ဂျပန်လူမျိုးတွေတော်တော်များများ ချီးမြှင့်ခံခဲ့ရတဲ့ Ig Nobel Prize ဆိုတာက ?

တစ်ကမ္ဘာလုံးမှာကျောင်းသားတွေ သုတေသနပြုလုပ်နေတဲ့ အရာတွေက ကမ္ဘာကို ပြောင်းလဲစေခဲ့ပါတယ်။

ပြီးတော့ ပြောင်းလဲစဖြစ်လာတဲ့ သုတေသန ရလဒ်တွေအတွက် ကမ္ဘာ့ထိပ်တန်း အမှတ်အသားအနေနဲ့ ဆုတွေချီးမြှင့်ခံရပါတယ်။

အဲ့ဒီလို Nobel ဆုတွေကိုရရှိတဲ့ ဂျပန်လူမျိုးတွေလည်းတော်တော်များများ ရှိပေမယ့် အလားတူနာမည်ကြီးတဲ့ ဆု တစ်မျိုးရှိပါတယ်။

အဲ့ဒါကတော့ Ig Nobel Prize ပဲဖြစ်ပါတယ်။

အဲ့ဒါကလည်း ဂျပန်လူမျိုးတော်တော်များများ ချီးမြှင့်ခြင်းခံနေရပါတယ်။

 

လူတွေကိုရယ်မောစေပြီး အားလုံးအတွက်အကျိုးပြုတဲ့ သုတေသနပဲဖြစ်ပါတယ်။

အဲ့ဒီလိုလုပ်ခဲ့တဲ့သူကိုပေးတဲ့ဆုက Ig Nobel Prize ပဲဖြစ်ပါတယ်။

ဒါပေမယ့် လုပ်ရိုးလုပ်စဥ်အတိုင်းလုပ်နေတဲ့ လူတွေကိုချီးမြှင့်တာ မဟုတ်ပါဘူး။

 

၁၉၉၁ ခုနှစ်မှာ စတင်ခဲ့ပြီးတော့ Nobel Prize နဲ့ဆင်တူပေမယ့် သုတေသနလုပ်နေတဲ့သူက တော်တော်လေးကိုလေးနက်တဲ့ သူတွေပဲဖြစ်ပါတယ်။

 

အရင်တုန်းက ဂျပန်လူမျိုးတွေ ဆု ရရှိခဲ့တဲ့ သုတေသနတွေကို ကြည့်လိုက်ကြရအောင်

၁၉၉၂ ခုနှစ် – ခြေထောက်အနံ့ရဲ့အကြောင်းအရင်းဖြစ်လာတဲ့ ဓာတုပစ္စည်းကိုထုတတ်ဖော်ခဲ့ပါတယ်။

၁၉၉၅ ခုနှစ် – ပင်ကွင်းတွေကို လေ့ကျင့်ပေးပြီးတော့ Picasso နဲ့ ပန်းချီကားတွေရဲ့ ကွဲပြားမှုကို နားလည်ဖို့ ကြိုးစားခဲ့ပါတယ်။

၁၉၉၇ ခုနှစ် – ပီကေဝါးနေတဲ့ အချိန်မှာပီကယ်ရဲ့ အရသာကိုလိုက်ပြီး မတူညီတဲ့ဦးနှောက်လှိုင်း ပြောင်းလဲမှု ကိုထုတ်ဖော်ခဲ့ပါတယ်။

၁၉၉၉ ခုနှစ် – ခင်ပွန်းရဲ့ ဘောင်းဘီမှာ ဖြန်းလိုက်ရုံနဲ့ ဖောက်ပြန်နေတာကို ဖော်ထုတ်နိုင်တဲ့ စပရေးကို ထုတ်လုပ်ခဲ့ပါတယ်။

၂၀၀၇ ခုနှစ် – နှောက်ချေးကနေပြီးတော့ သစ်ခွပန်းရဲ့ အနံ့ ကြိတ်တဲ့စက်ကို  ထုတ်လုပ်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ် – နှလုံးအစားထိုးခဲ့တဲ့ ကြွက်ကိုနားထောင်ခိုင်းတဲ့ တေးသွားရဲ့ မတူညီတဲ့ တုံ့ပြန်မှု ကို ဖော်ထုတ်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ် –  ငှက်ပျောသီးအခွံကို နင်းမိတဲ့ အခါမှာ ပွတ်တိုက်တဲ့ ကိန်းဂဏာန်းတွက်ချက်မှုကို ဖော်ထုတ်ခဲ့ပါတယ်။

 

အစကတည်းက အမျိုးမျိုးရှိခဲ့ပေမယ့်လဲ ဘာကြောင့် အဲ့လိုသုတေသနတွေကို လုပ်ဖို့စဥ်းစားခဲ့ရတာလဲ? လို့ပဲ မေးလိုက်ချင်ပါတော့တယ်။

ဒါပေမယ့် သုတေသန ပညာရှင်တွေက လေးနက်မှုရှိပါတယ်။

 

အဲ့လို Ig Nobel Prize ပြခန်းကိုတိုကျိုရဲ့ Tokyo Dowishiti မှာဖွင့်လှစ်ထားပါတယ်။

https://www.excite.co.jp/News/photo_news/p-10761785/

အထက်မှာ ဖော်ပြခဲ့တဲ့ပုံကတော့ bra ကနေပြုလုပ်ထားတဲ့ gas mask ပဲဖြစ်ပါတယ်။

အံ့သြဖို့ကောင်းတယ်ဆိုပေမယ့် အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့ရတဲ့ အခါမှာ bra ကို mask အနေနဲ့ သုံးပြီးထွက်ပြေးလို့ရပါတယ်။

ကမ္ဘာရဲ့ ဥာဏ်ကြီးရှင်တွေ လေးလေးနက်နက် စဥ်းစားထားခဲ့တဲ့ အရာတွေအများစုက ထူးဆန်းတဲ့ သုတေသန တွေများပါတယ်။

ဒါကြောင့်  တစ်ခုချင်းစီက အဇမ်းကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: