“ ဟင်းပွဲတွေကိုယူလာပေးတဲ့ကြောင်ကလေး” ၊ ကြောင်အမျိုးအစား ဝန်ဆောင်မှုပေးတဲ့စက်ရုပ်ကို၊ ဟော့ကိုင်းဒိုးမှာ ပထမဆုံး မိတ်ဆက်ခဲ့ပါတယ်။

“ မှာထားတဲ့ဟင်းပွဲတွေကို ယူလာပေးတဲ့ကြောင်ကလေး”
ချစ်စရာကောင်းတဲ့အသံလေးနဲ့အတူ မျက်နှာဟန်ပန်အမူအရာအပြည့်နဲ့ ဟင်းပွဲတွေကိုသယ်ဆောင်လာပေးတဲ့ ကြောင်အမျိုးအစား ဝန်ဆောင်မှုပေးစက်ရုပ်ကိုတော့ ကျန်ခဲ့တဲ့ ၂၈ ရက်နေ့၊ Sapporo မြို့ရှိ Kiyota ရပ်ကွက်က Soba ဆိုင်တစ်ခုမှာ Hokkaido စီရင်စုအတွင်း ပထမဆုံး မိတ်ဆက်လိုက်ပါတယ်။

https://mainichi.jp/articles/20211128/

ဒီစက်ရုပ်လေးရဲ့နာမည်ကတော့ Bella Bot လို့ခေါ်ပါတယ်။
အမြင့် ၁၂၉ စင်တီမီတာရှိပြီး၊ အချင်းမှာ ၅၅ စင်တီမီတာခန့်ရှိပါတယ်။ ကိုယ်ထည်မှာတော့ ဟင်းပွဲများကိုသယ်ဆောင်ဖို့ အဆင့် ၄ ဆင့်ပါရှိပြီး၊ အလိုအလျောက်ဖြင့် ထိုင်ခုံနေရာများအထိ မှာယူထားတဲ့ဧည့်သည်များရဲ့ ဟင်းပွဲများကိုသယ်ဆောင်ပေးနိုင်ပါတယ်။ မျက်နှာအပိုင်းကတော့ Touch panel ဖြစ်ပြီး၊ နှာရွက်ကိုကိုင်ကြည့်လိုက်မယ်ဆိုရင်တော့ မျက်နှာအမူအရာအမျိုးမျိုးကို ဖော်ပြပေးပါတယ်။

မျိုးစိပ်သစ် ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်ဖို့အတွက် ထိတွေ့မှုရှောင်ရှားခြင်းကိုရည်ရွယ်သလို၊ အလုပ်သမားအင်အား မလုံလောက်မှုကိုဖြေရှင်းဖို့အတွက်လည်း မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ထုတ်ကုန်များကို ကြော်ငြာခြင်းနှင့်ရှင်းပြခြင်းအပြင်၊ သီချင်းပါဆိုနိုင်တဲ့ စွမ်းဆောင်ရည်ကိုပါ ဒီပရိုဂရမ်ထဲမှာထည့်ထားပါတယ်။ နောက်ပိုင်းလည်း ဒီလိုဆိုင်တွေမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။

ဒီဆိုင်ရဲ့မန်နေဂျာ အသက် ၃၀ နှစ်ဟာ၊ “ ကလေးတွေကအစ လူကြီးတွေအဆုံး ဒီဝန်ဆောင်မှုကိုသဘောကျကြလို့ ဝမ်းသာမိပါတယ်။ နှစ်သစ်ကူးအကြို အလုပ်များတဲ့ရာသီမှာ ပိုပြီးအသုံးပြုသွားချင်တယ်။ ဟင်းပွဲဝန်ဆောင်မှုပေးခြင်းသာမက၊ ဧည့်သည်တွေကို ဖျော်ဖြေပေးနိုင်တဲ့ဝန်ဆောင်မှုမျိုးလည်း ပေးသွားချင်တယ်” လို့ပြောခဲ့ပါတယ်။

 

 

Japo Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: