ဒါဘာကြီးလဲ? ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကစတင်ခဲ့တဲ့ ရှားပါးလက်နက်

တိုင်းပြည်ဧရိယာအဲ့ဒီလောက်လည်းမကြီးသလို၊ သဘာဝသယံဇာတလည်းပေါကြွယ်ဝမှုမရှိတဲ့ဂျပန်ဟာ ကမ္ဘာနဲ့ချီပြီးရန်သူကိုတိုက်ခိုက်ကာ ဒုတိယကမ္ဘာစစ်အတွင်းပါဝင်ခဲ့ပါတယ်။
မဟာမိတ်နိုင်ငံဖြစ်တဲ့ ဂျာမနီဟာလည်းအခြေအနေတူထဲမှာ၊ ဒီ ၂ နိုင်ငံဟာ အိုင်ဒီယာနဲ့နည်းပညာစွမ်းရည်ပေါင်းစပ်မှုဖြင့် ကမ္ဘာနဲ့တစ်ဖက်တစ်ချက်မှာနေခဲ့ကြပါတယ်။

အဲ့ဒီအထဲမှာ “ ဒါဘာကြီးလဲ?” လို့အံ့သြလောက်တဲ့ ရှားပါးလက်နက်ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။
ဂျပန်ကထုတ်လုပ်လိုက်တဲ့ရှားပါးလက်နက်၊ နောက်ပြီး၎င်းရဲ့အကျိုးသက်ရောက်မှုကရော?

မီးပုံးပျံဗုံး

စဥ်းစားမိလိုက်တဲ့ ဥာဏ်ကောင်းတဲ့လက်နက်ပါပဲ…။
ဂျာမနီကဗြိတိသျှကိုမူတည်ပြီးပစ်လွှတ်ခဲ့တဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ဟာ ကမ္ဘာ့ပထမဆုံး စမ်းသပ်မှုဖြစ်ပေမဲ့၊ သွားနိုင်တဲ့အကွာအဝေးသိပ်မရှည်တာကြောင့် ဒီလိုပုံစံပေါ်လာခဲ့ပါတယ်။
ဒါပေမဲ့၊ ဂျပန်ကနေဆို အမေရိကန်ဟာ အတော်လေးဝေးပါတယ်။
အလွန်ဝေးတဲ့အကွာအဝေးကိုသွားနိုင်ပြီး ဈေးနှုန်းချိုသာစွာနဲ့ အမြောက်အများထုတ်လုပ်နိုင်တယ်။
အဲ့ဒီလိုလက်နက်ကတော့ ဟောဒီမီးပုံးပျံဗုံးပဲဖြစ်ပါတယ်။
ဗုံးနဲ့တွဲထားတဲ့မီးပုံးပျံတစ်လုံးဟာ ပစိဖိတ်သမုဒ္ဒရာကိုဖြတ်နိုင်တယ်။ ၎င်းရဲ့ကုန်ကြမ်းဟာအရမ်းအံ့သြဖို့ကောင်းတယ်။
ပြုလုပ်ပုံကတော့ ဂျပန်စက္ကူကို “ ခွန်းနယခု” ကော်ဖြင့်ကပ်ပြီး မိုးပျံပူဖောင်းတည်ဆောက်ကာ ဟိုက်ဒရိုဂျင်ကိုထည့်ပါတယ်။
အဲ့ဒါရဲ့အောက်မှာ ဗုံးကိုချိတ်ဆွဲလိုက်ပါတယ်။ သာမန်လူအဖို‌တော့ ဗုံးအပြင်၊ လက်နက်လို့တောင်စဥ်းစားမိလိုက်မှာမဟုတ်ပါဘူး။

Ibaraki စီရင်စုကနေ 7700km လောက်ဝေးတဲ့နေရာကို တိုက်ချင်းပစ်ဒုံးကျည်ကိုကျော်လွန်ပြီးသွားနိုင်ခဲ့တယ်ဆိုတာက ကမ္ဘာ့ပထမဆုံးဖြစ်ခဲ့ပါတယ်။
နာရီပေါင်း ၅၀ ခန့်ကြာပြီးတဲ့နောက်မှာ အမေရိကကိုရောက်သွားပါတယ်။

ရလဒ်အနေနဲ့ ၉၃၀၀ ခန့်ပစ်လွှတ်လိုက်တဲ့အထဲမှာ၊ ၁၀၀၀ ခန့်ဟာ အမေရိကကိုရောက်ရှိသွားခဲ့ပါတယ်။
ဒီလောက်အရေအတွက်ရောက်ရှိသွားတာကြောင့်၊ ရလဒ်ကောင်းတယ်လို့ထင်ခဲ့ပေမဲ့၊ အမှန်တကယ်ထိခိုက်ခဲ့တာကတော့ ဖြစ်ရပ်တစ်ခုသာဖြစ်ပါတယ်။
သစ်ပင်ပေါ်မှာချိတ်မိသွားတဲ့မီးပုံးပျံဗုံးကို ပျော်ပွဲစားထွက်လာတဲ့ အရပ်သားတစ်ဦးကထိမိပြီး ပေါက်ကွဲကာသေဆုံးသွားပါတယ်။
ကိုယ်ဝန်ဆောင်ဆရာမ ၁ ဦးနှင့်‌ကျောင်းသား ၅ ဦးလည်းပါဝင်ခဲ့တယ်။
ဒါဟာ ဒီမီးပုံးပျံ‌ဗုံးရဲ့ရလဒ်ပါပဲ….

ဒါပေမဲ့၊ ဒီမီးပုံးပျံဗုံးမှာ ဇီဝဓါတုလက်နက်များတပ်ဆင်ထားခဲ့ရင်တော့ ထိခိုက်ပျက်စီးမှုပိုမိုကြီးမားပြီး၊ အလွန်စိတ်ပျက်စရာကိစ္စဖြစ်လာနိုင်ပါတယ်။

မိုက်ခရိုဝေ့ဖြင့် လေယာဥ်ကိုတိုက်ခိုက်ခြင်း

Kairikisen နာမည်နဲ့တီထွင်ခဲ့တဲ့ နှုန်းလွန်အသံလှိုင်းလက်နက် …
မိုးကြိုး ကိုလှုပ်ဆော်တဲ့စမ်းသပ်မှုတောင် ပြုလုပ်ခဲ့ကြတယ်လို့ပြောပါတယ်။
အဲ့ဒီရလဒ်က လက်နက်တော့မဖြစ်ပေမဲ့၊ မိုက်ခရိုဝေ့တီထွင်မှုရဲ့ အခြေခံသဘောတရားဖြစ်လာခဲ့ပုံရပါတယ်။
ငြိမ်းချမ်းစွာအသုံးပြုခြင်းဟာ၊ အံ့သြဖွယ်ကောင်းပါတယ်…

 

လေယာဉ်တင်ရေငုပ်သင်္ဘော


https://trafficnews.jp/post/83357

ကမ္ဘာကြီးရဲ့စစ်တပ်အင်အားနဲ့နှိုင်းယှဥ်ကြည့်ရင်၊ ဂျပန်ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ ဟာ ပါမွှားလေးပါလို့ ယနေ့ခေတ်လူ့အဖွဲ့အစည်းကပြောကြတယ်..
ဒါပေမဲ့ ဂျပန်ရဲ့ရေငုပ်သင်္ဘောဟာ အမေရိကန်စစ်တပ်ကိုတောင်ခြိမ်းခြောက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။

ဒီရေငုတ်သင်္ဘောဟာ ထူးထူးခြားခြားကြံ့ခိုင်နေသလိုပဲ စစ်ပွဲအတွင်းကဂျပန်လည်းထိုနည်း၎င်းဖြစ်ခဲ့ပါတယ်။
သင်္ဘောတည်ဆောက်ရေးနည်းပညာမှာ အလွန်ထူးချွန်ခဲ့တဲ့ဂျပန်ဟာ၊ လေယဥ်ပျံတွေပါဝင်လှုပ်ရှားလာတဲ့ခေတ်သို့ ကူးပြောင်းသွားတဲ့အချိန်မှာ အမေရိကန်စစ်တပ်ကနေ ထိန်းချုပ်ခြင်းခံလိုက်ရပါတယ်။
အဲ့ဒီအထဲမှာ လေယာဉ်နဲ့တိုက်ခိုက်ခြင်းမှပစ်မှတ်လွဲတာကတော့ ရေငုတ်သင်္ဘောဖြစ်ပါတယ်။
အဲ့ဒီချိန် ဂျပန်ဟာတော်တော်ကောင်းတဲ့အိုင်ဒီယာကိုရခဲ့တယ်လို့ ပြောရပါမယ်။

လေယာဥ်တင်သင်္ဘောကို ရေငုတ်သင်္ဘောအဖြစ်အသုံးပြုပြီး၊ တိတ်တဆိတ်အမေရိကန်ဆိပ်ကမ်းကိုသွားမယ်၊
ဗုံးကြဲချပစ်မယ်!?

ဒီလိုပုံမှန်အသိကနေသွေဖယ်ပြီး စစ်ဆင်ရေးကိုအလေးအနက်လုပ်ခဲ့တာကတော့ ဒီရေငုပ်သင်္ဘောဖြစ်ပါတယ်။
လေယာဥ် ၃ စင်းတင်ဆောင်ပြီး၊ ပင်လယ်ခရီးအကွာအဝေး ၆၁,၀၀၀ ကီလိုမီတာကိုသွားနိုင်ပါတယ်။
၄ လအကြာတွင်း ဘယ်နေရာမှဆိပ်ကမ်းကပ်စရာမလိုဘဲ၊ လှုပ်ရှားနိုင်တဲ့ထူးချွန်တဲ့လက်နက်ဖြစ်ပါတယ်။
စကားမစပ် ကမ္ဘာကြီးရဲ့တစ်ပတ်က ၄၀,၀၀၀ ကီလိုမီတာခန့်ရှိတာကြောင့် ကမ္ဘာမြေပေါ်က နေရာတိုင်းကိုသွားနိုင်တယ်လို့ တွက်ချက်ထားကြပါတယ်။

ဒါပေမဲ့ အားနည်ချက်ကတော့ လေယာဥ် ၃ စင်းသာတင်ဆောင်နိုင်ပါတယ်။…
လေယာဥ်တင်သင်္ဘောပဲလုပ်လိုက်တာကမကောင်းဘူးလား?
နောက်ဆုံးမှာ ဂျပန်ဟာဒီရေငုတ်သင်္ဘောကို ၁၈ စင်းတောင်တည်ဆောက်ခဲ့ပါတယ်…..။
ရူးသွားပြီလို့ထင်မိတာ ကျွန်တော်တစ်ယောက်တည်းများလား?

New York ကိုဗုံးခွဲဖို့ကြံစည်ခဲ့ပေမဲ့၊ ရလဒ်က အမေရိကန်ကျေးလက်‌ဒေသရဲ့လယ်ကွင်းထဲမှာ ဗုံးကိုပစ်ချပြီး ပြီးသွားပါတယ်။
သို့သော် အမေရိကန်တိုက်ကို ဗုံးကြဲခဲ့တဲ့ကမ္ဘာပေါ်မှ တစ်ခုတည်းသောစစ်ဆင်ရေးဆိုလည်း ဟုတ်ပါတယ်…..။
မိုက်တယ်လို့ပြောရင် မိုက်တော့မိုက်ပါတယ်။ ဒါပေမဲ့ အဓိပ္ပါယ်တော့မရှိဘူးပေါ့…

ဒီရေငုတ်သင်္ဘောကို အစင်း ၁၀၀ လောက်တည်ဆောက်ပြီး New York ကမ်းလွန်မှာ ရုတ်တရက်ထွက်ပေါ်လာခဲ့ရင် ဒါဟာရှော့ခ်ရစရာဖြစ်သွားပါလိမ့်မယ်။
ဂျပန်မှာက အဲ့ဒီအရင်းအမြစ်မရှိလို့ ဒီလောက်အရေအတွက်အများကြီးတည်ဆောက်ဖို့တော့ မဖြစ်နိုင်ပါဘူး…

အလေးအနက်စဥ်းစားရင်စဥ်းစားသလောက် လျှို့ဝှက်ဆန်းကြယ်တဲ့ဦးတည်ချက်မှာတစ်ဟုန်ထိုးပြေးဝင်ကြတာကတော့ လူသားတွေပဲနော်?

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: