၀၀ လောက်ပဲရှိပါတယ်။

ဒီ Speeder ကို ထုတ်လုပ်နေတဲ့ A.L.I. Technologies က Hover bike ကို နှစ်ရှည်လများစွာ ပြင်ဆင်ခဲ့ရပါတယ်။

ပထမဦးဆုံး Mock up တော့ဒီဆိုင်ကယ်ပါ။

https://viva-drone.com/ali-unveiled-japanese-the-first-hover-bike-speeder/

နောက်ပြီး အင်ဂျင်နဲ့ပန်ကာကို တပ်ဆင်ခဲ့တဲ့ ရှေ့ပြေးပုံစံကတော့ဒီပုံစံဖြစ်ပါတယ်။

https://viva-drone.com/ali-unveiled-japanese-the-first-hover-bike-speeder/

 

အိမ်မက်ထဲမှာမြင်ယောင်ဖူးတဲ့တစ်ခန်းရပ်ကို အပြင်မှာလက်တွေ့တကယ်ခံစားနိုင်တော့မယ်ဆိုတော့ စိတ်လှုပ်ရှားစရာပဲနော်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: