50m တောင်ရှိတဲ့ အက်ကွဲကြောင်းကို ၁ရက်တည်းနဲ့ ပြင်လိုက်တယ်? ဂျပန်နိုင်ငံရဲ့အမြန်လမ်း လမ်းပြုပြင်လုပ်ငန်းဟာ အံ့မခန်းပါပဲ!

2022 ခုနှစ် မတ်လ ၁၆ရက်နေ့

ပြင်းအား ၆ ရှိတဲ့ ငလျင်ကြောင့် တိုးဟိုခု ဒေသဘက်က အမြန်လမ်းမရဲ့ နေရာတော်တော်များများမှာ အက်ကွဲကြောင်းတွေပေါ်လာပါတယ်

Tohoku ဒေသရဲ့ အသက်သွေးကြောဖြစ်တဲ့ Tohoku Expressway နဲ့ Joban Expressway တို့မှာ အက်ကြောင်းတွေ ဖြစ်ပွားခဲ့တာပါ

ကျည်ဆန်ရထား လမ်းချော်မှုလိုမျိုး ရထားလမ်း ပြဿနာတွေပါ ထွက်ပေါ်လာပါတယ်

 

အမြန်လမ်းမကြီးဟာ ဒီလောက်ကြီးကို ကွဲအက်သွားတာပါ

ဒါကို တစ်ရင်တည်းနဲ့ ပြင်လိုက်တာပါ

ဒီလိုမျိုးတွေ နေရာအများကြီးမှဦ ကွဲကုန်တာပါ

 

၂၀၁၁ ခုနှစ် အရှေ့ဂျပန်ငလျင်ကြီး လှုတ်ခတ်ခဲ့တုန်းကလည်း တော်‌တော်လေး အံ့သြဖို့ကောင်းပါတယ်

မတ်လ ၁၁ရက် မှာ ဘယ်သူမှမတွေ့ဘူးတဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး အမြန်လမ်းမကြီးဟာ ကြေမွသွားပါတယ်

မြေတွေမညီညာတော့တာအပြင် ၊ အက်ကွဲကြောင်းတွေဟာ 150m လောက်ကိုရှည်လျားပြီး မြေပါပြိုခဲ့တာပါ

အရင်ဆုံး အနီးကပ် အခြေအနေစစ်ဆေးပြီး၊ ဘာကြောင့် မြေကြီးတွေပါ ကွဲထွက်ကုန်ရလဲ စိစစ်ပါတယ်

ငလျင်လှုပ်ခတ်မှုက ၁ဆင့်လောက် ပိုကြီးရင်ကို၊ ထပ်ဆင့်ရိုက်ခတ်မှုဖြစ်တဲ့ ပိုကြီးတဲ့ငလျင်က ထပ်လှုပ်တာမျိုး ရှိပါတယ်

ဒါကိုစဥ်းစားကြည့်ရင် လောလောဆယ်အတွက် စီမံရုံနဲ့‌တော့ မရပါဘူး

ပြင်ပြီးတော့ နောက်တစ်ခေါက် ထပ်ကွဲသွားနိုင်လို့ပါပဲ

 

ရလဒ်အနေနဲ့ကတော့ ကတ္တရာလမ်းအောက်က ကျောက်စိုင်ကျောက်ခဲတွေက ပြဿနာဖြစ်နေခဲ့တာပါ

မြေသားလောက် ကုန်ကျစရိတ်မများဘဲ အလုပ်လည်းမြန်မြန်လုပ်လို့ရတယ် ဆိုပေမယ့်၊ ရေလည်းအစီးမြန်တာကြောင့် အောက်ကမြေသားတွေ စီးပါသွားတာက ပြဿနာဖြစ်တာပါ

အဲ့ဒါဆိုလည်း မြေကြီးကိုပဲထည့်မယ်ဆိုပြီး ၉ရက်အတွင်း ပြင်တာကို ပြီးအောင်လုပ်မယ့် အစီအစဥ် ချထားလိုက်ပါတော့တယ်

ဒါကလည်း မဖြစ်နိုင်တဲ့ အမြန်နှုန်းကြီးပါ

ကျောင်စိုင်ကျောက်ခဲတွေကို ဖယ်လိုက်ပြီး မြေကိုထည့်မယ်

ဒီလုပ်ငန်းကို နေ့ရောညရောဆက်တိုက်လုပ်ပြီး၊ ၆ရက်မြောက်မှာပဲ ပြီးသွားခဲ့ပါတယ်

 

နိုင်ငံတကာက ပြုပြင်ရေးလုပ်တဲ့သူတွေက ဒီလောက်အချိန်တိုတိုလေးနဲ့ ပြုပြင်လိုက်လို့ “မှော်အတတ်” လို့ပြောကြပြီး၊ ဂျပန်နိုင်ငံရဲ့ မြေသစ်ပင်နည်းပညာဟာ အံ့မခန်းဖြစ်ကြောင်း သိလိုက်ရပါတော့တယ်

 

ဒီတစ်ခေါက် ၂၀၂၂ ခုနှစ် ငလျင်မှာတော့ ထင်မထားလောက်အောင် ၁ရက်ပဲကြာခဲ့တာပါ

၂၀၁၁ ခုနှစ်ငလျင်နောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ငလျင်ဖြစ်ပြီး အပျက်အစီးလည်း တော်တ်ောလေး နည်းခဲ့ပါတယ္

ဒါကလည်း ၂၀၁၁ ခုနှစ် ငလျင်ကြောင့် ဘာလုပ်ရမလဲ သိထားခဲ့လို့ပါ

ငလျင်ကို ကြောက်လို့ ဂျပန်မသွားချင်ဘူး

ဆိုတဲ့လူတွေလည်း ရှိနိုင်ပေမယ့်၊ ဂျပန်နိုင်ငံမှာ ဘေးကင်းလုံခြုံရေးအတွက် အကောင်းဆုံး လုပ်ဆောင်ပေးနေလို့၊ လာဖြစ်အောင် လာခဲ့ပါ‌နော်

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: