ဂျပန်သွားကြားထိုးတံက ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ ပြောရတဲ့ အကြောင်းရင်း။ လက်မှုပညာဆန်တဲ့ စစ်ဆေးမှု နည်းပညာ။

အစာစားပြီးနောက် သွားကြားထဲ ကပ်နေတဲ့ အစာများကို ဖယ်ရှားရန်အတွက် အဆင်ပြေတဲ့ သွားကြားထိုးတံကို အသုံးပြုကြပါတယ်

၎င်းတို့ကို ကမ္ဘာတစ်ဝှမ်းတွင် ပြုလုပ်ရောင်းချနေပေမဘ့် ဂျပန်သွားကြားထိုးတံတွေကိုတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ ဆိုကြပါတယ်

ဟုတ်ပါတယ်၊ ထုတ်လုပ်မှုနည်းပညာကလည်း အံ့သြစရာကောင်းပေမယ့် အံ့သြစရာအကောင်းဆုံးကတော့ သူ့ိငု စစ်ဆေးတဲ့ နည်းပညာပဲဖြစ်ပါတယ်

ဓာတ်ပုံကို ကြည့်ပါ။

ဘာလုပ်နေလဲ သိပါသလား?

ညီညီညာညာ တန်းစီထားတဲ့ သွားကြားထိုးတံများဖြစ်ပါတယ်

ဒါကို ကြည့်ရင်း စစ်ဆေးပြီး ပုံသဏ္ဍာန်တစ်မျိုးကြီးဖြစ်နေတာမျိုး သို့မဟုတ် အရောင်အသွေး စတာတွေကို ရွေးထုတ်ရန်၊ ချွတ်ယွင်းပစ္စည်းအရေအတွက်ကို 0 ဖြစ်အောင်လုပ်နေတာပါ

ပုံကည့်ရံုနဲ့ ရူးချင်သွားပါသလား?

ဒါကို တစ်နေ့လုံးလုပ်ရမယ်ဆိုရင်တော့ မလုပ်တော့ဘူး။

သွားကြားထိုးတံလေးကို

အဆင်မပြေတာပါလာလည်း နောက်တစ်ချောင်းထုတ်သုံးမှာပေါ့လို့ ပုံမှန်တွေးတတ်ကြပါတယ်

ချို့ယွင်းထုတ်ကုန် လုံးဝမရှိစေဖို့ ဒီလောက်အထိလုပ်နေတဲ့ ဂျပန်နိုင်ငံပါပဲ

တကယ်ကို HENTAI JAPAN (ထူးဆန်း) ပါပဲ

နိုင်ငံရပ်ခြားကထုတ်တဲ့ သွားကြားထိုးတံ ၄၅၀ ပါတဲ့ တစ်ဗူးကို ဂျပန်မှာ ယန်း ၁၅၀ ဝန်းကျင် ကုန်ကျပါတယ်။

ပြည်တွင်းထွက်ကုန်က ယန်း ၂၀၀။

စျေးနည်းနည်းကြီးပေမယ့် အလုပ်ပမာဏအတွက် သင့်တော်တဲ့စျေးနှုန်းလို့တော့ မထင်ပါဘူး၊ ဘယ်လိုပဲကြည့်ကြည့်၊ လွန်နေတယ်မထင်ဘူးလား

ဒီလိုလုပ်တာမျိုးက သွားကြားထိုးတံတစ်ခုတည်းမှာပဲ မဟုတ်ပါဘူး

ဝက်အူ၊ ကျောက်လှည့်တွေမှာလည်း ဒီလိုပါပဲ

အဆင်မပြေရင် ပစ်လိုက်ပေါ့လို့ လွယ်လွယ်ပြောမရတဲ့ နယ်ပယ်တွေ ရှိနေပုံရပြီး တလေးတစား ထုတ်လုပ်တ်ကြတာပါ

ဥပမာအားဖြင့်၊ ဒုံးပျံအတွက် ဝက်အူ။

ဝက်အူ အနည်းငယ်ချို့ယွင်းနေလို့ ကွဲသွားပါက၊ ဆိုးရွားတဲ့ မတော်တဆမှုဆီသို့ ဦးတည်သွားနိုင်ပါတယ်

ထို့ကြောင့် NASA ဟာ ဂျပန်အသေးစားနှင့် အလတ်စားလုပ်ငန်းများထံမှ အမြောက်အမြားမှာယူနေတာပါ။

ဒါပေမယ့် သွားကြားထိုးတံကိုတော့ ဒီလောက်ကြီးလုပ်စရာလိုလို့လား

လွန်လွန်ကျူးကျူးလုပ်တတ်တဲ့ ပြီးပြည့်စုံတာလိုချင်တဲ့ (HENTAI JAPAN) ထူးဆန်းတဲ့ဂျပန်ပါပဲ

ဘယ်လိုထင်ပါသလဲ?

Abe Kengo

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: