အဆောင်? ပုံမှန်အတိုင်း သုံးလည်းအသုံးဝင်မယ့် Kanzashi (ဆံထိုး) လို့ထင်ပါတယ်။

ကီမိုနိုဝတ်မိန်းကလေးတွေရဲ့ ဦးခေါင်းမှာ အလှဆင်တဲ့ Kanzashi

ဂျပန်ဆန်ဆန်နဲ့ လှလိုက်တာလို့ တွေးမိတဲ့သူ များမယ်ထင်ပါတယ်

တကယ်တော့ အနောက်တိုင်းအဝတ်တွေနဲ့လည်း လိုက်ဖက်မှုရှိလှပါတယ်

ချစ်စရာကောင်းသလို အသုံးလည်းဝင်ပါတယ်

 

Kanzashi တွေပေါ်လာတာက အမဲလိုက်ခြင်းကို အဓိကထားပြီး နေထိုင်ခဲ့ကြတဲ့ Jomon ခေတ်ပါ

အဲ့ဒီခေတ်က ချွန်ထက်တဲ့ အချောင်းလေးတစ်ချောင်းမှာ မှော်အစွမ်းရှိတယ်လို့ ယုံကြည်ကြပါတယ်

အဲ့ဒီအတွက် အဆောင်အနေနဲ့ ဆင်မြန်းခဲ့ကြပါတယ်

ဒီလိုယုံကြည်လာရာကနေ ဆာမူရိုင်းဓားတွေမှာ ထူးခြားတဲ့အဓိပ္ပာယ်တွေရှိတယ်လို့ ဖြစ်လာပုံပါပဲ

 

အခုဒီစာကိုဖတ်နေသူဟာ ဆံသားရှည်ရှည်လေးကို သားရည်ကွင်း ခေါင်းစည်းကြိုးနဲ့ ချည်ထားတာလား?

Kanzashi နဲ့သုံးပြီးထုံးရင် အရမ်းကိုလွယ်ကူပြီး ချစ်စရာ‌လည်း ကောင်းလှပါတယ်

https://www.youtube.com/watch?v=dFeg0mRPVBA

 

တစ်ယောက်တည်းလုပ်ရင်ကို လွယ်လွယ်ကူကူ လုပ်နိုင်ပါတယ်

https://www.youtube.com/watch?v=_lYnwvMkwno

 

အလုပ်လုပ်တဲ့အခါ ဆံပင်ကစိတ်ရှုပ်စေတယ်ဆိုရင် Kanzashi လေးနဲ့ထုံးကြည့်လိုက်ပါလား?

 

Kanzashi မှာလည်း ဒီဇိုင်းအမျိုးမျိုးရှိပါတယ်

https://toiki.jp/fs/toiki/3331-00002-A-Y

https://tanp.jp/products/view/18753

 

 

ကိုယ်ကြိုက်တာလေး ရွေးပြီး ဆင်မကြည့်ချင်ဘူးလား?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: