ကမ္ဘာမှာကားထုတ်လုပ်တဲ့ကုမ္ပဏီတွေကို လွှမ်းမိုးနိုင်ခဲ့တဲ့ ဂျပန်ရဲ့ top3 ကားမော်ဒယ် !!!

လက်ရှိမှာတော့ ဂျပန်ထုတ်ကားတွေက ကမ္ဘာတစ်ဝှမ်းမှာ အရည်အသွေးကောင်းပြီးတန်ဖိုးမြင့်မားသော်လည်း၊ ကနဦးမှာတော့ နိုင်ငံအားလုံးကနေ အရူးလိုဆက်ဆံခြင်းခံခဲ့ရပါတယ်။
နည်းပညာကိုမြင့်မားလိုက်ပြီး ထိပ်ဆုံးကိုရောက်လာခဲ့တဲ့ကားတွေရှိပါတယ်။

အဲ့ဒီအချိန်ရဲ့ကားလောကတစ်ခုလုံးထဲကို အကြီးအကျယ်အနိုင်ယူခဲ့တဲ့ ဂျပန်ရဲ့top3 ကားတွေနဲ့ မိတ်ဆက်ပေးပါမယ်။

အမေရိကန်ကနေအစပြုခဲ့တဲ့ မော်တော်ကားစက်မှုလုပ်ငန်း…
တစ်ချိန်ကအမေရိကန်ရဲ့ အဓိကစက်မှုလုပ်ငန်းကိုပြောပါဆိုရင် မော်တော်ကားစက်မှုလုပ်ငန်းပဲဖြစ်ပါတယ်။

အဲ့ဒါရဲ့ပြိုင်ဘက်ဖြစ်လာတာကတော့ ဥရောပရဲ့မော်တော်ကားလုပ်ငန်းပါ။
အာရှရဲ့ကားကုမ္ပဏီတွေကတော့ လုံးဝကိုအရည်အသွေးမမှီသေးပါဘူး။

ယခုအချိန်ထိ ဂျပန်မော်တော်ကားတွေဟာ ကမ္ဘာမှာတန်ဖိုးမြင့်မားနေသော်လည်း ကနဦးအစမှာတော့ အအရူးလုပ်ခြင်းခံရပြီး ရောင်းမထွက်ခဲ့ပါဘူး။
တဖြည်းဖြည်းနည်းပညာပိုင်းမှာအားကောင်းလာပြီး၊ ကမ္ဘာ့မောတော်ကားထုတ်လုပ်တဲ့လုပ်ငန်းကို လွှမ်းမိုးနိုင်ခဲ့တဲ့ ဂျပန် top3 စာရင်းရှိ မော်တော်ကားတွေနဲ့ မိတ်ဆက်ပေးပါမယ်။

Mazda Roadstar

https://forbesjapan.com/articles/detail/35170

1989 ခုနှစ်မှာစာရင်းသွင်းခဲ့တဲ့ Mazda Roadstar
ပေါ့ပါးတဲ့ ကားbody မှာ 1.6 liter 4-cylinder engine နဲ့ 5-speed MT ကိုတပ်ဆင်ထားပါတယ်။

FR လို့ခေါ်တဲ့ drive format ကို လက်ရာပြောင်မြောက်တဲ့ဟန်ချက်နဲ့ပေါင်းစပ်ထားတာကြောင့်
ပြေးတဲ့အရှိန်ကလည်းမြန်တာကြောင့် Master car အဖြစ်တန်ဖိုးသတ်မှတ်ခြင်းခံရပါတယ်။
ဒီကားအမျိုးအစားရဲ့လွှမ်းမိုးမှုကြောင့် နောက်ပိုင်းမှာ Porsche Boxter、Mercedes Benz SLK、BMW Z3、Audi TT အစရှိတဲ့ ဥရောပကားတွေထွက်လာတယ်လို့ ပြောကြပါတယ်။

အင်ဂျင်အကြီးတွေတပ်ဆင်ထားတဲ့ Ferrari ၊ Lamborghini တွေနဲ့မတူဘဲ၊ ပေါ့ပါးတဲ့bodyနဲ့လျင်မြန်စွာပြေးနိုင်မှုကို ခံစားနိုင်တဲ့ကားအမျိုးအစားအဖြစ် သတ်မှတ်ခြင်းခံရပါတယ်.

TOYOTA SELSIOR

ဒီကားကတော့ 1989 ခုနှစ်ထွက်ရှိလာတဲ့ အမျိုးအစားဖြစ်ပါတယ်။

ဂျပန်မှာ SELSIOR, အမေရိကန်မှာ Lexus LS !!

အမေရိကန်မှာထွက်လာတဲ့အချိန်၊ 40,000usd သာရှိတဲ့ ဂျပန်ထုတ် SELSIOR ?
ဒါဟာဇိမ်ခံကားမဟုတ်ဘူးဆိုတဲ့အချက်နဲ့ အရူးလိုဆက်ဆံခံရတာပါ။

သို့သော် လက်တွေ့စီးခဲ့တဲ့ မဂ္ဂဇင်းသတင်းထောက်ဆီက အံ့သြစရာအကြောင်းအရာတစ်ခုထွက်လာခဲ့ပါတယ်။

အရမ်းကိုတိတ်ဆိတ်ပြီး အင်ဂျင်လည်နေတာတောင်မသိရပါဘူး။
BMW ထက်မြန်ပြီး Benz ထက်လည်းဇိမ်ကျတယ်။ အဲ့ဒါ ၂ ခုထက်ကို ဈေးကတော်တော်လေးသက်သာတယ်။
ဒီအားသာချက်တွေရှိသလို နောက်ပြီး TOYOTA ဖြစ်နေလို့လည်း လွယ်လွယ်နဲ့ပျက်ဆီးနိုင်မှာမဟုတ်ဘူး။

မြောက်အမေရိကတိုက်ကိုလွှမ်းမိုးနိုင်ခဲ့တဲ့ ဒီကားဟာ နောက်ပိုင်းမှာတော့ ကျွန်တော်တို့မြင်တွေ့နေတဲ့ Lexus brand အဖြစ်ရောက်ရှိလာပါတယ်။
TOYOTA ရဲ့ရည်မှန်းချက်ကတော့ အသံတိတ်တဲ့မိုးလုံလေလုံအတွင်းပိုင်းဖြစ်ပါတယ်။

၎င်း၏တည်ရှိမှုကိုပြသတဲ့ luxury car တွေလို strong direction ရှိတဲ့ အနောက်တိုင်းကားတွေနဲ့မတူဘဲ၊ ဂျပန်စတိုင် တည်ငြိမ်တဲ့ပုံစံကိုရုပ်လုံးဖော်တဲ့ကားလို့ သတ်မှတ်ခြင်းခံရပါတယ်။

 

HONDA NSX


1990 ခုနှစ်မှာထွက်ရှိလာတဲ့ HONDA ရဲ့ NSX !
အဲ့ဒီအချိန် F1 မှာပြိုင်ဘက်ကင်းတဲ့ ကြံ့ခိုင်မှုကိုကြွားနိုင်ခဲ့တဲ့ HONDA ဟာ အဲဒီနည်းပညာတွေအကုန်လုံးကိုအသုံးချပြီးတီထွင်လိုက်တဲ့ Commercial vehicle ကတော့ ဒီဟာပါ။

မူရင်းနာမည်ကတော့ New Supercar X !!!
ဟာသဆန်တဲ့အဲ့ဒီနာမည်ကြီးက ကုမ္ပဏီနာမည်တောင်ဖြစ်လာခဲ့ပါတယ်။
ပြိုင်ဘက် Ferrari နဲ့ထိပ်တိုက်တွေပြီး ဈေးကွက်ထဲကိုရောက်လာခဲ့ပေမဲ့၊ တကယ့်ကိုအသာစီးအဆင့် ကားအမျိုးအစားအဖြစ်အနိုင်ရရှိသွားခဲ့ပါတယ်။

အဲ့ဒီအချိန် HONDA ရဲ့ president ဖြစ်တဲ့ Mr. Kawamoto ဟာ

နောက်ဆုံးပေါ်မော်ဒယ်ဖြစ်တဲ့ Ferrari ကတော့, ကျောက်ဖြစ်ရုပ်ကြွင်းပါပဲ..

လို့ပြောလာတဲ့အထိ..

NSX မှာတပ်ဆင်ထားတဲ့ကမ္ဘာ့ပထမဆုံး technology က 20 အထက်ကိုကျော်သွားပါတယ်။

HONDA လိုက်ပြီးပြိုင်ခဲ့တာကတော့ Ferrari328 ပါ။
Ferrari328 ကို တစ်စီးပြီးတစ်စီးဝယ်ကာ၊ နှိုက်နှိုက်ချွတ်ချွတ်ကိုသုတေသနလုပ်ပါတယ်။
Commercial vehicle ဖြစ်တဲ့အတွက် အရေးကြီးတာကိုလုံးဝမေ့မထားပါဘူး

နေ့တိုင်းစီးမယ့် စူပါကား..

ဒီ concept ကိုအခြေခံပြီးတီထွင်လိုက်တဲ့ HONDA NSX ဟာ ပြိုင်ဘက်ဖြစ်တဲ့ Ferrari328 ကိုအနိုင်ပိုင်းနိုင်ခဲ့ပြီး, အဲ့ဒီနောက် 1999 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Ferrari360 အထိတိုင်အောင် ထိပ်ဆုံးနေရာကိုဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

ရောင်းချတဲ့အချိန် NSX ကိုစမ်းပြီးစီးကြည့်ခဲ့တဲ့ အမေရိကန်ရဲ့မဂ္ဂဇင်းသတင်းထောက်ဟာ

ကမ္ဘာမှာပထမဆုံးထွက်လာတဲ့ အကောင်းဆုံး sports car ပဲ..
ဒီအချိန်အထိ ဘယ်နေရာမှာမှမရှိဘူး။ မည်သည့်စျေးနှုန်းနဲ့မဆိုမထုတ်နိုင်ပါဘူး…..

NSX လည်းပဲ
1955 ခုနှစ်ရဲ့ SL Gull Wing နဲ့ 1977 ခုနှစ်ရဲ့ Porsche 928 အစရှိတဲ့ classic sports car တွေထက်သာလွန်ပါတယ်။

Ferrari နဲ့ Lamborghini တို့ရှိသမျှထက် ထူးချွန်တဲ့လူ့သမိုင်းမှာအကြီးမားဆုံးလက်ရာပါပဲ။

လို့အကြီးအကျယ်ထောက်ခံခဲ့ပါတယ်။

1989 ခုနှစ်၊ 1990 ခုနှစ်မှာ အထွတ်အထိပ်ကိုရောက်လာတဲ့ ဂျပန်ထုတ်ကားများ..
ဒါက ဒီနှစ်တွေအတောအတွင်းမှာလည်း ဒီမော်ဒယ် ၃ မျိုးနဲ့အတူ အသစ်တွေလည်းထွက်လာပါသေးတယ်။

အချိန်တွေကလည်းပြောင်းလဲလာသလို၊ မော်တော်ကားတွေနဲ့ပတ်သက်ပြီးတောင်းဆိုလာမှုတွေကလည်း ပြောင်းလဲလာရင်းနဲ့ …
ကျွန်တော်လိုပဲ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့လူတွေအားလုံး အံ့သြမှင်သက်ရတဲ့ကားတွေကို ဆက်ပြီးထုတ်လုပ်သွားစေချင်သေးတယ်မဟုတ်လား..?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: