Panasonic ကတီထွင်လိုက်တဲ့ အရမ်းမိုက်တဲ့လက်အိတ်! ဘယ်နေရာနေနေသုံးလို့ရတဲ့ လက်အိတ်ဖြစ်လို့ ဝယ်လိုက်ရအောင်!

ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ တီဗီ၊ အဲယားကွန်း၊ ကွန်ပျူတာ စတဲ့

Panasonic ထုတ်ကုန်လို့ပြောလိုက်ရင် ဒီလိုပစ္စည်းတွေကိုပဲ မြင်မိကြမယ်ထင်ပါတယ်။

သို့သော် ဒီတစ်ခေါက်မိတ်ဆက်ပေးမှာက ဒီဟာလေးပါ

https://gigazine.net/news/20211030-panasonic-tungsten-cut-resistant-glove/

 

ဟုတ်ပါတယ် လက်အိတ်ပါ။

အလုပ်လုပ်ရာမှာ သုံးလို့ရတဲ့ ရိုးရိုးရှင်းရှင်းလေးပါပဲ

သို့သော် Special features တွေပါနေပါတယ်။

 

ထက်တဲ့ ရှနိုင်တဲ့အရာတွေနဲ့ ခုတ်ဖြတ်လို့မရတဲ့ လက်အိတ်ဖြစ်လို့ပါ။

 

အလင်းရောင်၊ အလင်းတန်းတွေ ထွက်တတ်တဲ့ လျှပ်စစ်ပစ္စည်းမဟုတ်ပါဘူး။ Panasonic ကထုတ်တာဖြစ်ပြီးတော့လို့ဆိုပေမယ့် အရမ်းမိုက်တဲ့ပစ္စည်းလေးမို့ မိတ်ဆက်ပေးပါရစေ။

ဂျပန်မှာ အဖြတ်ခံနိုင်မှုစစ်ဆေးခြင်း (TDM test) ဆိုတာရှိပါတယ်။

စက်ရုံတွေမှာသုံးတဲ့လက်အိတ်၊ ယူနီဖောင်းတွေက စက်ပစ္စည်းတွေနဲ့ ဖြတ်မိနိုင်သလားစစ်ဆေးတဲ့ ဖြတ်တောက်ခံနိုင်စွမ်းစစ်ဆေးမှုပါ။

A〜F သတ်မှတ်ပြီး၊ ဒီလက်အိတ်က အမြင့်ဆုံးအဆင့်ရဲ့အောက်က E အဆင့်ပါ။

 

လုံးဝမပြတ်ဘူး၊ မပြဲနိုင်ဘူးလို့တော့ အာမမခံနိုင်ပေမယ့် တော်ရုံတန်ရုံနဲ့တော့ ပြတ်မထွက်နိုင်တဲ့ အဆင့်ရှိပါတယ်။

စက်ရုံနဲ့ ဂိုဒေါင်တွေမှာ မကြာခဏ ဖြတ်တောက်ရတဲ့ အလုပ်လုပ်နေသူများအတွက် အထူးသင့်လျော်ပါတယ်။

 

သတ္တုတစ်မျိုးဖြစ်တဲ့ Tungsten နဲ့ ယက်လုပ်ထားသော်လည်း အလေးချိန် 26g ရှိသောကြောင့် အသုံးပြုနိုင်စွမ်းကို ထိခိုက်ခြင်းမရှိပါဘူး။

လျှော်လို့လည်းရပါတယ်။

ဈေးကတော့ ၁စုံကို ၂၂၁၆ယန်းပါ။

 

ဒါပေမယ့်ဘာလို့ Panasonic ကလက်အိတ်ကိုထုတ်ရတာလဲ?

ဒါကတော့ ရှိနေပြီးသားထုတ်ကုန်နဲ့ ဆက်စပ်မှုရှိလို့ပါပဲ။

ခေတ်မီမီးချောင်းတွေမှာ အမျှင်အတွက် tungsten ကိုအသုံးပြုနေပါတယ်။

ဒီ tungsten နည်းပညာကို အသုံးပြု၍ မွေးဖွားလာတာကတော့ ဒီလက်အိတ်ပါပဲ။

 

နယ်ပယ်ကို ကျော်ဖြတ်နိုင်တဲ့ နည်းပညာကို အသုံးချပြီး နေရာအမျိုးမျိုးမှာ ဆန်းသစ်တီထွင်နေကြပါတယ်

ဥပမာ ကင်မရာဖလင်ထုတ်လုပ်သူ Fujifilm ကဒစ်ဂျစ်တယ်ကင်မရာတွေ ခေတ်စားလာတာကြောင့် ရောင်းအားသုညနီးပါးဖြစ်လာသော်လည်း ဖလင်မှာအသုံးပြုတဲ့နည်းပညာကိုအသုံးပြုပြီး အလှကုန်ထုတ်လုပ်ရာမှာ အောင်မြင်ခဲ့ပါတယ်။

 

Panasonic ဟာ လက်ရှိမှာ ခက်ခဲသော အခြေအနေကို ရောက်နေပါတယ်။

ဒီလက်အိတ်က အကျပ်အတည်းကို ကျော်လွှားနိုင်မယ့် ထုတ်ကုန်တစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

Abe Kengo

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: