ဘားရှိတဲ့ convenience store

Abc၊ City express၊ Grab & go၊ g&g၊ 1 Stop Mart ဆိုပြီးတော့ ရန်ကုန်မြို့မှာ convenience store တွေ တဖြည်းဖြည်းပိုပိုများလာပါတယ်။

ဂျပန်နိုင်ငံမှာဆိုရင်လည်း convenience store တွေက မှိုလိုပေါက်ပါပဲ။

ဒီလိုနဲ့ ဆိုင်တစ်ဆိုင်နဲ့တစ်ဆိုင် ပြင်းပြင်းထန်ထန် ယှဥ်ပြိုင်မှုတွေပြုလုပ်ပြီး ရောင်းချလျက်ရှိပါတယ်။

ထိပ်တန်း convenience store တွေအများကြီးရှိတဲ့ကြားက အလယ်အလတ်တန်းစား စတိုးဆိုင်လေးတစ်ဆိုင်ရဲ့ စျေးကွက်ထိုးဖောက်တဲ့ဗျူဟာက စိတ်ဝင်စားဖို့ကောင်းပါတယ်။

မိန်းဆိုင်တွေနဲ့မတူအောင်လုပ်မယ်ဆိုတဲ့ခံယူချက်နဲ့ စတင်ခဲ့တာက စိတ်ဝင်စားစရာပါပဲ။

အရင်ဦးဆုံး နေ့လည်စာအတွက် ထမင်းဘူးအကြောင်းကို ပြောပြပါမယ်။

တခြားစတိုးဆိုင်တွေနဲ့ မတူဘဲ ဆိုင်မှာထမင်းဟင်းတွေကို ချက်ပြုတ်ပါတယ်။

စားစရာတွေဟာ လောလောလတ်လတ်ချက်ပြုတ်ထားရင် ပိုပြီးအရသာရှိတယ်လို့တွေးပြီး ၆ နာရီလောက်အချိန်ယူပြီး ထမင်းဟင်းတွေကိုချက်ပြုတ်ပြီးမှ ထမင်းဘူးတွေကိုပြုလုပ်ကြပါတယ်။

ထမင်းနဲ့ တွဲဖက်ထားတဲ့ဟင်းလျာတွေကိုလည်း ရွေးချယ်နိုင်ပါတယ်။

https://kuicinnboharu.blog.so-net.ne.jp/2015-11-11

ဒီလို ထမင်းဟင်းတွေချက်ပြုတ်တဲ့ စတိုးဆိုင်က အရမ်းကိုရေပန်းစားပါတယ်။

ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့စတိုးဆိုင်မှာ နောက်တစ်ခုထပ်ပြီး ရေပန်းစားလာတာက ဒီဆိုင်ရဲ့ bar ဖြစ်ပါတယ်။

https://gunosy.com/articles/a96en?s=s

မတ်တပ်ရပ်ပြီးသောက်နေတဲ့သူတွေလည်းများသလို ဒါဟာလည်း ကောင်းတဲ့အချက်တစ်ခုပါပဲ။

ဂျပန်နိုင်ငံမှာ အလုပ်ခွင်ကနေပြန်လာတဲ့ညသန်းခေါင်အချိန်မျိုးမှာ ပင်းပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်နဲ့ အိမ်ဘက်ကိုဦးတည်ရင်း လမ်းတစ်ဝက်ရဲ့စတိုးဆိုင်မှာ ထမင်းဘူးဝယ်တဲ့သူတွေအများကြီးပါပဲ။

နည်းနည်းတစ်ခွက်လောက်သောက်ပြီး Bar Manနဲ့ တခြားဧည့်သည်တွေကိုစကားပြောရတာနဲ့တင် စိတ်ထဲမှာရှင်းလင်းနေပါပြီ။

အဲ့ဒီစတိုးဆိုင်မှာဝယ်ပြီး အဲ့ဒီမှာပဲတစ်ခါတည်းစားလို့လည်းရပါတယ်။

အပြန်အလှန်ပြောရမယ်ဆိုရင် စတိုးဆိုင်ကထမင်းဘူးကို စားလို့ရတဲ့ဘားဆိုတာ ဒီတစ်နေရာထဲမှာပဲရှိပါတယ်။

အရောင်းဝန်ထမ်းမရှိဘဲဆက်ပြီးတော့ ဖွင့်နိုင်တဲ့ စတိုးဆိုင်တွေအများကြီးပေါ်လာတာနဲ့ယှဥ်ရင် ထိတွေ့ပြောဆိုဝန်ဆောင်မှုပေးတဲ့ စတိုးဆိုင်ရဲ့ ခံယူချက်က တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းပါတယ်။

အရောင်းဝန်ထမ်းနဲ့ ဘားရှိတဲ့ဆိုင်ကို ကြိုက်နှစ်သက်ပါသလား ?

စာဖတ်သူတို့သာဆိုရင်ရော ဘယ်လိုဆိုင်မျိုးကိုရွေးပြီးသွားမှာလဲ ?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: