ပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်စေတဲ့ ပလတ်စတစ်တစ်မျိုး ဂျပန်နိုင်ငံမှထုတ်လုပ်

ပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်စေတဲ့ ပလတ်စတစ်တစ်မျိုး ဂျပန်နိုင်ငံမှထုတ်လုပ်
Mr. Kamiya Kazuhito ဟာ ဆန်ကနေ ပြုလုပ်တဲ့ ဘိုင်အိုပလက်စတစ် (bioplastic) ကိုရရှိဖို့ သုတေသနလုပ်နေတာ နှစ် ၂၀ တောင်ရှိပြီဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ပတ်ဝန်းကျင်ကို အန္တရာယ်မပြုတဲ့၊ ရောင်းတန်းဝင်အသုံးချနိုင်တဲ့ အရာတစ်ခုကို ဖန်တီးနိုင်သွားပြီပဲ ဖြစ်ပါတယ်။
ဆန်ဆိုတာက မစားဖြစ်ဘဲ အကြာကြီးသိုလှောင်ထားရင် ပိုးတက်၊ မှိုတက်တတ်ပြီး ရောင်းမရတော့ပါဘူး။ ဒီလိုဆန်တွေကို သုံးပြီးတော့ polypropylene နဲ့ပေါင်းစပ်ပြီး biomass plastic လို့ခေါ်တဲ့ ပလက်စတစ်အမျိုးအစားတစ်ခုကို ထုတ်လုပ်နိုင်ခဲ့တာပါ။
တကယ်တော့ ဒီအရာနှစ်ခုဟာ ဘယ်လိုမှပေါင်းစပ်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ ဆန်မှာ hydrophilic ဂုဏ်သတ္တိရှိပြီး၊ polypropylene က ဆီလိုမျိုးဖြစ်နေတဲ့ synthetic polymer ဓာတ်ရှိပါတယ်။ ဒါပေမယ့် hydroxy အုပ်စုဝင်ဖြစ်တဲ့ ဆန်ကရတဲ့ အမှုန့်နဲ့ ရောစပ်သွားပြီးတော့ အရမ်းကို သန်မာတဲ့ အရာတစ်ခု ဖြစ်ပေါ်သွားခဲ့တာပါ။
လက်ရှိမှာ Mr. Kamiya Kazuhito ရဲ့ကုမ္ပဏီကနေ နေ့စဉ်သုံး ပစ္စည်းတွေဖြစ်တဲ့ ဖုန်းကာဗာ၊ ထမင်းဘူး စတာတွေကို biomass plastic အသုံးပြုပြီး ထုတ်လုပ်နေပါတယ်။
အထူးသဖြင့် ကလေးကစားစရာတွေကို biomass plastic သုံးပြီးထုတ်လုပ်တာက ကစားစရာတွေကို ပါးစပ်နဲ့ကိုက်တတ်ကြတဲ့ ကလေးတွေရဲ့ မိဘတွေအတွက် အတော်ကို စိတ်အေးစေတဲ့အရာပဲဖြစ်ပါတယ်။
Source: NHK
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: