ဂျပန်နိုင်ငံမှာတွေ့ရလေ့ရှိတဲ့ အသက်ကယ်ပစ္စည်း

ရထားဘူတာမှာ လမ်းလျှောက်နေရင်းနဲ့ အနီးနားမှာ လူတစ်ယောက်က ရုတ်တရက်လဲကျသွားခဲ့မယ်ဆိုရင် သင်ဘာလုပ်မှာလဲ ?

ဂျပန်နိုင်ငံမှာဆိုရင်တော့ ၁၁၉ ကိုဖုန်းခေါ်လိုက်ရုံနဲ့ အရေးပေါ်လူနာတင်ယာဥ်တွေ ရောက်လာပါလိမ့်မယ်။

ဂျပန်နိုင်ငံမှာဆိုရင်တော့ ၁၁၉ ကိုဖုန်းခေါ်လိုက်ရုံနဲ့ အရေးပေါ်လူနာတင်ယာဥ်တွေ ချက်ချင်းရောက်လာပါလိမ့်မယ်။

ချက်ချင်းရောက်လာနိုင်တယ်ဆိုရင်တောင် မိနစ်အနည်းငယ်တော့ကြာပါတယ်။

အဲ့ဒီမိနစ်အနည်းငယ်လေးက အသက်ကယ်ဖို့အတွက် တစ်နည်းပြောရမယ်ဆိုရင် အသက်ရှင်ဖို့ အရေးပေါ်ကယ်ဆယ်ရေးအပေါ်မှာ မူတည်နေတဲ့အခြေအနေဖြစ်ပါတယ်။

ဒီလိုအရေးပေါ်အခြေအနေမျိုးမှာသုံးတဲ့ ဒီလိုပစ္စည်းမျိုးရှိပါတယ်။

https://www.hokuyo-keibi.co.jp/services/aed.html

AED ဆိုတဲ့ အရေးပေါ်အသက်ကယ်ပစ္စည်းကိရိယာ ဖြစ်ပါတယ်။

ဂျပန်ကိုရောက်ဖူးတဲ့သူဆိုရင်တော့ မြင်ဖူးလိမ့်မယ်ထင်ပါတယ်။

ရထားဘူတာနဲ့ ပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ အဓိကထားတယ်လို့ ပြောရလောက်အောင် မြင်သာတဲ့နေရာမျိုးမှာထားကြပါတယ်။

ဒါကလဲ ငွေအမြောက်အမြားကုန်ကျခံပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။

ဒါက နှလုံးရပ်သွားတဲ့သူတွေအတွက် အသုံးပြုတဲ့ လျှပ်စစ်ရှော့ရိုက်ရတဲ့ ကိရိယာဖြစ်ပါတယ်။

နှလုံးရပ်နေတဲ့အချိန်ကြာသွားခဲ့မယ်ဆိုရင် လုံးဝပြန်နိုးလို့မရနိုင်တော့ပါဘူး။

တစ်မိနစ်လောက်နောက်ကျမယ်ဆိုရင် အသက်ရှင်နိုင်တဲ့နှုန်းက ၇ ကနေ ၁၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားနိုင်တာကြောင့် ဘယ်အချိန်မှ အရေးပေါ်ကားတွေရောက်လာနိုင်မလဲဆိုတာကို မသိနိုင်တာကြောင့် အရေးပေါ်ကယ်ဆယ်မှုတွေပြုလုပ်ထားမယ်ဆိုရင် အသက်ရှင်နိုင်ဖို့အတွက် အခွင့်အရေးပိုမိုရရှိနိုင်မှာဖြစ်ပါတယ်။

ရုတ်တရက်လဲကျသွားတဲ့လူကို အရေးပေါ်ကုသနည်းတွေ မသုံးမဖြစ်အသုံးပြုရမယ့်အချိန်က ဘယ်တော့လဲဆိုတာကို မသိနိုင်ပါဘူး။

ဒါကြောင့် AED  အသုံးပြုတဲ့နည်းလမ်းကို မှတ်သားထားဖို့ကလည်း အရေးကြီးပါတယ်။

အခြေခံအနေနဲ့ ကိုယ်တစ်ယောက်ထဲမဟုတ်ဘဲ ပတ်ဝန်းကျင်ကလူတွေနဲ့အတူ ကယ်ဆယ်ရေး လုပ်ဆောင်ကြပါ။

  1. လူနာကို အသံပြုပါ။

AED心肺蘇生-反応の確認

https://www.philips.co.jp/healthcare/consumer/aed/resuscitation

လူနာကို ဖြည်းဖြည်းလေးနှိပ်ပြီးတော့ ခေါ်ကြည့်ပါ။

ခေါ်လို့မရခဲ့ဘူးဆိုရင်တော့ နောက်တစ်ဆင့်တက်ပါ။

 

  1. အရေးပေါ်လူနာတင်ယာဥ်နဲ့ AED ကိရိယာကိုတောင်းဆိုခြင်း119番通報とAED手配

https://www.philips.co.jp/healthcare/consumer/aed/resuscitation

သင်က အရေးပေါ်ကယ်ဆယ်ရေးတွေကို ပြုလုပ်နေတဲ့အတောအတွင်းမှာ အရေးပေါ်ယာဥ်ခေါ်တာတို့ AED သွားယူတာတို့ကို လုပ်ဖို့အတွက်မဖြစ်နိုင်ပါဘူး။

ပတ်ဝန်းကျင်ကလူတွေကို အကူအညီတောင်းပါ။

 

  1. အသက်ရှု၊ မရှုစစ်ဆေးပါ

心肺蘇生とAED-呼吸の確認

https://www.philips.co.jp/healthcare/consumer/aed/resuscitation

ရင်ဘတ်နဲ့ ဝမ်းဗိုက်ရဲ့အလုပ်လုပ်တာကိုကြည့်ပြီး အသက်ရှု၊ မရှု ၁၀ စက္ကန့်လောက် စစ်ဆေးကြည့်ပါ။

အသက်မရှုဘူးဆိုရင်၊ အကယ်၍ အသက်ရှုမမှန်တော့တဲ့အခြေအနေမျိုးမှာဆိုရင် နောက်တစ်ခေါက်ထပ်ပြီး စစ်ဆေးကြည့်ပါ။

 

  1. ရင်ဘတ်ကိုဖိနှိပ်ခြင်း

心肺蘇生とAED-胸骨圧迫と人工呼吸

https://www.philips.co.jp/healthcare/consumer/aed/resuscitation

ရင်ဘတ်ရဲ့ကြားကို တစ်မိနစ်မှာ အကြိမ် ၁၀၀ ကနေ ၁၂၀ အထိ ပုံမှန်လေး အားပြင်းပြင်းနဲ့ဖိပေးပါ။

၅ စင်တီမီတာလောက်ပဲဖိသင့်ပါတယ်။ အရိုးအက်တာတွေဖြစ်တတ်တာကြောင့် အရိုးကိုဖို့ထက် နှလုံးကိုလှုပ်နှိုးဖို့က အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။

 

  1. ရင်ဘတ်ကိုဖိနှိပ်ခြင်း

AEDに電源を入れる
https://www.philips.co.jp/healthcare/consumer/aed/resuscitation

တစ်ယောက်ယောက်ကိုယူဖို့ပြောထားတာတဲ့ AEDရောက်လာပြီဆိုရင်ဖွင့်ပြီးတော့ လျှပ်စစ်ဓာတ်ကိုထည့်သွင်းရပါမယ်။

နောက်ပြီးတော့ သူမှာပါတဲ့ pad ကိုတပ်ဆင်ရပါမယ်။

တပ်ဆင်ရမယ်ပုံစံကို AED သေတ္တာထဲမှာ ညွှန်ကြားချက်တွေကို ဖော်ပြပေးထားပါတယ်။

AEDのパッド装着

https://www.philips.co.jp/healthcare/consumer/aed/resuscitation

AED ကနေ လျှပ်စစ်ပတ်လမ်းစနစ်ကို အလိုအလျောက် လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

လျှပ်စစ်ရှော့ရိုက်ဖို့လိုတဲ့အခြေအနေမှာဆိုရင် ခလုတ်နှိပ်ပြီး လျှပ်စစ်ရှော့ရိုက်ရမှာဖြစ်ပါတယ်။

ဒီလို ရှော့ရိုက်နေတဲ့အချိန်မျိုးမှာ လူနာကိုမထိခိုက်မိအောင်သတိထားပါ။

 

  1. ရင်ဘတ်ကိုဖိနှိပ်ခြင်း

နောက်တစ်ကြိမ် ရင်ဘတ်ကိုဖိပြီး အသက်ကယ်တဲ့နည်းလမ်းကို အသုံးပြုပါ။

ဒီအဆင့်ပြုလုပ်နေတဲ့အချိန်အတွင်းမှာ ဂျပန်နိုင်ငံရဲ့ အရေးပေါ်ယာဥ်သာဆိုရင် ရောက်လာလောက်ပါပြီ။

ရောက်လာပြီဆိုရင် ရောက်လာတဲ့အရေးပေါ်ယာဥ် လက်ထဲကိုလွဲပေးလိုက်ပါ။

AED ရဲ့အသုံးပြုပုံကို ဒီလိုဗီဒီယိုနဲ့လည်းရှင်းပြပေးထားပါတယ်။

https://www.youtube.com/watch?v=owfWLt6JvtE&feature=youtu.be

လျှပ်စစ်ရှော့ရိုက်တဲ့ပစ္စည်းဟာ နှလုံးကျန်းကျန်းမာမာနဲ့ လှုပ်ရှားနေတဲ့သူအတွက်တော့အသုံးမဝင်ပါဘူး။

AED လျှပ်စစ်ရှော့ရိုက်ဖို့ လို၊ မလိုကို အလိုအလျာက်စစ်ဆေးပေးမယ့် program ထည့်သွင်းပေးထားတဲ့ အတွက်ကြောင့် လူတိုင်းအသုံးပြုလို့ရပါတယ်။

လူတစ်ယောက်ရဲ့သေရေးရှင်ရေးဖြစ်တဲ့အတွက်ကြောင့် အသက်ကယ်နိုင်ပါမှ အသက်ရှင်နိုင်မှာဖြစ်ပါတယ်။

ဒီအတွက် အားလုံးအတူပူပေါင်းဆောင်ရွက်တဲ့အားအင်တွေလိုအပ်တာကြောင့် ဂျပန်မှာသွားရောက်နေထိုင်မယ့်သူတွေ AED ရဲ့အသုံးပြုနည်းကို သေချာမှတ်သားထားပါနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: