အိုလံပစ်ပွဲတော်ကို နည်းပညာပံ့ပိုးပေးတဲ့ ဂျပန်ကုမ္ပဏီများ

တိုကျိုအိုလံပစ်ပွဲတော်ကတော့ အခက်အခဲကြီးကြီးမားမား မရှိဘဲ ပြီးသွားခဲ့ပါပြီ။
ဆုတံဆိပ်အရေအတွက်မှာ ပထမနေရာမှာ ရှိနေတာက အမေရိကန်၊ ဒုတိယက တရုတ်ဖြစ်ပြီးတော့ ဂျပန်နိုင်ငံက တတိယနေရာမှာရှိနေပါတယ်။ ဆုတံဆိပ်ရတဲ့သူတွေရော မရတဲ့သူတွေပါ အစွမ်းကုန်ကြိုးစားယှဥ်ပြိုင်ခဲ့ကြပါတယ်။
ဒီလိုကမ္ဘာ့ထိပ်တန်းအားကစားသမားတွေကို နောက်ကွယ်ကနေ ပံ့ပိုးနေတဲ့အရာတစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ နည်းပညာနဲ့ ပံ့ပိုးပေးတဲ့ ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အားကစားသမားတွေ ကြိုက်နှစ်သက်တဲ့ ဂျပန်နိုင်ငံအားကစားပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းကို စာဖတ်သူတို့ သိပါသလား။ ဒါဆိုရင် ဥပမာတစ်ချို့ကို ကြည့်ပြီး သူတို့သမိုင်းကြောင်းကို လေ့လာကြည့်ရအောင်။

https://bizspa.jp/

Shimano ကို အများစုက ငါးဖမ်းကိရိယာထုတ်လုပ်တဲ့လုပ်ငန်းအနေနဲ့ သိထားကြပေမယ့် စက်ဘီးပြိုင်ပွဲမှာလည်း မရှိမဖြစ် ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။

၁၉၂၁ ခုနှစ် အဲ့ဒီအချိန်က အသက် ၂၆ နှစ်အရွယ်ရှိတဲ့ ရှိမနို့ ရှောဇဘုရိုဟာ ဆခအိမြို့မှာရှိတဲ့ စက်ရုံတစ်ရုံကို တစ်လ ယန်း ၅၀၀၀၀ နဲ့ ငှားရမ်းပြီး တွင်ခုံတစ်လုံးနှင့်စတင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။
အဆင့်မြင့်နည်းပညာလိုအပ်တဲ့ စက်ဘီးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Freewheel (စက်ဘီး) ကို ထုတ်လုပ်တဲ့လုပ်ငန်းဖြစ်ခဲ့ပါတယ်။

စီမံလည်ပတ်မှုအမြတ်ငွေကလည်း အတော်ငွေမြင့်မားပြီး ရောင်းအားပမာဏက ယန်း ၄၀၀ ဘီလီယံလောက်ဖြစ်တဲ့အတွက် အတော်လေး အမြတ်ရခဲ့ပါတယ်။

စက်ဘီးရဲ့ ဂီယာတစ်ဝိုက်ကို အဆင့်မြင့်တင်မှုတွေပြုလုပ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ အသိအမှတ်ပြုခံရစဥ်မှာပဲ စက်ဘီးပြိုင်ပွဲအဓိကနေရာဖြစ်တဲ့ ဥရောပက ပွဲအသီးသီးမှာ အသုံးပြုမှုတားမြစ်ခံရခြင်းစတာတွေကို ရရှိခဲ့ပေမယ့် ဒီအခက်အခဲတွေကို ကျော်လွှားပြီး အခုတော့ ထိပ်တန်းထုတ်လုပ်ရေးလုပ်ငန်းအနေနဲ့ လွှမ်းမိုးထားလျက်ရှိပါတယ်။

Miroku ဟာ Clay pigeon shooting သေနတ်ထုတ်လုပ်မှုနဲ့ နာမည်ကြီးတဲ့ လုပ်ငန်းဖြစ်ပါတယ်။ သေနတ်အဖွဲ့အစည်းမဟုတ်တဲ့ဂျပန်နိုင်ငံမှာ ဒီလိုမျိုးထုတ်လုပ်တဲ့လုပ်ငန်းရှိတာဟာ အံ့သြစရာတော့ကောင်းတယ်ဗျ။

ဂျပန်နိုင်ငံမှာ အားကစားသမား ၁၂၀၀၀၀ သာရှိပြီး ဒီအားကစားသမားတွေက အသေးစားအားကစားအပေါ် အားကောင်းတဲ့သက်ရောက်မှုရှိပေမယ့် ကုန်းပေါ်ပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့နိုင်ငံတွေအများကြီးရှိတာလည်း အားသာချက်ဖြစ်လို့နေပါတယ်။

ဒီပြိုင်ပွဲမှာ အသုံးပြုတဲ့သေနတ်က အပေါ်အောက်နှစ်တန်းပါတဲ့ shotgun ဖြစ်ပေမယ့် Miroku ရဲ့ နည်းပညာမြင့်မားမှုကြောင့် ကမ္ဘာတစ်ဝှမ်းက အားကစားသမားတွေက အသုံးပြုလျက်ရှိပါတယ်။

Miroku က ၁၈၉၃ ခုနှစ်မှာ မိရိုခု ခုရဂျိကနေ ထူထောင်ထားတဲ့ထုတ်လုပ်ရေးလုပ်ငန်းဖြစ်ပါတယ်။
စစ်ပြီးတဲ့နောက် ဂျပန်နိုင်ငံမှာ ပရိဘောဂ ထုတ်လုပ်မှုကို ပိတ်ပင်ခဲ့တာကြောင့် မှိန်းထုတ်လုပ်တဲ့ဘက်ကို အာရုံစိုက်ခဲ့ပါတယ်။
၁၉၅၁ ခုနှစ်မှာ ပရိဘောဂထုတ်လုပ်မှုကို ခွင့်ပြုချက်ရပြီး အမဲလိုက်သေနတ်ထုတ်လုပ်ခြင်းလုပ်ငန်းကို စတင်ကာ အဓိကစီးပွားရေးလုပ်ငန်းဖြစ်လာခဲ့ပါတယ်။

၁၉၆၆ ခုနှစ်မှာ အမေရိကန်ရဲ့ အကြီးစားစက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း Browning Arms နဲ့ လုပ်ငန်းချင်းပူးပေါင်းဆောင်ရွက်မှုကို စတင်ခဲ့ပြီး အမေရိကန်မှာ ရောင်းချမှုကို စတင်ခဲ့ပါတယ်။
လက်ရှိမှာတော့ အမဲလိုက်သေနတ်နဲ့ Clay Pigeon Shooting သေနတ်အနေနဲ့ အမေရိကန်မှာလည်း ရှယ်ယာများစွာ ရရှိထားပြီး ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်အနေနဲ့ အောင်မြင်လာခဲ့ပါတယ်။

ဒီလိုပဲ အားကစားလောကမှာ အားကစားသမားတွေသာမက ထုတ်လုပ်ရေးလုပ်ငန်းအသီးသီးကလည်း ယှဥ်ပြိုင်နေကြပါတယ်။ အားကစားသမားတွေ ကြိုက်နှစ်သက်ခြင်းခံရတဲ့ ထုတ်လုပ်ရေးလုပ်ငန်းကတော့ အကောင်းဆုံးပေါ့နော်။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: