ဂျပန်-မြန်မာပွဲတော်

ဒီနှစ် ၂၀၁၉ ခုနှစ်မှာ ၅ ကြိမ်မြောက်အနေနဲ့ကျရောက်တဲ့ ဂျပန်-မြန်မာပွဲတော်ကို သုဝဏ္ဏဘူမိ event park မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

နှစ်တိုင်းကျင်းပပြုလုပ်ရာကနေ ဒီနှစ်မှာလည်း ပွဲတော်ကို ၁၂ နာရီကနေစတင်ခဲ့ပြီးတော့ လာရောက်တဲ့သူတွေအတွက် ဂျပန်နိုင်ငံရဲ့စားစရာတွေ၊ ပျော်ရွှင်စရာဂိမ်းကစားနည်းအစီအစဥ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့ပါတယ်။

ဒီပွဲကို ဝင်ရောက်သွားပြီဆိုတာနဲ့ နှစ်တိုင်းပေးနေကျအတိုင်း ယပ်တောင်နဲ့ အစီအစဥ်စာရွက်ကို လာရောက်တဲ့သူတွေတိုင်းကို အခမဲ့ဝေပေးခဲ့ပါတယ်။

လာရောက်တဲ့သူတွေကလည်း ပွဲခင်းထဲမှာ  ဂိမ်းကစားနည်းတွေကို ပျော်ပျော်ရွှင်ရွှင်တန်းစီပြီးတော့ ပါဝင်ခဲ့ကြပါတယ်။

ဒါနဲ့ တန်းစီပြီးတော့ မျက်နှာကိုဆေးခြယ်ခဲ့တဲ့သူတွေရော ရှိပါသလား?

ပါးနှစ်ဖက်မှာနှစ်နိုင်ငံအလံကို ရေးဆွဲထားတဲ့သူတွေများပြီးတော့

ချစ်စရာကောင်းတဲ့ကြောင်ရုပ်လေးတွေ ခြယ်ထားတဲ့သူတွေကိုလည်း တွေ့ခဲ့ရပါတယ်။

သူတို့ကိုသိတဲ့သူရှိပါသလား ?

Happy Japan အစီအစဥ်မှာပါဝင်တဲ့ ဂျပန်လူရွှင်တော် ၅ ယောက်ကလည်း ဒီပွဲလေးမှာ ပါဝင်ခဲ့ကြပါသေးတယ်။ ပုံထဲမှာတော့ ၃ ယောက်ထဲပါပါတယ်။ သူတို့ဆီမှာလည်း နာမည်ပြောင်လေးတွေရှိတယ်နော်။

နောက်ပြီးတော့ သားသားမီးမီးတွေအတွက်လည်း ပျော်စရာကောင်းတဲ့အစီအစဥ်တွေပါဝင်ခဲ့ပါတယ်။

အဲ့ဒီပွဲခင်းထဲမှာ အာတာပူစီလည်း ရောင်းချခဲ့ပါသေးတယ်။

တန်းစီပြီးဝယ်နေကြတာကို ကြည့်လိုက်ပါဦး။

ရောင်းကောင်းတယ်နော်……

အဲ့ဒီအာတာပူစီရဲ့ ကောင်တာထဲမှာ လာရောက်တဲ့သူတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ သီချင်းဆိုနေကြတာကို တွေ့ရှိခဲ့ရပါသေးတယ်။

 

တန်းစီနေတဲ့ပုံထဲက ဘယ်ဘက်ဘေးကောင်တာကိုလည်းရှိုးလိုက်ပါဦး…..

ဂျပန်စာသင်ကြားနေတဲ့သူတွေအတွက် အရမ်းအထောက်အကူပြုတဲ့ NHK World  ကလည်း ပါဝင်ခဲ့ပါသေးတယ်။

ကွင်းတစ်ပတ်ပြည့်အောင် တန်းစီလိုက် ဂိမ်းကစားလိုက်နဲ့မောလာတဲ့အခါမှာ စားဖို့အတွက် ဂျပန်အစားအစာတွေကို ရောင်းချပေးခဲ့ပါတယ်။

 

အမောပြေသောက်ဖို့အတွက် Japan Juice

 

ဂျပန်ရဲ့ ပွဲတော်တွေမှာ မပါမဖြစ် Takoyaki

Gyouza ၊ ဆူရှီ နဲ့ ကြက်ကြော်

ဂျပန်နိုင်ငံရဲ့ အသင့်စားခေါက်ဆွဲထုပ် Acecook နဲ့ ရိုးရာခေါက်ဆွဲ

ဂျပန်လူမျိုးတွေရဲ့ မပါမဖြစ် Kirin Ichiban Beer

စတဲ့ အစားအစာမျိုးစုံနဲ့ သောက်စရာတွေကိုလည်း တည်ခင်းရောင်းချပေးခဲ့ပါတယ်။

နောက်ပြီးတော့ ဒီလိုဓာတ်ဖမ်းလို့ရတဲ့နေရာတွေလည်း ရှိပါတယ်။

မိုရီဆာကီဝင်းပြောတဲ့ သူ့ရဲ့အသဲသေးသေးလေးတွေအတွက်ဆို ပျော်စရာကြီးနော်…..

ဒီအစီအစဥ်တွေအပြင် ညပိုင်းဖျော်ဖြေရေးအစီအစဥ် ရှိပါသေးတယ်။

ဖျော်ဖြေရေးအစီအစဥ်မှာ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးမိန့်ခွန်းပြောကြားပြီးနောက်  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည် ပေးပို့တဲ့ သဝန်လွှာကို ဗီဒီယိုနဲ့ပြသခဲ့ပါတယ်။

အဲ့ဒီနောက်မှာ ဂျပန်အဆိုတော်ဖြစ်တဲ့ Rimi Natsukawa နဲ့ Primax အဖွဲ့တို့နဲ့အတူ မြန်မာအဆိုတော်များက အတူတကွ သီဆိုဖျော်ဖြေခဲ့ပါတယ်။

လာရောက်ဖျော်ဖြေပေးခဲ့တဲ့ မြန်မာအဆိုတော်တွေကတော့ Project K ၊ အမွန်း ၊ ချမ်းမြေ့မောင်ချို ၊ ဘန်နီဖြိုး ၊ ပန်းရောင်ခြယ်နဲ့ G-fatt တို့က ပါဝင်ဖျော်ဖြေပေးခဲ့တာပဲဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ တူတူရေဝါးအစီအစဥ်လည်းပါဝင်ခဲ့ပါသေးတယ်။

ဖျော်ဖြေရေးအစီအစဥ်တွေ ကျင်းပနေတဲ့အချိန်မှာ တဖြည်းဖြည်းနဲ့ပရိတ်သတ်တွေလည်း ပိုပိုပြီးများလာခဲ့ပါတယ်။

နောက်ဆုံးအစီအစဥ်အနေနဲ့ နှစ်တိုင်း သီဆိုနေကျဖြစ်တဲ့ Mirai ဆိုတဲ့သီချင်းကို အားလုံးအတူတူသီဆိုပြီးတဲ့နောက် Matane ဆိုတဲ့ဂျပန်စကားလုံးကို အတူတူပြောပြီး ပျော်ရွှင်စွာနဲ့အဆုံးသတ်နှုတ်ဆက်ခဲ့ကြပါတယ်။

Japo Myanmar လည်း ပျော်ရွှင်စွာပါဝင်ခဲ့ကြောင်းကို တင်ပြရင်းနဲ့ ဒီပွဲကိုအကြောင်းအမျိုးမျိုးကြောင့် မလာဖြစ်ခဲ့တဲ့သူတွေကို နောက်နှစ်မှာလည်းလာရောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: