ကမ္ဘာ့အကြီးဆုံး နူကလီးယားပေါင်းစပ် စမ်းသပ်စက်ရုံ အကောင်အထည်ဖော်ခြင်း။ ဂျပန်က စွမ်းအင်ကြီးမားတဲ့ နိုင်ငံတစ်ခုဖြစ်လာနိုင်မှာလား?

လူသားတွေ နေ့စဥ်ဘဝနေထိုင်ရာမှာ မရှိမဖြစ်ဖြစ်လာတဲ့ လျှပ်စစ်။

လျှပ်စစ်မရှိခဲ့တဲ့ခေတ်မှာ ဘယ်လိုနေထိုင်ခဲ့ကြပါလိမ့်? လို့တွေးမိလောက်အောင်ကို အခုခေတ်လူ့အဖွဲ့အစည်းဟာ လျှပ်စစ်အပေါ် မှီခိုနေရပါတယ်။

 

ရုရှားနဲ့ ယူကရိန်းစစ်ဖြစ်ပြီး၊ ရုရှားရဲ့ ဓာတ်ငွေ့ထောက်ပံ့နိုင်မှု ပြဿနာစဖြစ်ခဲ့ပါတယ်။

တခြားနိုင်ငံကို မမှီခိုဘူးဆိုတဲ့ စွမ်းအင်ဗျူဟာ လိုအပ်တယ်ဆိုတဲ့ ဘက်ကို ကမ္ဘာကြီးကအတွေးရောက်သွားပါတယ်။

 

တည်ငြိမ်တဲ့ စွမ်းအင်ကို၊

ကမ္ဘာ့ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနည်းတဲ့ စွမ်းအင်ကို

ဒီလိုဖြစ်လာတော့ လက်ရှိလူ့အဖွဲ့အစည်းရဲ့ နည်းပညာနဲ့ဆိုရင် ရောက်သွားမယ့်နေရာက နူကလီးယားကို အသုံးပြုတဲ့ နူကလီးယားစွမ်းအင်ကထုတ်ရတဲ့ လျှပ်စစ်ကိုပဲ ရောက်လာပါတယ်။

သို့သော် ဒီနူကလီးယားပြဿနာဟာ ဂျပန်မှာ တော်တ်ောလေးအမြစ်တွယ်နေတဲ့ ပြောစရာဖြစ်လာပါတယ်

 

ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်ရဲ့ ဗုံးဒဏ်ကို ၂ ကြိမ်ခံခဲ့ရပြီး သနားစဖွယ် ဆိုးရွားလှတဲ့အခြေအနေကို ရောက်ခဲ့ပါတယ်

သာမန်ဗုံးမဟုတ်ဘဲ အချိန်တော်တော်ကြာအထိ ကျန်နေခဲ့တဲ့ ရေဒီယိုသတ္တိကြွ ညစ်ညမ်းမှုပါ။

ပြီးတော့ အဲ့ဒါကြောင့်ဒုက္ခရောက်ခဲ့တဲ့ လူတွေဟာလည်း အခုထိအသက်ရှိနေပါသေးတယ်

 

ဒါ့အပြင် ၂၀၁၁ ခုနှစ် ဟိဂရှိဂျပန်ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက်မှာ ဖုခုရှိမနူကလီးယားဓာတ်ပေါင်းဖိုမှာ မတော်တဆမှုဖြစ်ခဲ့ပါတယ်

အကုန်လုံးလည်း သိပြီးကြမယ်ထင်ပါတယ်

 

ဒီလောက်အတိုင်းအတာရှိတဲ့ နူကလီးယားပြဿနာဟာ တော်တော်နဲ့တော့ မပေါ်လာတတ်ပေမယ့် ဂျပန်ဟာ ၂ ကြိမ်တောင် ကြုံတွေ့ခဲ့ရပါတယ်

