ပြန်လည်ရောင်းချသူကိုချေမှုန်းမယ်!! အရောင်းဆိုင်ရဲ့ပညာရှိတဲ့ဗျူဟာဖြင့် reseller ကိုမောင်းထုတ်ခြင်း

Anime, games,စတာတွေရဲ့ အရေအတွက်ကန့်သတ်ထားတဲ့ပစ္စည်းတွေနဲ့၊ ဂိမ်းစက်စတဲ့ ဝယ်ဖို့ခက်တဲ့အရာတွေကို လိုချင်တဲ့လူအများကြီးရှိမယ်လို့ထင်ပါတယ်။

ဥပမာအခုတလောဆို Playstation5 ပေါ့

ပုံမှန်ဗားရှင်းက ယန်း 49,980 ဖြစ်ပြီး၊ လက်လီဈေးဖြစ်ပေမဲ့၊ အရေအတွက်ကိုသိပ်ပြီးမထုတ်လုပ်တာကြောင့်၊ ဈေးကွက်ထဲမှာအရေအတွက်မလုံလောက်မှုတွေဖြစ်လာပါတယ်။
ဒါကိုအခွင့်ကောင်းယူခဲ့တာကတော့ တစ်ဆင့်ပြန်လည်ရောင်းချသူဖြစ်ပြီး၊ ဝယ်လိုက်တဲ့ PS5 ကိုဈေးတင်ပြီးပြန်ရောင်းချပါတယ်။
ထိုငွေပမာဏက ဈေးတက်တဲ့အချိန်ဆို ယန်းသောင်း ၄၀ ကနေ ၅၀ ပေါက်ဈေးရှိပါတယ်။
သတ်မှတ်ထားတဲ့ဈေးထက် ၁၀ ဆဖြစ်တယ်။

ပြန်ရောင်းဖို့ရည်ရွယ်ထားတဲ့လူက အချိန်ပိုင်းအလုပ်တစ်ခုကိုငှားရမ်းပြီး သူတို့ကိုတန်းစီခိုင်းကာ စတိုးဆိုင်မှာအမြောက်အများဝယ်ခိုင်းပြီး၊ amazon မှာ ကြောက်စရာကောင်းတဲ့ဈေးနှုန်းနဲ့ ပြန်လည်ရောင်းချနေတာပဲဖြစ်ပါတယ်။

သာမန်ဝယ်ယူသူတွေဆီကနေ မကျေနပ်တာတွေအများကြီးရောက်လာပြီး၊ ကုမ္ပဏီကလည်းဘယ်လိုလုပ်ရင်ကောင်းမလဲမသိလောက်အောင် ခေါင်းရှုပ်နေရတဲ့အချိန်မှာ ဒီတစ်ခေါက်လည်း reseller တွေရဲ့ပစ်မှတ်ထားခံရတဲ့ ကုန်ပစ္စည်းရှိလာပြန်ပါတယ်။

အဲ့ဒါကတော့ ဒီမှာပါ။

Hi-ν Gundam ဆိုတဲ့ Plastic model
ကိုရိုနာကူးစက်မှုတွေကြားမှာ Plastic model ပုံစံအဆန်း ပေါ်လာပြီး၊ ထုတ်လုပ်တဲ့အရေအတွက်နဲ့ ဝယ်လိုအားကတော်တော်လေးကိုမညီမျှတဲ့ ကုန်ပစ္စည်းဖြစ်ပါတယ်။
ဒါကိုဝယ်လိုက်နိုင်ပြီး ဈေးတင်ပြီးပြန်ရောင်းကြပေမဲ့၊ မူရင်းရောင်းချတဲ့ဆိုင်တွေထဲက ၁ ခုဖြစ်တဲ့ Yodobashi Camera မှာတော့ စိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုကိုလုပ်ခဲ့ပါတယ်။

ဝယ်လိုသော ကုန်ပစ္စည်းအမည်ကိုပြောပြပါ။

လက်နဲ့ညွှန်ပြရတာမဟုတ်ဘဲ၊ ကုန်ပစ္စည်းနာမည်ကို ပါးစပ်ကနေပြောစေရုံနဲ့ တစ်ဆင့်ပြန်လည်ရောင်းချမယ့်လူကိုဖယ်ရှားနိုင်တဲ့ စိတ်ဝင်းစားစရာနည်းဗျူဟာဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ကုန်ပစ္စည်းနာမည်ကိုမဖတ်နိုင်ကြလို့ပါ။

Hi-ν Gundam ရဲ့ ခေါ်ရတဲ့ပုံကတော့ တကယ်က (Hai nyū Gandamu)” ဟိုက်နယူးဂန်းဒမု” ဖြစ်ပါတယ်။
ပုံမှန်အားဖြင့်မဖတ်နိုင်ကြဘူးနော်
ဒါပေမဲ့ ဝယ်ချင်လို့ကိုတန်းစီကြတဲ့လူတွေက ဒါကိုမခေါ်နိုင်စရာအကြောင်းမရှိပါဘူး၊ ဒါနဲ့ပဲကုန်ပစ္စည်းရဲ့နာမည်ကိုမပြောနိုင်တဲ့လူတွေကို မရောင်းချဖို့ဗျူးဟာကိုချမှတ်လိုက်ပါတယ်။

ဒီပစ္စည်းတွေကို တကယ်ဝါသနာပါတဲ့သူမှရောင်းချမယ်ဆိုတာမျိုးတော့မဟုတ်ပေမဲ့၊ တစ်ဆင့်ပြန်ရောင်းချသူတွေက ငွေရနိုင်မယ့်ဘယ်နည်းနဲ့မဆိုဝယ်ဖို့ကြိုးစားကြပါတယ်။
အဲ့ဒါကို ကာကွယ်ဖို့အတွက် ရောင်းချသူဘက်က အဆင့်အမျိုးမျိုးလုပ်ဆောင်ရပါတယ်။
ဖျော်ဖြေပွဲတွေက တစ်ဆင့်ပြန်မရောင်းချဖို့အတွက် ရောင်းချချိန်နဲ့ဝင်ရောက်ချိန်မှာ အထောက်အထားစစ်ဆေးခြင်းနှင့် လေလံဝဘ်ဆိုက်များကိုစောင့်ကြည့်ခြင်းတွေလုပ်ပါတယ်။
ဒါဟာကုန်ပစ္စည်းမြင့်တင်တဲ့ရလဒ်နဲ့လည်းဆက်စပ်နေတယ်လို့ထင်ပါတယ်။

ဒီထက်ဆိုးရွားတဲ့အခြေအနေလည်းရှိပါတယ်။
ကိုရိုနာစပြီးပြန့်ပွားတဲ့အချိန်မှာ Mask နဲ့ Alcohol ပိုးသတ်ဆေးကိုဈေးတင်ပြီးရောင်းကြတယ်နော်?
ငလျင်လိုမျိုး ဘေးအန္တရာယ်ကျရောက်တဲ့အချိန်မှာတော့ ခေါက်ဆွဲခြောက်လိုမျိုး ထိန်းသိမ်းနိုင်တဲ့အစားအစာတွေကို မတရားဈေးတင်ရောင်းကြတယ်။
ဒီလောက်အထိတောင် ဝယ်စုကြပြီး၊ ခေါက်ချိုးမကဈေးပြန်တင်ရောင်ကြတာပဲဖြစ်ပါတယ်။

သေရေးရှင်ရေးနဲ့ပတ်သက်တဲ့ကိစ္စမှာ ဒီလိုအမြတ်အများကြီးနဲ့စီးပွားရှာနေတဲ့လူတွေဆိုရင်တော့ ခွင့်မလွှတ်နိုင်ဘူးနော် ..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: