TOYOTA ကအကြံပြုတဲ့ ကားအသစ်ပိုင်ဆိုင်နိုင်မယ့်နည်းလမ်း။ ကားကိုလည်း subscription လုပ်လို့ရတဲ့ခေတ်။

မြို့တွေပေါ်မှာ ရထားလိုင်းတွေ အံ့ဩလောက်အောင်အသုံးများနေတဲ့ ဂျပန်နိုင်ငံမှာ ကားတွေအရောင်းမသွက်တော့တဲ့ ခေတ်ကိုရောက်လာပါတော့တယ်။

TOYOTA、NISSAN、HONDA、SUZUKI、MAZDA、ISUZU စတဲ့ ကမ္ဘာမှာနာမည်ရှိတဲ့ ကားထုတ်လုပ်သူတွေ စုပြုံနေတဲ့ဂျပန်မှာ ဒီလိုဖြစ်လာတာကတော့ စိတ်မကောင်းစရာပါပဲ။

 

ဒါကိုပြောင်းလဲလိုက်တာကတော့ ကိုရိုနာ ပါ။

ရထားနဲ့သွားလာဖို့က အန္တရာယ်များလာတာကြောင့် ကိုယ်ပိုင်ကားနဲ့သွားရတာကို ပြန်ပြီးမျက်စိကျလာပါတယ်။

သို့သော် အခုအချိန်အထိ ကားမပိုင်ခဲ့ဖူးတဲ့သူတွေအတွက်ကတော့ တော်တော်လေးခက်ခဲပါတယ်။

လိုင်စင်ရှိလည်းပဲ ကားဆိုတာ ဈေးတော်တော်ကြီးတယ်လေ။

ကိုက်ညီရင်တော့ အဆင်ပြေပေမယ့်…ဆိုပြီး TOYOTA ကမိတ်ဆက်ပေးလိုက်တာကတော့ KINTO ဆိုတဲ့ ဝန်ဆောင်မှုအသစ်ပါပဲ။

 

အခုတလောမှာ အင်တာနက်နဲ့ရပ်တည်နေတဲ့ ကမ္ဘာကြီးမှာ ပျံ့နှံ့လာဖို့ ပြသနေတဲ့ subscription ဆိုတဲ့ ငွေကြေးစနစ်ကို ကားနဲ့ညှိပေးတဲ့အရာပါ။

ကျွန်တော်လည်း ဂျပန်ပြန်ရောက်ပြီး ၂နှစ်လောက်ရှိတော့မှာဖြစ်လို့၊ ကားလိုအပ်လာတာကြောင့် ဝယ်တာနဲ့ subscription ကိုယှဥ်ကြည့်လိုက်ပါတယ်။

Subscription ကိုတစ်မျိုးပြောရရင် ငှားတယ်လို့ဖြစ်ပြီး၊ ငွေချေနည်းလမ်းနဲ့ ကုန်ကျစရိတ်ကလည်း တော်တော်လေး ကွာခြားပါတယ်။

 

ဒီတစ်ခေါက်တားဂတ်ကတော့ တိုယိုတာ ရဲ့လူပြောများနေတဲ့ ကားအသစ် GR Yaris ပါ။

https://response.jp/article/2020/09/04/338124.html

 

ပြိုင်ကားပုံစံလေး မြင်ရပြီး Compact SUV အမျိုးအစား ဖြစ်ပါတယ်။

GR Sport ဆိုတဲ့ တိုယိုတာကားတွေမှာ မြင်ရတဲ့ စိတ်ကြိုက်မော်ဒယ်ပါ

မိုက်တယ်နော်

 

ဒီတစ်ခေါက်ကတော့ ဒီကားအကြောင်းမဟုတ်ဘဲ၊ ဝယ်တာနဲ့ subscription လုပ်တာကို ယှဥ်ပြမှာဖြစ်တာကြောင့် ဒီကားလေးကိုစိတ်ဝင်စားရင်တော့ စုံစမ်းကြည့်လို့ရပါတယ်။

ဒီကားအသစ်စက်စက်ကိုဝယ်မယ်ဆိုရင် ယန်း ၂၆၅၀၀၀၀ ကနေစပြီးကုန်ကျပါတယ်။

ဒီမှာကားလမ်းကြောင်းပြတာတွေ၊ တခြား ရွေးချယ်မှုတွေလုပ်ပြီး တပ်ဆင်လိုက်ရင် ကားရဲ့ကုန်ကျစရိတ်က ခန့်မှန်းခြေ ယန်း ၃၀၀၀၀၀၀ လောက်ဖြစ်သွားပါမယ်။

 

ဒါကို ၃နှစ်ကာလ အကန့်အသတ်နဲ့ subscription လုပ်မယ်ဆိုရင် တစ်လကို ၇၉၂၀၀ ယန်း ပေးရပါမယ်။

၃၆လကြာပေးရမှာဖြစ်လို့ စုစုပေါင်း ၂၈၅၁၂၀၀ ယန်းပါ။

ဟင်? ဝယ်ဒါထက်ဈေးချိုနေတယ်?

 

ဒါကလည်း ဟုတ်သလိုလိုပါပဲ။

Subscription က ၃နှစ်ပြီးသွားရင် ဘာမှမကျန်တော့ပေမယ့်၊ ဝယ်တဲ့သူကတော့ လက်ထဲမှာ ကားကျန်ခဲ့ပါမယ်။

ရောင်းလိုက်ရင်လည်း ‌ငွေပြန်ရပါဦးမယ်။

ဒါဆို အခုအသစ်ဖြစ်နေဆဲ့ GR Yaris ကိုပြန်ရောင်းရင် ၁၆၃၀၀၀၀ယန်းကနေ ဆိုပြီး ဝယ်ဈေးရှိပါတယ်။

ထွက်ခါစဖြစ်လို့ ဒီဈေးဖြစ်နေပေမယ့်၊ နောက်၃နှစ်ကြာရင်တော့ ဒီထက်ဈေးကျဦးမှာပါ။

လို့စဥ်းစားရင်တောင်မှာ ဝယ်တဲ့သူက ပိုသာနေသလိုပါပဲ။

 

သို့သော် တိုယိုတာ Subscription, KINTO မှာတော့ ထိန်းသိမ်းမှု၊ အာမခံ၊ ကားအခွန်စတဲ့ လစဥ်ကားအတွက်ကုန်ကျစရိတ်တွေ ပါနေလို့ပါပဲ

ပမာဏဘယ်လောက်ရောက်လဲဆိုတော့၊

ကားအခွန် ၃၉၅၀၀ယန်း x ၃နှစ်စာ = ၁၁၈၅၀၀ယန်း

မယူမနေရ မော်တော်ယာဉ်တာဝန်ယူမှု အာမခံ ၃၆လစာက ၃၉၁၂၀ ယန်း

ထပ်ပြီးတော့ ဆန္ဒအလျောက်ဝင်ရတာဖြစ်ပေမယ့် လူတော်တော်များများ ဝင်ထားကြတဲ့ Voluntary အာမခံက ၈၀၀၀၀ x ၃နှစ် နဲ့တွက်လိုက်ရင် ၂၄၀၀၀၀ ယန်း

 

Subscription မှာ ဒါတွေအကုန်လုံးပါပြီး ခုနကဈေးအတိုင်းပါပဲ

ဝယ်လိုက်ရင်တော့ ဒါတွေအကုန် ကိုယ်တိုင်ပေးရမှာပါ

 

ဟင်?

Subscription ကပိုတန်တာပေါ့?

လို့ ဖြစ်သွားပြန်တယ်မဟုတ်လား။

 

ဝယ်လိုက်တဲ့သူက ရနိုင်တာဆိုလို့ နောက်၃နှစ်နေရင် ဈေးကြီးကြီးနဲ့ ကားကိုရောင်းချိန်လေးပါပဲ။

ဒါပေမယ့် ဒီကြားထဲ ပွန်းပဲ့တာ၊ မတော်တဆဖြစ်တာတွေရှိရင် ဈေးကတင်မရပါဘူး

အဲ့ဒီလိုဖြစ်သွားပါမယ်။ ဈေးများများနဲ့ရောင်းနိုင်မယ်လို့ အာမခံမရတာကြောင့် စိတ်လှုပ်ရှားရပြန်ပါတယ်။

 

Subscription လုပ်ရင်တော့၊ ကားပိုင်ဆိုင်ခွင့်က ကိုယ်မဟုတ်ဘဲ KINTO ဆားဗစ်ပေးနေတဲ့ တိုယိုတာ ကုမ္ပဏီမှာ ရှိနေမှာပါ။

ဒါကြောင့် အခွန်တွေကို သူတို့ရှင်းပေးပါတယ်

ပြီးတော့ အာမခဲကြေးလည်း ထည့်ပြီးသားဖြစ်လို့ ဈေးသက်သာပါတယ်

 

ဒါဆို လူတိုင်း Subscription လုပ်လိုက်ရင်ကောင်းမယ်မဟုတ်လား? လို့ဆိုပြန်ရင်လည်း ဒီလိုလည်းမဖြစ်ပြန်ပါဘူး။

Subscription က ၃နှစ်အကြာမှာ တစ်လက်ကိုင်ကားဟောင်းအနေနဲ့ ရောင်းမယ်လို့ ယူဆရပါတယ်။

အဲ့ဒီအတွက် ကန့်သတ်ချက်အခြေအနေတွေ ရှိနေပါတယ်။

 

・ပြုပြင်မွမ်းမံခြင်းမလုပ်ရပါ

・တစ်လမှာ ပျှမ်းမျှ ၁၅၀၀km ထက်ကျော်ပြီး မမောင်းရပါ

・ရွေးချယ်နိုင်တဲ့ ကားအမျိုးအစားနဲ့ grade ကို ကန့်သတ်ထားပါတယ် (နောက်ပိုင်းရောင်းရလွယ်မယ့် ပစ္စည်းတွေကိုပဲ ပေးမှာပါ)

ဆိုတာတွေပါပဲ။

အမြဲတမ်းသွားလာဖို့ အဝေးကြီးမောင်းနေရတဲ့သူတွေ၊ ကားတွေကိုကြိုက်လွန်းလို့ ပြုပြင်မွမ်းမံတတ်သူတွေအတွက်ကတော့ တစ်မျိုးဖြစ်ပေမယ့်၊ သာမန်လူတွေအတွက်ကတော့ ဒီအကန့်အသတ်တွေနဲ့ တော်တော်မလွယ်ပါဘူး

 

၃နှစ်လုံးတောက်လျှောက် ငှားထားရသလိုဖြစ်နေမှာမို့ သုံးရတာကတော့ ကိုယ်ပိုင်ကားလိုပါပဲ။

ဒါပေမယ့်ပိုင်ဆိုင်နေတာမဟုတ်လို့ ဝန်တော့ပေါ့ပါတယ်

 

အခုခေတ်ကတော့ ပစ္စည်းတွေကို ပိုင်ဆိုင်ဖို့မဟုတ်တော့ဘဲ၊ လိုတဲ့အရာကို လိုတဲ့အချိန်အတွက်ပဲ ငှားမယ်ဆိုတဲ့ခေတ်ကို ပြောင်းသွားပြီထင်ပါတယ်

 

ကျွန်တော်လည်း GR Yaris တော့မဟုတ်ပေမယ့် တစ်စီးတော့ KINTO နဲ့ယူထားပါတယ်

စိတ်မကောင်းစရာကတော့ ကိုရိုနာကြောင့် အရှေ့တောင်အာရှက စက်ရုံတွေရပ်တန့်သွားတာများပြီး၊ ကားရောက်မယ့်ရက်ကလည်း တော်တော်လေးလှမ်းသွားပေမယ့်၊ ကားအသစ်လေးရောက်လာမှာကို ပျော်ပျော်ရွှင်ရွှင်လေး စောင့်နေပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: