anime ကြိုက်နှစ်သက်တဲ့သူတွေ မဖြစ်မနေသွားသင့်တဲ့ Animelo Summer Live

မြန်မာနိုင်ငံမှာရှိတဲ့ anime ပရိတ်သတ်တွေ၊ anime သီချင်းပရိတ်သတ်တွေ အားလုံးပဲမင်္ဂလာပါ။

anime သီချင်းတွေကို အိမ်မှာပဲဖြစ်ဖြစ်၊ ကာရာအိုကေမှာဖြစ်ဖြစ် ဆိုဖြစ်ကြပါသလား ?

လတ်တလောမှာ anime သီချင်းတွေကို အဆိုတော်တွေတော်တော်များများဆိုလာကြတဲ့အပြင်၊ anime သီချင်းတွေချည်းပဲ သီးသန့်ဆိုတဲ့အဆိုတော်တွေတိုးပွားလာပြီး အသံသရုပ်ဆောင်အနေနဲ့ သီဆိုတဲ့ပုံစံတွေက ဂီတအမျိုးအစားတစ်ခုကို ဖော်ဆောင်လာခဲ့ပါပြီ။

ဒီလို anime သီချင်းတွေကို ကမ္ဘာ့အကြီးဆုံးပွဲအနေနဲ့  Animelo Summer Live ဆိုတဲ့ပွဲကို ကျင်းပခဲ့ပါတယ်။

Saitama Super Arena လို့ခေါ်တဲ့ နေရာအကျယ်ကြီးကို စီစဥ်အသုံးပြုပြီး ကျင်းပခဲ့တဲ့ပွဲတော်ကြီးကို တစ်နှစ်တစ်ခါကျင်းပတာကြောင့် anime သီချင်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေက မျှော်လင့်တကြီးနဲ့စောင့်စားကြရပါတယ်။

နှစ်စဥ်နှစ်တိုင်း theme ပုံစံကို ရွေးချယ်ဆုံးဖြတ်ပြီးတဲ့အခါမှာ Theme song ကိုလည်းဖန်တီးခဲ့ကြပါတယ်။

၂၀၁၈ ရဲ့ Theme song ကတော့……

https://www.youtube.com/watch?v=B9Zwqj7YhVg

anime သီချင်းတွေကိုကြိုက်နှစ်သက်တဲ့သူတွေဆိုရင် ဘယ်သူတွေဆိုသွားလဲဆိုတာကို သိမယ်ထင်ပါတယ်။

JAPO Vietnam ကနေ စပွန်ဆာဖြစ်တဲ့ AGES ရဲ့ Saito General Producer ကို သီးသန့်အင်တာဗျူးခဲ့ပါတယ်။

Saito San က ဒီပွဲကို တေးဂီတရဲ့ ကြီးမားတဲ့အဓိပ္ပာယ်နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့အတွက် ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါတယ်။

Saito San ရဲ့ အင်တာဗျုးကို ကြည့်ကြည့်လိုက်ပါဦး။ ဂျပန်စာသင်ကြားနေတဲ့သူတွေဆိုရင် နည်းနည်းတော့ နားလည်လိမ့်မယ်ထင်ပါတယ်။

ဘယ်လိုနေပါသလဲ ?

အဲ့ဒီပွဲတော်ကြီးကို anime ကြိုက်နှစ်သက်တဲ့သူတွေမှမဟုတ်ဘဲ ဘယ်သူမဆိုတက်ရောက်ဖို့ မမှားတဲ့ပွဲဖြစ်ပါတယ်။

၂၀၁၉ အတွက်ပွဲတော်ကို မကျင်းပရသေးတဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်လိုက်ကြရအောင်နော်…

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: