ဆောင်းရာသီ ဓာတ်အားပြတ်တောက်မှုအတွက် ပြင်ဆင်နေတဲ့ဂျပန်

နျူကလီးယား ဓာတ်အားပေးစက်ရုံ ၉ ရုံအထိတိုးချဲ့မယ့် ဂျပန်

ဆောင်းရာသီတွင် ဂျပန်နိုင်ငံတစ်ခုလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု လျော့ကျသွားမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၁၀ ရာခိုင်နှုန်းခန့်ရရှိနိုင်ဖို့ စက်ရုံ ၉ ရုံအထိ လည်ပတ်ဖို့ ညွှန်ကြားထားပါတယ်

“ဒီအချက်တွေကို အကောင်အထည်ဖော်မယ်ဆိုရင် ပြီးခဲ့တဲ့ သုံးနှစ်နဲ့ ယှဉ်ရင် အမြင့်ဆုံး ထောက်ပံ့နိုင်မှု ရရှိနိုင်မှာပါ။ အစိုးရရဲ့ တာဝန်အရ ဆောင်ရွက်ချက်တွေ အားလုံးက
ဒီဆောင်းရာသီမှာတင်မကဘဲ၊ အနာဂတ်မှာလည်း တည်ငြိမ်တဲ့ လျှပ်စစ်ဓာတ်အားရရှိရေး အတွက် အစွမ်းကုန် ကြိုးစားလုပ်ဆောင်သွားမှာပါ။” လို့၎င်းကပြောခဲ့ပါတယ်

“ လုံခြုံရေးသည် အဓိက”
အဏုမြူဓာတ်အားပေးစက်ရုံနှင့် ပတ်သက်ပြီး “အခြေခံသဘောတရားကတော့ အရင်အတိုင်းပါပဲ၊ အဓိကကျတဲ့ ဘေးကင်းမှုနဲ့အတူ ဒေသခံတွေရဲ့ ထင်မြင်ယူဆချက်တွေကို နားထောင်ရင်းနဲ့ ပြန်လည်စတင်ခြင်းကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Nuclear Regulatory Commission ဟာ စစ်ဆေးမှု စွမ်းဆောင်ရည် မြှင့်တင်ရန် ကြိုးပမ်းမှုများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒေသန္တရ အစိုးရ၊ သက်ဆိုင်ရာဆက်နွယ်သူများရဲ့ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရရှိရန် နိုင်ငံတော် အစိုးရမှ ဆက်လက် ဦးဆောင်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

အကောင်အထည်ဖော်မယ့် စီရင်စုနဲ့ power plant တွေကတော့

▼ Fukui စီရင်စုမှာ
◇ Takahama Nuclear ဓာတ်အားပေးစက်ရုံ Power Plant Units 3, 4၊
◇ Oi Nuclear Power Plant Units 3, 4၊
◇ Mihama Nuclear ဓာတ်အားပေးစက်ရုံ Power Plant Units 3၊
▼ Ehime စီရင်စု
◇ Ikata Nuclear Power Plant Unit 3၊
▼ Saga စီရင်စု
◇ Genkai နျူကလီးယား ဓာတ်အားပေးစက်ရုံ Power Plant Units 3၊
▼ ကာဂိုရှီးမားစီရင်စု
◇ Sendai Nuclear Power Plant Units 1, 2
တို့ပဲဖြစ်ပါတယ်

Power supply အတွက် ကြိုးပမ်းနေတဲ့အစိုးရကိုတော့ ကျေးဇူးတင်မိပါတယ်
ဘေးမဖြစ်စေဖို့ အထူးသတိထားလုပ်ဆောင်ဖို့လည်း လိုမယ်ထင်ပါတယ်

စာဖတ်သူကရော နျူကလီးယားစက်ရုံတွေအများကြီး ပေါ်လာမှာ ကြောက်မိပါသလား?
Power supply အတွက် စိတ်အေးသွားပါသလား?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: