အေးခဲပြီးသေလောက်တဲ့ ဟိုကိုင်းဒိုးမြို့ရဲ့ ဆောင်းရာသီ
၁ လပိုင်း ၁၇ ရက်နေ့ ဟိုကိုင်းဒိုးမှာနေထိုင်တဲ့ ၆၆နှစ်အရွယ် ဖုရိုအိချိစံက နေအိမ်ရဲ့ ဝင်ပေါက်မရောက်ခင် စင်တီမီတာအနည်းငယ်အကွာမှာ အေးခဲပြီးဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
ဟိုကိုင်းဒိုးမြို့ရဲ့ ဆောင်းတွင်းမှာ ရှယ်အေးတယ်ဆိုတာက စင်တီမီတာ နည်းနည်းလေးဆိုရင်တောင် ဘယ်လိုဖြစ်သွားမလဲဆိုတာ တွေးကြည့်ရမယ်ဆိုရင်……
ပိန်းပိတ်နေအောင်တိုက်ခတ်တဲ့ နှင်းမုန်တိုင်းတွေတိုက်ခတ်လေ့ရှိပါတယ်။
အဲ့ဒီလိုနေ့တွေဆိုရင် ဒေသအပူချိန်က – ၁၁ ဒီဂရီလောက်ပဲရှိပါတယ်။
ဆီးနှင်းတွေနဲ့ ပိန်းပိတ်နေလောက်အောင် နှင်းမုန်တိုင်းတွေတိုက်ခတ်နေတာကို White out လို့ခေါ်ပြီး လုံးဝဘာမှကိုမြင်ရတော့တဲ့အခြေအနေဖြစ်ပါတယ်။
http://blog.livedoor.jp/dqnplus/archives/1986583.html
ဒီပုံထဲကို ကြည့်လိုက်ရင် အရမ်းကိုဖြူဖွေးနေတာကို တွေ့ရပါတယ်။
ဖုရုအိချိစံ ကားမောင်းနေတဲ့အချိန်မှာ နှင်းမုန်တိုင်းနဲ့ ကြုံတွေ့ခဲ့ရပြီး မြင်ကွင်းက လုံးဝဘာမှမမြင်ရတဲ့အတွက် မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ ကားကိုထားခဲ့ပြီး အိမ်ဘက်ပြန်လျှောက်လာတဲ့အချိန် အိမ်ဝင်ပေါက်မရောက်ခင် စင်တီမီတာအနည်းငယ်အကွာမှာ အားပြတ်လဲကျခဲ့ပေမယ့် ဘယ်သူမှမမြင်နိုင်ခဲ့တဲ့အတွက်ကြောင့် သေဆုံးသွားခဲ့တယ်လို့ ကောက်ချက်ချရပါတယ်။
ဟိုကိုင်းဒိုးမြို့က စားစရာတွေလည်း အရသာရှိပြီး စကိတ်စီးရတာလည်းအရမ်းကိုပျော်ဖို့ကောင်းတဲ့မြို့ ဖြစ်ပါတယ်။
ဒါပေမယ့် ရာသီဥတုက ဒီလိုကြောက်စရာကောင်းတယ်ဆိုတာကိုလည်းမမေ့လိုက်နဲ့နော်…….