နူကလီးယား နဲ့ ဂျပန်၊ လိုက်ဖက်ညီမှုဟာ ဆိုးဝါးတာလား? လို့တွေးရလောက်အောင်ပါပဲ

ဂျပန်နိုင်ငံသားတွေရဲ့ အတွေးကဆိုရင် နူကလီးယားဖျက်သိမ်းရေးအကြောင်းပြောတဲ့ နိုင်ငံရေးသမားကို ပိုအားပေးကြတဲ့အထိပါပဲ

မီသိန်းဟိုက်ဒရိတ် ပါဝင်နှုန်းများတဲ့ စကားလည်းရှိပြီး၊ နောက်ပိုင်းမှာ အချိန်ယူလုပ်ဆောင်သွားမယ့် နည်းပညာအသစ်ရှိပေမယ့်၊ လောလောဆယ်မှာတော့ နူကလီးယားကိုပဲ အားကိုးရမယ့် အခြေအနေကို ရောက်နေပါတယ်

 

ဒီနေရာမှာ ရလာတာက နူကလီးယား ပေါင်းစပ်မှုနည်းလမ်းလို့ခေါ်တဲ့  နူကလီးယားအသုံးပြုနည်း အသစ်ပဲဖြစ်ပါတယ်

သာမန်နူကလီးယားဓာတ်ပေါင်းဖိုတွေမှာ နူကလီးယား ခွဲခြမ်းမှုနည်းလမ်းကို သုံးပါတယ်

ဆက်တိုက်ဖြစ်ပေါ်နေတဲ့ နူကလီးယား ခွဲခြမ်းမှုအမြန်နှုန်းကို ထိန်းချုပ်ပြီး၊ စွမ်းအင်ကို ရလာပါတယ်

ဒီလို မထိန်းချုပ်ထားတဲ့ အခြေအနေမှာ ဖောက်ခွဲရေးလက်နက် ဖြစ်လာပါတယ်

ထိန်းချုပ်ရတာက အဓိကပြဿနာပါပဲ

ပြီးတော့ ဖုခုရှိမ မတော်တဆမှုကလည်း မထိန်းချုပ်နိုင်တော့တာကြောင့် ဖြစ်ခဲ့တာပါ

 

ဒါနဲ့ယှဥ်လိုက်ရင် နူကလီးယား ပေါင်းစပ်မှုနည်းလမ်းဟာ ဆက်တိုက်လုပ်ဆောင်ဖို့ ခက်ခဲတဲ့ အရည်အသွေးရှိပါတယ်

မထိန်းချုပ်ထားရင် ဆက်တိုက်မလုပ်ဆောင်တော့ဘဲ ရပ်သွားတဲ့ ဆန့်ကျင်ဘက် ထိန်းချုပ်မှုကို လိုအပ်တာကြောင့်၊ အကယ်၍ မတော်တဆမှုသာဖြစ်ခဲ့ရင် ရပ်သွားတာကြောင့် အန္တရာယ်မရှိဘူး ဆိုပြီး ကွဲပြားချက် ကြီးကြီးမားမား ရှိနေပါတယ်

နူကလီးယား ပေါင်းစပ်မှုနည်းလမ်းဟာ နေစွမ်းအင်နဲ့ တူတာကြောင့်၊ “ဟမ်? နေဆိုတာ ပေါင်းစပ်မှုဆက်တိုက်ဖြစ်နေတာမလား?” လို့တွေးမိသူ ရှိမယ်ထင်ပါတယ်

ဒါကိုတော့ လွယ်လွယ်ကူကူ ရှင်းပြလို့မရလို့ ရှာဖွေလေ့လာကြည့်ကြည့်ပါနော်

ဒီလို ကောင်းကွက်တွေရှိတဲ့ နူကလီးယား ပေါင်းစပ်မှုနည်းလမ်းကနေ လျှပ်စစ်ထုတ်လုပ်ခြင်း။

တစ်ကမ္ဘာလုံးမှာ သုတေသနအမျိုးမျိုးလုပ်နေကြပြီး၊ ဂျပန်မှာလည်း လူသိများလာပါတယ်

 

ဂျပန်နဲ့ EU နိုင်ငံတွေပူးပေါင်းပြီး နူကလီးယား ပေါင်းစပ်မှု လက်တွေ့စမ်းသပ်ကိရိယာကို ၂၀၂၂ ခုနှစ် Ibaraki မှာလက်တွေ့စတင်ပါတော့မယ်

ကမ္ဘာ့အကြီးဆုံး အတိုင်းအတာဖြစ်ပုံရပြီး တစ်ကမ္ဘာလုံးက သုတေသနပညာရှင်တွေ လာကြမယ့်ပုံပါပဲ

နူကလီးယား ပေါင်းစပ်မှုမှာလည်း စဥ်းစားနည်းအမျိုးမျိုး၊ လုပ်ပုံလုပ်နည်း အမျိုးမျိုး ရှိပုံရပြီူ၊ အခုတစ်ခေါက် လက်တွေ့စမ်းသပ်စက်ရုံမှာ လုပ်ဆောင်မယ့် လျှပ်စစ်ထုတ်လုပ်နည်းလမ်းမှာ ဒီလိုကောင်းကွက်တွေရှိပါတယ်

 

  1. ထိန်းချုပ်ရလွယ်ကူပြီး အန္တရာယ်ဖြစ်နိုင်ချေ နည်းတယ်

ဒါကခုန ပြောပြခဲ့တဲ့အရာပါ

 

  1. လောင်စာက ပင်လယ်ရေကလာပြီး ခမ်းခြောက်မှုမရှိခြင်း

ပင်လယ်ရေပတ်ပတ်လည်ဝိုင်းနေတဲ့ ဂျပန်ဆိုတော့ ကျေးဇူးတင်စရာပါပဲ

 

  1. ပမာဏနည်းနည်းလေးနဲ့ ကြီးမားလှတဲ့ စွမ်းအင်ကိုထုတ်လုပ်နိုင်တယ်

လောင်စာ 1gdရေနံ 8 တန်လောက်ရှိတဲ့ စွမ်းအင်ကို ထုတ်လုပ်နိုင်ပါတယ်

 

4.ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု zero

ကမ္ဘာကြီးပူနွေးလာမှုအတွက် တန်ပြန်လုပ်ဆောင်ချက်အဖြစ် မရှိမဖြစ်ပါပဲ

 

5. လယ်ဗယ်မြင့် ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်း မရှိခြင်း

ဒါကလည်း သာမန် နူကလီးယားစွမ်းအင်ထုတ်စက်ရုံတွေမှာ ကြီးမားတဲ့ ပြဿနာဖြစ်ခဲ့တာပါ

ဒီလို ကောင်းတာတွေပဲ ပြည့်နေတဲ့ နူကလီးယား ပေါင်းစပ်မှု

တကယ်ပဲ ကောင်းကွက်တွေပဲလား? ဆိုတာကိုတော့ စမ်းသပ်မှုလုပ်တဲ့အခါ တွေ့ရပါလိမ့်မယ်

 

ပင်လယ်ရေ ပတ်ပတ်လည်ဝန်းရံထားတဲ့ ဂျပန်နိုင်ငံမှာ ကုန်ကြမ်းကတော့ လိုသလောက်ရမှာပါပဲ

ကမ္ဘာ့အကြီးဆုံး စမ်းသပ်ကိရိယာရှိပြီး တစ်ကမ္ဘာလုံးက သုတေသနပညာရှင်တွေလည်း စုပေါင်းပြီး ဆွေးနွေးကြမယ့် အဓိကနေရာပါပဲ

 

ကုန်ကြမ်းမရှိတဲ့ နိုင်ငံလို့ အပြောခံလာရတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်ဟာ စွမ်းအင်ထောက်ပံ့နိုင်မှု အင်အားကြီးနိုင်ငံ (energy superpower) ဖြစ်လာမယ် ဆိုတာကို တွေးမိပါသလား?

Abe Kengo

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: