ကိုရိုနာရဲ့ ကျေးဇူးလား!?ရောင်းအား 250%ကျော် တက်သွားခဲ့တဲ့ ပစ္စည်းကဘာများပါလိမ့်။

ကိုရိုနာကြောင့် ကျဆင်းလာနေတဲ့ ကမ္ဘာ့စီးပွားရေး။ ဂျပန်မှာလည်း တော်တော်လေးထိခိုက်နေပါတယ်။

ဂျပန်အစိုးရရဲ့ စီမံချက်တွေကလည်း ဟိုမရောက်ဒီမရောက်ဖြစ်နေပြီး၊ ရောဂါတွေ ဆိုးဆိုးဝါးဝါးပျံ့နှံ့နေကာ၊ စားသောက်ဆိုင်တွေ ခရီးသွားလုပ်ငန်းတွေနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေဟာ ပြိုလဲတော့မလိုဖြစ်နေပါတယ်။

အဲ့ဒီလိုတွေဖြစ်နေတဲ့ကြားထဲက ရောင်းအား 250%တက်သွားတဲ့ ရလဒ်ကောင်းတွေပိုင်ဆိုင်ထားတဲ့ တီထွင်ထုတ်လုပ်သူက ရှိနေပါတယ်။

အဲ့ဒါကတော့ THANKO ဆိုတဲ့ကုမ္ပဏီပါ။

ကြားဖူးသူလည်း ရှိမယ်ထင်ပါတယ်။

ထူးထူးခြားခြား ပစ္စည်းတော်တော်များများကို ထုတ်လုပ်တတ်ပြီး၊ သတင်းတွေဘာတွေမှာ မြင်ဖူးကြမယ်ထင်ပါတယ်။

 

ဒီကုမ္ပဏီရဲ့ ရောင်းအားက ကိုရိုနာဖြစ်နေတဲ့ကာလမှာ ပေါက်ကွဲထွက်လာသလိုပါပဲ။

250%တောင်တက်သွားခဲ့တာလေ။

စီးပွားရေးတွေရပ်တန့်နေပြီး၊ တတ်နိုင်သလောက် ငွေမသုံးဖြစ်အောင် နေရမလိုဖြစ်နေတဲ့ ဂျပန်နိုင်ငံအတွက်တော့ ဒါက အံ့ဩကျေနပ်ဖွယ်ပါပဲ။

ကိုရိုနာအတွက် ထူးခြားတဲ့ ပစ္စည်းလေးတွေက?

အကုန်လုံးကို တစ်ခါတည်းမိတ်ဆက်ပေးသွားပါတယ်။

အိမ်ကနေအလုပ်လုပ်ရတော့ ခေါက်ဆွဲဘူးကိုပဲ စားဖြစ်နေတဲ့သူ များတယ်မဟုတ်လား?

ဒါပေမယ့် ရေနွေးတည်ဖို့ ပျင်းတယ်။

အဲ့ဒီလောက်လေးတော့လုပ်မှပေါ့ လို့တော့ပြောချင်ပေမယ့်၊ အဲ့ဒီလို အပျင်းလေးတွေအတွက် ဒီပစ္စည်းလေးရှိပါတယ်။

ရေထည့်ပြီး ခေါက်ဆွဲဘူးလေးထည့်လိုက်ရင် တန်းစားလို့ရတဲ့အထိ လုပ်ပေးတဲ့ပစ္စည်းလေးပါပဲ။

 

ရေနွေးဆူဆူကို သင့်သလောက်လောင်းထည့်ကာ အချိန်သတ်မှတ်ပေးရုံပဲလို့ထင်ပါတယ်။

အဲ့ဒီလိုကျ ရေနွေးတည်တာနဲ့ဘာထူးမှာလဲလို့ မေးစရာရှိပါတယ်… ဘယ်လိုလဲဆိုတော့ မိုက်တယ်မဟုတ်လား!?

ပုံမှန်ခေါက်ဆွဲဘူးကိုပဲ ခပ်မိုက်မိုက်လေး စားလို့ရရင် ကောင်းမှာပဲလို့ တွေးမိကြရင် ဝယ်ကြည့်ကြပါနော်။

နားရက်မှာ အပြင်ကလည်း သွားမရဘူးဆိုပြီး တစ်နေကုန်ဖုန်းကြည့်နေရတဲ့ သင့်အတွက် ဒါလေးက သင့်တော်မယ်ထင်ပါတယ်။

ဖုန်းတင်ထားလို့ရတဲ့ စတန်းလေးဆိုပေမယ့် မေးပါတင်ထားလို့ရတဲ့ ကူရှင်လေးတပ်ထားပါသေးတယ်။

ဆိုဖာပေါ်၊ အိပ်ယာ‌ပေါ်၊ ကြမ်းပြင်ပေါ် နေရာအမျိုးမျိုးမှာ လူးလိမ့်ပြီး ဖုန်းနဲ့ကပ်နေလို့ရသွားပြီနော်။

တန်းပြီး အိပ်ပျော်သွားမယ်ထင်တယ်။

Work From Home ဆိုပေမယ့်လည်း ဒါသုံးပြီးတော့ အလုပ်လုပ်လို့ကတော့ မဖြစ်ဘူးနော်။

 

ဒီ့ထက်ဇိမ်ကျချင်တဲ့ သင့်အတွက် ဒီဟာလေးကရော?

ဒီလိုဆိုရင် ဇက်တွေလည်း မနာတော့ဘူးလေ။

သူများတွေမြင်သွားရင်တော့ ကြည့်ကောင်းမှာမဟုတ်ပေမယ့်၊ ကိုယ်တစ်ယောက်တည်းနေရင်တော့ ဇိမ်ရှိလွန်းနေမှာပါ။

တိတ်တိတ်လေး ချောင်းကြည့်နေသလို ခံစားရမှာမို့ မကောင်းတဲ့အကျင့် စွဲသွားနိုင်မလားပဲ?

 

ရုံးမသွားရတော့ ရှပ်အင်္ကျီလေးပဲဆိုရင်ရော…

ကင်မရာမှာမပေါ်လို့ ဘောင်းဘီမဝတ်ထားလည်း OKပေမယ့်၊ ရှပ်အင်္ကျီလေးတော့ ဝတ်ထားမှသင့်တော်မယ်ထင်ပါတယ်။

ဒါပေမယ့် အိမ်မှာပဲတစ်ချိန်လုံးနေနေရရင် အိမ်အလုပ်တွေ လုပ်ချင်စိတ်မရှိပါဘူး။

ဒါကိုလည်း ကိုရိုနာကြောင့်လို့ပြောရင်တော့ ကိုရိုနာလေး သနားစရာကောင်းသွားမယ်ထင်တယ်နော်?

မီးပူတိုက်ရမှာပျင်းတယ်?

အင်္ကျီလှန်းရမှာပျင်းတယ်?

အဲ့ဒါဆို ဒါလေးကိုကြည့်ပါ။

လေကိုဖြတ်သန်းသွားအောင်လုပ်ပေးပြီး ခြောက်အောင်လုပ်ပေးတဲ့ အခြောက်ခံစက်ဖြစ်ပါတယ်။ တွန့်ခေါက်နေတာတွေကိုလည်း တစ်ခါတည်းဖြန့်ပေးလို့ မီးပူတိုက်စရာလည်း မလိုတော့ဘူး။

တစ်ခါတည်းအပြီးလုပ်ပေးတော့ အဆင်ပြေတာကြောင့်၊ ကိုရိုနာကြောင့် အပြင်ထွက်မရလို့ အဝတ်လျှော်စရာ သိပ်မရှိတဲ့ သူတွေအတွက် အကြံပြုလိုပါတယ်။

တစ်ယောက်တည်းနေနေရလို့ အထီးကျန်နေရင် တစ်ယောက်ယောက်နဲ့ နေနေရသလိုခံစားရစေမယ့် လူပုံစံဖန်တီးထားတာကလည်း ကောင်းတယ်မဟုတ်လား။

စကားတော့ ပြောမရဘူးပေါ့

 

 

လူထောင်သောင်းမက ဝယ်သုံးနေတာတော့ မဟုတ်ပေမယ့်၊ အချို့လူတွေအတွက် အရမ်းကိုအဆင်ပြေ ချီးကျူးခံနေရတဲ့ ပစ္စည်းတွေကိုထုတ်လုပ်တဲ့ ဒီကုမ္ပဏီ။

စိတ်ဝင်စားရင် ဒီ site ကိုဝင်ကြည့်ကြည့်ပါ!

http://tu1001ba.com/archives/10/

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: