ထပ်ဆင့်ရောင်းချသူနဲ့ လက်လီရောင်းချသူများအကြား တိုက်ပွဲ

အင်တာနက်အပေါ်မှာ လုပ်ငန်းအနေနဲ့မဟုတ်ဘဲ တစ်ဦးချင်း လွယ်ကူစွာ ဝယ်ယူရောင်းချနိုင်တဲ့ အရောင်းစာမျက်တွေ တွေ့နိုင်ပါတယ်။

အဆင်ပြေပေမယ့် အဲ့ဒါကို အသုံးချပြီး ငွေရှာသူတွေကလည်း တိုးပွားလာလျက်ရှိပါတယ်။

အထူးသဖြင့် အကန့်အသတ်နဲ့ထုတ်ဝေတဲ့ ထုတ်ကုန်တွေ၊ အရောင်းပါးတဲ့ပစ္စည်းနဲ့ ရောင်းလိုအားအလျင်မမှီတဲ့ လူကြိုက်များထုတ်ကုန်တွေဟာထပ်ဆင့်ရောင်းချသူကို ပစ်မှတ်ထားလာကြပြီး သာမန်ဝယ်ယူသူတွေ တော်တော်နဲ့မဝယ်ယူနိုင်တဲ့ အခြေအနေ ဖြစ်ပွားနေပါတယ်။

ဥပမာဆိုရရင် အလွန် လူကြိုက်များတဲ့ Playstation5။

စတင်ရောင်းချချိန်ကစလို့ တစ်နှစ်တာကြာမြင့်ခဲ့ပြီဖြစ်ပေမဘ့်

Corona ဖြစ်ပွားမှုကနေ စတင်ခဲ့တဲ့ semiconductor ရှားပါးမှုကြောင့် စတိုးဆိုင်တွေမှာ တန်းဆီတာမျိုး သိပ်မရှိတော့ပါဘူး။

အဲ့လိုနည်းပါးတဲ့ကုန်ပစ္စည်းကို တစ်ဆင့်ပြန်ရောင်းချသူတွေက ဝယ်စုထားပြီး ဈေးကြီးကြီးနဲ့ ပြန်ရောင်းနေကြပါတယ်။

မူလသတ်မှတ်ရောင်းဈေးကတော့ ၅၄၉၇၈ ယန်း ဖြစ်ပါတယ်

အဲ့ဒါကို ယန်း 100,000 ကျော်နဲ့ ရောင်းချပြီး “ လိုချင်ရင် ပိုက်ဆံစုလိုက်!” ဆိုတဲ့ အခြေအနေဆက်လက်ဖြစ်ပေါ်နေပါတယ်။

ထုတ်လုပ်သူနဲ့ လက်လီရောင်းချသူတွေဟာ သာမန်ဝယ်ယူသူထံကနေ ဝေဖန်ခံနေပြီး တစ်စုံတစ်ရာတုန့်ပြန်မှုမလုပ်ရင် သတင်းဆိုးတွေ ပြန့်နှံ့သွားမှာဖြစ်ပါတယ်

ဒါကြောင့် ကုမ္ပဏီအသီးသီးက လုပ်ဆောင်နေတဲ့ ထပ်ဆင့်ရောင်းချသူတုန့်ပြန်စီမံချက်ကို ကြည့်လိုက်ရအောင်။

Gundam ပလပ်စတစ်မော်ဒယ်

အားလုံးသိကြတဲ့အတိုင်း နာမည်ကြီး Gundam ပလပ်စတစ်မော်ဒယ်။

စတင်ထုတ်ဝေမှုအစတွင် ဝယ်လိုအား သိပ်မရှိခဲ့တာကြောင့် ထပ်ဆင့်ရောင်းချသူတွေရဲ့ပစ်မှတ်ဖြစ်လာပါတယ်။

အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေဟာ ထပ်ဆင့်ရောင်းချသူတုန့်ပြန်စီမံချက်အနေနဲ့ ဒီပစ္စည်းအမည်ကို နှုတ်နဲ့ပြောနိုင်ဖို့ ဗျူဟာတစ်ခုကို ချမှတ်ခဲ့ပါတယ်။

ကုန်ပစ္စည်းအမည်က Hi-ν Gundam ဆိုပေမယ့် တစ်ချို့ကတော့ အသံမထွက်တတ်ပါဘူး။

ထပ်ဆင့်ရောင်းချသူတွေဟာ ပိုက်ဆံပေးပြီး ပစ္စည်းဝယ်ဖို့ လူအများကြီးကို ငှားရမ်းမှာဖြစ်ပါတယ်။

အဲ့ဒီအခါ တန်းစီတဲ့သူက ကုန်ပစ္စည်းအမည်ကို မဖတ်တတ်တာမျိုး ရှိနေပါတယ်။

လက်ညှိုးထိုးပြီး ဝယ်လို့လည်း မရဘူး။ သေချာအသံထွက်နိုင်မှ ဝယ်ယူနိုင်မှာဖြစ်တဲ့အတွက် ထပ်ဆင့်ရောင်းချသူကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

PlayStation5 အပေါ် Sony ရဲ့ တုန့်ပြန်မှု

Sony ဟာ အွန်လိုင်းရှော့ပင်းမှာ တိုက်ရိုက်ရောင်းချလျက်ရှိပါတယ်။

သူတို့လုပ်ဆောင်ခဲ့တဲ့စီမံချက်ကတော့ အမျိုးအစားဟောင်း PlayStation4 ဂိမ်းဝယ်ယူမှုမှတ်တမ်းကို စစ်ဆေးခြင်းဖြစ်ပါတယ်။

ဂိမ်းကိုစွဲစွဲမြဲမြဲ ဆော့ကစားလာသူဆိုရင် ထပ်ဆင့်ရောင်းချသူ မဟုတ်ဘူးဆိုပြီး ခွဲခြားလိုက်ပါတယ်။

PlayStation5 အရောင်းဆိုင်ရဲ့ တုန့်ပြန်ဆောင်ရွက်ချက်

PlayStation5 ကို ဝယ်မယ်ဆိုရင် အရင်က အသုံးပြုခဲ့တဲ့ PlayStation4 က မလိုတော့ဘူးဆိုတဲ့အတွေးကနေ PlayStation 4 လက်ဟောင်းရောင်းချသူသီးသန့်အတွက် အရောင်းပြပွဲကို ကျင်းပလိုက်ပါတယ်။

PlayStation 5 ဟာ ဂိမ်းမော်ဒယ်အများစုကို လက်ခံပါတယ်။

ပိုမိုအဆင့်မြင့်လာခဲ့တာမို့လို့ PlayStation4 က မလိုအပ်တာ သေချာပေါက်ပါပဲ။

ဒီနည်းစနစ်ဟာ မော်ဒယ်အဟောင်းကို သူငယ်ချင်းကို ပေးပစ်မယ့်သူတွေအတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

ထုတ်လုပ်သူနဲ့ လက်လီရောင်းချသူတွေဟာ တကယ့်ပရိတ်သတ်တွေသာလျှင် မျှမျှတတနဲ့ ဝယ်ယူနိုင်တဲ့ပတ်ဝန်းကျင်ဖြစ်အောင် ကြိုးစားလျက်ရှိပါတယ်။

အဲ့ဒီအပေါ် တစ်ဆင့်ပြန်ရောင်းချသူတွေလည်း စီမံချက်အမျိုးမျိုးကို ဆောင်ရွက်လျက်ရှိနေပါတယ်။

ဒါဆို ဘယ်သူအနိုင်ရမလဲ ဘယ်လိုထူးခြားတဲ့ နောက်စီမံချက်တွေ ထွက်လာမလဲ?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: