ဂျပန်ထုတ်ကုန်တွေရဲ့ စျေးကြီးရတဲ့ အကြောင်းအရင်း

အားလုံးပဲ PC ဆိုရင် ဘယ်မိတ်ကိုအသုံးပြုကြပါသလဲ ?

ဂျပန်ပစ္စည်းတွေက စျေးကြီးတယ်ဆိုပြီးတော့ ထိုင်ဝမ်နဲ့ တရုတ်ပစ္စည်းတွေကို သုံးတဲ့သူတွေပိုများမယ်လို့ထင်ပါတယ်။

ဂျပန်မှာထုတ်လုပ်တဲ့ အတွက်ကြောင့် စျေးကြီးတာ မဟုတ်ပဲနဲ့ ဂျပန်ရဲ့ အရည်အသွေးကြောင့် စျေးကြီးတယ်ဆိုတာကိုရော သိကြပါသလား?

 

http://www.itmedia.co.jp/pcuser/articles/1610/05/news001.html

 

ဘာက အဲ့လောက်ထိ ထူးဆန်းနေလဲဆိုတာကို ပြောပြရမယ်ဆိုရင် ……

ဒီလောက်စီစစ်ပြီးတင်ပို့တဲ့  PC မရှိဘူးလို့ ပြောရလောက်အောင် အတွင်းပိုင်းကို စိစစ်ထားတာဖြစ်ပါတယ်။

Panasonic ရဲ့ Let’s Note ကိုထုတ်လုပ်နေတဲ့  Kobe, Hyogo စီရင်စု (兵庫県神戸市) စက်ရုံမှာ ပြုလုပ်နေတဲ့ စမ်းသပ်မှုကို ကြည့်ကြပါဦး။

 

 ပြုတ်ကျတဲ့စမ်းသပ်မှု

 

PC ကိုစားပွဲပေါ်မှာ သုံးနေရင်းနဲ့ အားသွင်းကြိုးကို ခလုတ်တိုက်တာတို့ စတဲ့ အကြောင်းအမျိုးမျိုးကြောင့်  PC က ပြုတ်ကျသွားတာမျိုး ရှိဖူးလား ? ?

Panasonic မှာတော့ 76      စင်တီမီတာ အမြင့်ကနေ ပစ်ချတဲ့စမ်းသပ်မှုကို အထပ်ထပ်အခါခါ ပြုလုပ်ခဲ့ပါတယ်။

 

အဲ့လိုစမ်းသပ်မှုမှာ ပျက်စီးခဲ့နေတာကို တင်ပို့လို့ မရတဲ့ အတွက်ကြောင့် အတွင်းပိုင်း  ပြင်ဆင်မှုကိုပါပြုလုပ် ခဲ့ရပါတယ်။

76      စင်တီမီတာကနေပစ်ချရင်တောင် အဆင်ပြေရင်တော့ လူတော်တော်များများအသုံးပြုနေတဲ့ စားပွဲခုံကနေဆိုရင်လည်း အဆင်ပြေနိုင်ပါတယ်။

အဲ့လိုသပ်သပ်ရပ်ရပ်ကျတဲ့ ပုံစံနဲ့ မကျဖူးဘူးမလား?

ဟုတ်ပါတယ် အဲ့လိုနေရာတွေကို ယူဆပြီးတော့ အားလုံးရဲ့ကိုယ်စား ပြုတ်ကျတဲ့ စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။

ဒါကတော့ 30 စင်တီမီတာ အမြင့်ကနေဆိုပေမယ့် အိတ်ထဲကနေထုတ်ရင်းနဲ့ ပြုတ်ကျတဲ့ ပုံစံကို စဥ်းစားလိုက်မယ်ဆိုရင် အဲ့လောက်အမြင့်ဖြစ်မယ်လို့ ထင်ပါတယ်။

 

ဖိအားနဲ့တုန်ခါမှုရဲ့စမ်းသပ်ချက်

 

ဂျပန်ရဲ့ ရထားတွေက ကြောက်စရာကောင်းလောက်အောင်လူများပါတယ်။

အဲ့ဒီထဲမှာ လူတွေတိုးတာဖိတာ ခံရမယ်ဆိုရင်တောင်မှအဆင်ပြေနိုင်လောက်တဲ့ ပစ္စည်းဖြစ်ဖို့ အရေးကြီးပါတယ်။

100kgf အား ကို ကျော်တဲ့ တုန်ခါမှုနဲ့ စမ်းသပ်ခဲ့ပါတယ်။

 

မော်နီတာ အဖုံးရဲ့ တာရှည်ခံမှုစမ်းသပ်ချက်

 

မော်နီတာကိုဖွင့်လိုက်တဲ့ အခါမှာ အဖုံးအောက်နားက ဝင်ရိုးလို အစိတ်အပိုင်းဖြစ်ပါတယ်။

အဲ့ဒါက တော်တော်များများ ပျက်တဲ့ အပိုင်းဖြစ်ပါတယ်။

Let’s Note မှာ ၇ နှစ်အတွင်း အသုံးပြုတယ်လို့ ယူဆထားပြီးတော့ ဖွင့်လိုက်ပိတ်လိုက် အကြိမ်ကြိမ်လုပ်ပြီးစမ်းသပ်ခဲ့ပါတယ်။

လက်တွေ့မှာအဲ့ဒီအကြိမ်အရေအတွက်ထက် တာရှည်ခံရဲ့လားဆိုတာကို စမ်းသပ်စစ်ဆေးလျက်ရှိပါတယ်။

အောက်မှာပြထားတဲ့ Video ကိုကြည့်လိုက်မယ်ဆိုရင် ပိုပြီးရှင်းလင်းသွားပါလိမ့်မယ်။

နောက်ထပ် ကီးဘုတ်ရဲ့ တာရှည်ခံမှုနဲ့ ရေစို ခံမခံကိုစမ်းသပ်ခဲ့ပါတယ်။

PC ကနေလျှပ်စစ်သံလိုက်လှိုင်း ထုတ်မနေဘူးလား? ဆိုတဲ့ စစ်ဆေးမှုတွေပြုလုပ်နေတဲ့အတွက် တာရှည်ခံတဲ့ အပြင် အသုံးပြုသူရဲ့ ခန္ဓာကိုယ်ကိုလည်းမထိခိုက်စေဖို့အတွက် ထည့်သွင်းစဥ်းစားပေးထားပါတယ်။

 

နောက်တစ်ခု အံ့သြဖို့ကောင်းတာက တာရှည်ခံဖို့ စမ်းသပ်ပြုလုပ်ထားတဲ့ အတွက်ကြောင့် ကြီးပြီးတော့လေးနေမှာကို မစိုးရိမ်ရပါဘူး။

အဲ့လောက်ထိ အရေအသွေးကောင်းတဲ့အတွက် တခြားကုမ္ပဏီက ပစ္စည်းတွေထက် စိတ်ချလက်ချ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Catalog မှာမြင်ရတဲ့ spec ကလည်း အရေးကြီး ပေမယ့်  Catalog မရှိဘဲ အရည်အသွေး ကို နိုက်နိုက်ချွတ်ချွတ်မပြောနိုင်တာက ဂျပန်အရည်အသွေးကြောင့်ပဲ ဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: