♡သိပ်လှတဲ့ ကြောင်မှတ်စုစာရွက်လေး♡

“ Felicissimo Cat Club ™” ရဲ့ Felissimo မှတီထွင်ခဲ့တဲ့ အလွန်ချစ်စရာကောင်းတဲ့ မက်ဆေ့ခ်ျ မှတ်စုတိုလေးကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
သူ့နာမည်က “ ဂျပန်မွေ့ရာထဲက နှစ်ခြိုက်စွာအိပ်နေတဲ့ကြောင်လေးရဲ့ မက်ဆေ့ခ်ျမှတ်စု” 「和布団でスヤァ 猫のメッセージメモ」

https://mag.japaaan.com/wp-content/uploads/2020/08/sub10.jpg

အသည်းယားဖို့ကောင်းတာက အိပ်ပျော်နေတဲ့ကြောင်လေးခြုံထားတဲ့စောင်ကို လှန်လိုက်တဲ့အခါ၊
မက်ဆေ့ခ်ျတစ်ခုနှင့်အတူ ကြောင်ရဲ့ချက်ပြုတ် pose လေး ပေါ်လာပါတယ်။

https://mag.japaaan.com/wp-content/uploads/2020/08/main-19-813×900.jpg

 

ပါဝင်တဲ့ lineup မှီမှီလေးတွေကတော့ Tea tiger, Brown tabby, Calico, Rust, Pheasant white, Grey
စသဖြင့် ၆ မျိုးတောင်ပါလို့ ဒီလိုစာအပေးခံရတဲ့သူက ကြောင်ချစ်တဲ့သူတွေဆိုရင်တော်တော်လေးကို ပျော်မိမှာပဲနော်။ အဲဒီ ၆မျိုးထဲမှာမှ ပုံစံအမျိုးမျိုးနဲ့ ငါး၊ ဘောလုံး အပြင် မှီမှီတို့ဆော့တဲ့ အရုပ်လေးတွေကိုပါတွေ့ရမှာပါ။

https://mag.japaaan.com/wp-content/uploads/2020/08/sub5-4-599×660.jpg

 

https://mag.japaaan.com/wp-content/uploads/2020/08/sub7-6-599×660.jpg

အိပ်တဲ့အသွင်အပြင်လည်းအားလုံးကမတူပါဘူး။
ဒါပေမယ့် ဘယ်ကြောင်တိုင်းမဆို နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေကြပြီး ချစ်စရာကောင်းချက်ကတော့ မပြောပြတတ်အောင်ပါပဲ။
ကြောင်ရဲ့ လက်ကလေးတွေနဲ့ ဖူတိုစောင်ကိုသေချာကိုင်ထားပြီးအိပ်နေကြတာနော်။
လျှို့ဝှက်စာတွေကို သေသေချာချာ ကာကွယ်ပေးထားတာပဲ !

https://mag.japaaan.com/wp-content/uploads/2020/08/sub2-15.jpg

စာရွက်ရဲ့အနောက်ဘက်ခြမ်းကတော့ ဒီလိုလေးပါနော်။

https://mag.japaaan.com/wp-content/uploads/2020/08/sub9-2.jpg

 

ကြောင်ချစ်တဲ့သင့်ရဲ့သူငယ်ချင်းတွေဆီကို စာပို့တဲ့အခါ ဒီလို စာရွက်လေးနဲ့ ပို့လိုက်ရင်တော့ တော်တော်လေးပျော်သွားမှာပဲနော်။
ဒီစာရွက်လေးတွေကိုအွန်လိုင်းပေါ်မှာလည်းရောင်းနေပါတယ်။
စျေးနှုန်းကတော့ တူညီသောပုံစံ နှင့် စာရွက်အရွက် ၄၀ကို ယမ်း ¥ ၆၅၀ (+ အခွန်အပါအဝင် ) ဖြင့် ရောင်းချလျက်ရှိပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: