Pokémon Go စွဲလမ်းနေတဲ့ ဖိုးဖိုး

Pokémon Go ဆိုတာက တစ်ချိန်က ကမ္ဘာပေါ်မှာ လူတော်တော်များများဆော့ခဲ့ကြတဲ့ smart phone game ပဲဖြစ်ပါတယ်။

နင်းတန်းဒိုကုမ္ပဏီက အစပြုခဲ့တဲ့ဒီဂိမ်းက ကမ္ဘာပေါ်မှာ ဆွဲဆောင်မှုရှိတဲ့ smart phone game အဖြစ် အကြီးကျယ်ခေတ်စားလာခဲ့ပါတယ်။

ကျွန်တော်လည်း တစ်ချိန်က smart phone ကိုလက်တစ်ဖက်ကကိုင်ပြီး ဖမ်းခဲ့တာကို မှတ်မိနေပါသေးတယ်။

အခုအချိန်မှာ ကျွန်တော်လည်းဆက်မဆော့မိတော့ပေမယ့် အခုထိ update တွေထွက်ပြီး function မျိုးစုံလုပ်ဆောင်လာနိုင်တဲ့အပြင် လူကြိုက်များတဲ့ smart phone game ဖြစ်နေတုန်းပါပဲ။

အဲ့ဒီလို Pokémon Go ကိုလုံးဝကိုစွဲလမ်းခဲ့တဲ့ ဖိုးဖိုးက ထိုင်ဝမ်မှာ ရှိပါတယ်။

အသက်ကတော့ ၇၀ ရှိပါပြီ။

http://karapaia.com/archives/52263735.html

စိတ်ကူးတော်တော်ကောင်းတာပဲနော်။

စက်ဘီးစီးတာ ဝါသနာပါပြီးတော့ သူ့မြေးဆီကနေ သင်ခဲ့ရာကနေ အရမ်းကြိုက်သွားခဲ့တာလို့သိရပါတယ်။

စက်ဘီးမှာ ဖုန်း ၁၁ လုံးဆင်ပြီးတော့ Pokémon ကိုမြို့ပတ်ပြီး ရှာနေတာပဲဖြစ်ပါတယ်။

ဂိမ်းဖိုးနဲ့ စက်ဘီးပြင်ခအတွက် လတိုင်း ယန်း ၁၅၀၀၀၀ တောင်အသုံးပြုပါတယ်။

နောက်တစ်ခုက  smart phone ၁၅လုံး ကို တပ်ဆင်နိုင်ဖို့ စက်ဘီးကိုပြုပြင်ထားပါတယ်။

ဖိုးဖိုးကတော့ တရားလွန်လွန်းပါတယ်။

ဒါပေမယ့် စက်ဘီးနဲ့ မြို့ကိုပတ်တယ်ဆိုတာက ကျန်းမာရေးအတွက်လည်းကောင်းတယ်နော်။

ထိုင်ဝမ်ဟာ စက်ဘီးများတဲ့နိုင်ငံဖြစ်တာကြောင့် ယာဥ်တိုက်မှုမဖြစ်အောင်သတိထားပြီးတော့  Pokémon Go ကိုပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်ဆော့နေချင်လိမ့်လို့ ထင်ပါတယ်။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: