အမေရိကန်ရဲ့ အနိုင်ပိုင်းခံလိုက်ရတဲ့ ဂျပန်နိုင်ငံကွန်ပျူတာလုပ်ငန်း ပြန်လည်မရှင်သန်ထမြောက်နိုင်တော့ဘူးလား

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က ဂျပန်နိုင်ငံမှာ ကွန်ပျူတာထုတ်လုပ်ရေးလုပ်ငန်းတွေ အများကြီးရှိခဲ့ပါတယ်။

NEC、SHARP、FUJITSU စတဲ့ ထုတ်လုပ်ရေးကုမ္ပဏီတွေဟာ အမှီအခိုကင်းစွာ တိုးတက်လာပြီး ရောင်းချလာခဲ့ကြပါတယ်။ Personal Computer လို့ခေါ်တဲ့စကားလုံး စတင်ပေါ်ပေါက်တဲ့အချိန်ကာလဖြစ်ပြီး အဲ့ဒီကစလို့ ဘယ်ထုတ်လုပ်ရေးလုပ်ငန်းရဲ့ Personal Computer က ရေပန်းစားလာမလဲဆိုတဲ့ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေကို အဲ့ဒီအချိန်ကတည်းက စိတ်ပါဝင်စားခဲ့ကြပါတယ်။

https://dime.jp

အဲ့ဒီကနေစလို့ နှစ်ပေါင်း ၄၀ ကြာတဲ့အခုလက်ရှိမှာ ဂျပန်နိုင်ငံက ဘယ်လိုအခြေအနေရှိလဲဆိုရင် ကွန်ပျူတာလုပ်ငန်းတည်ရှိမှုဟာ တန်ဖိုးကျဆင်းလျက်ရှိပါတယ်။

စနစ်ပိုင်းမှာဆိုရင်လည်း ဂျပန်နိုင်ငံထုတ်ပစ္စည်းဟာ မမြင်ရသလောက်ဖြစ်နေပြီး ထုတ်လုပ်သူအများစုဟာလည်း Personal Computer ထုတ်လုပ်ရေးကနေ စွန့်ခွာလာကြပါတယ်။

အချို့သောထုတ်လုပ်ရေးကတော့ ဆက်လက်လုပ်ကိုင်ကြပေမယ့် ထိုင်ဝမ်ထုတ်လုပ်ရေးလုပ်ငန်းစတာတွေမှာ လုပ်ငန်းအပ်နှံထုတ်လုပ်ကြပြီး အတွင်းပိုင်းအစိတ်အပိုင်းတွေကိုလည်း ကိုးရီးယားနိုင်ငံထုတ်စတာတွေနဲ့ ပြောင်းလဲလာလျက်ရှိပါတယ်။

OS၊ Windows၊ MacOS ကလည်း အမေရိကန်ထုတ်ဖြစ်ပါတယ်။

အဲ့ဒီ OS အပေါ် အမြတ်အစွန်းများရရှိစေသည့် ကြော်ငြာဝင်ငွေများကိုလည်း ပြည်ပကုမ္ပဏီများထံ ရောက်ရှိပါတယ်။

စမတ်ဖုန်းမှာဆိုရင်လည်း ပြည်တွင်းထုတ်လုပ်မှုဟာ လွန်စွာနည်းပါးပြီး ပြည်ပအပေါ် မှီခိုနေရတာဖြစ်ပါတယ်။

ဒီလို ဂျပန်နိုင်ငံက ကျရှုံးခဲ့ရတာက အမေရိကန်နဲ့လည်း သက်ဆိုင်နေပါတယ်။

ဂျပန်လူမျိုးတွေ မဟာမိတ်လို့ ခေါ်တဲ့ အမေရိကန်က ဂျပန်စက်မှုလုပ်ငန်းမှာ ဘာတွေလုပ်ခဲ့တယ်ဆိုတာကို လိုက်ကြည့်ရအောင်။

ဆီမီးကွန်ဒတ်တာလုပ်ငန်း ကျဆင်းလာခြင်း

ဆီမီးကွန်ဒတ်တာလုပ်ငန်းဆိုတာ အဓိကအနေနဲ့ ကွန်ပျူတာဆက်စပ်အစိတ်အပိုင်းတွေကို စီမံရတဲ့လုပ်ငန်းဖြစ်ပါတယ်။

၁၉၆၀ ခုနှစ်များမှ ၁၉၈၀ ခုနှစ်တွေအထိ “ အံ့ဖွယ် ဂျပန် စီးပွားရေးတိုးတက်မှု” ကို ပံ့ပိုးပေးပြီး ကမ္ဘာ့ထိပ်တန်းဖြစ်လာခဲ့တာကတော့ ဒီဆီမီးကွန်ဒတ်တာလုပ်ငန်းပါ။

၁၉၈၈ ခုနှစ်ရဲ့ ကမ္ဘာ့ရှယ်ယာကို ကြည့်ကြည့်တဲ့အခါ ဒီလိုအခြေအနေဖြစ်ပါတယ်။

・ ဂျပန်မပါ ကျန်အာရှဒေသအားလုံး ၃.၃%

・အမေရိက  ၃၆.၈%

・ဂျပန် ၅၀.၃%

အဲ့ဒီခေတ်ရဲ့ ကမ္ဘာထိပ်တန်းဖြစ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် စာရင်းဇယားမှာတော့ အမေရိကန်က ၅၀.၇%၊ ဂျပန်မပါ ကျန်အာရှဒေသက ၂၅.၂% နဲ့ ဂျပန်က ၁၀% ဖြစ်တဲ့အတွက် ဂျပန်တစ်ခုတည်းက နောက်ကောက်ကျနေတာဖြစ်ပါတယ်။

ဒီလိုဖြစ်ရတာ အမေရိကန်ကြောင့်လို့လည်း ပြောနိုင်ပါတယ်။

ကိုယ်ပိုင်လုပ်ငန်းကို ဆက်ထိန်းထားလိုတဲ့ အမေရိကန်ဟာ နိုင်ငံရေးအရ ဖိအားတွေပေးပြီး ၁၉၈၉ ခုနှစ်မှာ “ ဂျပန်-အမေရိကန် ဆီမီးကွန်ဒတ်တာသဘောတူညီချက်” ဟုခေါ်သော မမျှတတဲ့သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။

၅ နှစ်သက်တမ်းစီစဉ်ထားပေမယ့်လည်း ပိုမိုဆွဲဆန့်လို့ရတဲ့စာချုပ်ကို ချုပ်ဆိုခဲ့ရပါတယ်။

ဂျပန်ဈေးကွက်မှာ အမေရိကန် ဆီမီးကွန်ဒတ်တာ ထိုးဖောက်ဝင်ရောက်မှုနှုန်းကို ၂၀% ဒါမှမဟုတ် အဲ့ဒီထက်ပို၍ တိုးမြှင့်ပေးရမယ်ဆိုတဲ့ စာချုပ်ကိုချုပ်ဆိုခဲ့ပြီး ဂျပန်နိုင်ငံရဲ့ ဆီမီးကွန်ဒတ်တာဟာ လမ်းဆုံးကိုရောက်ပြီး ရပ်တန့်သွားခဲ့ပါတယ်။

OS ကိုချေမှူန်းခြင်း

OS ဟာ Personal Computer ရဲ့ အခြေခံစနစ်ဖြစ်ခဲ့ပေမယ့် အခုတော့ Windows နဲ့ MacOS စတာတွေဟာ ကျယ်ပြန့်လာပါတယ်။ OS ကို အသုံးပြုနေတဲ့ Personal Computer အကြောင်းကို သာမန်လူတွေက သိပ်မသိကြပါဘူး။

အခုလိုမျိုး ရွေးချယ်စရာ သိပ်မရှိခဲ့တဲ့အရင်တုန်းက ကုမ္ပဏီအသီးသီးဟာ OS ကို အမှီအခိုကင်းစွာ တီထွင်ပြီး ကမ္ဘာ့ရှယ်ယာဈေးကွက်အတွက် ရည်ရွယ်ထားခဲ့ကြပါတယ်။

ဂျပန်ပြည်ထုတ် OS, TRON ဆိုတာလည်း ရှိခဲ့ပါတယ်။

ဗားရှင်းနှင့် ရည်ရွယ်ချက်ပေါ် မူတည်၍ အမည်ပြောင်းလဲပေမယ့် ယေဘုယျအမည်ကို TRON လို့ ခေါ်ကြပါတယ်။

တိုကျိုတက္ကသိုလ်မှ သိပ္ပံဌာနက လက်ထောက်တစ်ဦးဖြစ်ခဲ့တဲ့. Sakamura စံနဲ့ Matsushita Electric (လက်ရှိ Panasonic) တို့ အတူတကွ ပူးပေါင်းဖန်တီးပြီး (BTRON ဟုခေါ်သည့်အရာ)

သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ pasoon တစ်ခုကို တီထွင်ရင်းနဲ့ ဆက်လက်ဖွံ့ဖြိုးလာတဲ့ပရောဂျက်ဖြစ်ပါတယ်။

လက်ဝါးကြီးမအုပ်ဘဲ အလိုရှိသော ထုတ်လုပ်သူကို စနစ်ရော သတ်မှတ်ချက်များပါ ထုတ်ဖော်ပြသပေးပြီး ထုတ်လုပ်သူအများအပြားကလည်း လက်ခံပေးခဲ့ပါတယ်။

ဂျပန်နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ကျောင်းတွေမှာ Personal Computer တပ်ဆင်ဖို့ အကြီးစားပရောဂျက်တစ်ခုအတွက် ရွေးချယ်ခံရပြီး ဂျပန်နိုင်ငံမှာ ကြီးမားတဲ့ရှယ်ယာရယူနိုင်မယ့်လမ်းကိုမြင်တွေ့လိုက်စဉ်မှာဘဲ ရုတ်တရက် သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။

အဲ့ဒါကတော့ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ဆီမှ အကြောင်းကြားစာ ဖြစ်ပါတယ်။

TRON ကို အမေရိကန်ကုန်သွယ်လုပ်ငန်းခွန်ကုဒ် Super 301 မှာ လျှောက်ထားဖို့ထည့်သွင်းထားတယ်ဆိုတဲ့အကြောင်းပါ။

အမေရိကန်ကို သွားပြီး အခြေအနေကို မေးကြည့်တဲ့အခါ

“ ဘယ်ထုတ်လုပ်သူဆိုတာ မပြောနိုင်ပေမယ့် တချို့ထုတ်လုပ်သူတွေမှာ ပြဿနာရှိနေတာတော့ အမှန်ပါပဲ။

ကန့်ကွက်စရာရှိရင် ပြောပါ” ဖြေကြားခဲ့ပါတယ်။

အဲ့ဒီနောက် တစ်နှစ်ခန့်အကြာစေ့စပ်ညှိနှိုင်းမှုအပြီး လျှောက်ထားသူထဲကနေ ဖယ်ထုတ်လိုက်ပေမယ့် ထုတ်လုပ်သူ ကုမ္ပဏီ 100 ခန့်ဟာ TRON ပရောဂျက်ကနေ နုတ်ထွက်ခဲ့ကြပါတယ်။

ဆုံးဖြတ်ရတဲ့အကြောင်းအရင်းက အလုပ်ရှုပ်တဲ့ကိစ္စတွေနဲ့ မပတ်သက်ချင်တာကြောင့် လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ Microsoft ရဲ့ MS-DOS ဟာ ဂျပန်နိုင်ငံမှာ ပျံ့နှံ့လာပြီး Windows ဘက်ကို ဦးတည်သွားခဲ့ပါတယ်။

အမေရိကန်သာ ဒီလိုမလုပ်ခဲ့ဘူးဆိုရင် TRON ဟာ အခု Windows လိုမျိုး နေရာတစ်ခုကို ရနေမယ်ထင်ပါတယ်။

ဂျပန်အစိုးရကလည်း စက်မှုလုပ်ငန်းနှင့်ပတ်သက်ပြီး အသိပညာ ၊ အနာဂတ်ကြိုတင်ခန့်မှန်းချက်တွေလည်း မရှိဘဲ “ ဒီလိုဆူဆူညံညံပြောဆိုနေမယ်ဆိုရင် အမေရိကန်ဆီကနေ OS ကို ဝယ်လိုက်ပါလား။” လို့ပဲ ပြောခဲ့ဟန်တူပါတယ်။

ဒီလိုဖြစ်ရတာဟာ အမေရိကန်သာမက ဂျပန်အစိုးရမှာလည်း တာဝန်ရှိပါတယ်။

အမေရိကန်ဘက်က ကြည့်ရင် လုပ်ငန်းတစ်ခု၊ နယ်ပယ်တစ်ခုသာမဟုတ်ဘဲ အစိုးရကပါ တစ်သားတည်း ဂျပန်ကို နှိပ်ကွပ်ခဲ့ကြပုံရပါတယ်။

အခုတော့ တရုတ်နဲ့ ရန်ပွဲတွေဖြစ်ပေမယ့် အရင်တုန်းက ခံခဲ့ရတဲ့ဂျပန်ဘက်ကနေကြည့်မယ်ဆိုရင် ဘယ်ဘက်လုပ်နေတာက အမှန်လဲဆိုတာတောင် ဝေခွဲမရတော့ပါဘူး။

ဂျပန်နဲ့ အမေရိကန်ဟာ အမှန်တကယ် စိတ်ရင်းနဲ့ မဟာမိတ်များ ဖြစ်လာနိုင်တဲ့နေ့ ရောက်လာပါမလား။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: