အနံ့ဆိုးထွက်ခြင်းကနေ ကာကွယ်ပေးမယ့် အမှိုက်ပုံးတီထွင်မှုအသစ်

အမှိုက်ပုံး၊အထူးသဖြင့် မီးဖိုချောင်ထဲကအမှိုက်ပုံးက အနံ့ဆိုးတွေထွက်တယ်နော်။

ဟင်းချက်ဖို့အတွက်အသားငါးတွေကိုင်ပြီး ပစ်ထားတာတွေ၊ ထမင်းစားပြီး စားကြွင်းစားကျန်တွေထည့်တဲ့ မီးဖိုချောင်ထဲကအမှိုက်ပုံးက နံ့စော်နေတာပါပဲ။

ဒီလိုအနံ့ပြင်းပြင်းတွေကြောင့် အပြင်ကိုထုတ်လိုက်မယ်ဆိုရင်လည်း ကြောင်တွေကလာပြီးဖွလိုက်တာ အကောင်ပလောင်တွေအများကြီးရောက်လာတာမျိုး ဖြစ်တတ်ပါတယ်။

ဒါပေမယ့်လည်း ဂျပန်မှာက အိမ်ပြင်မှာအမှိုက်တွေကို ဒီအတိုင်းကြီးပစ်ထားတာမျိုးမရှိကြပါဘူး။

အမှိုက်အနံ့ဆိုးတွေမထွက်အောင်လည်း ဘယ်လိုမှတားမရဘူးဆိုတဲ့ ပြဿနာတွေ ထပ်ပြီးမရှိလာနိုင်တော့ပါဘူး။

https://www.gizmodo.jp/2019/11/clean-box-10.html

 

သန့်ရှင်းနေတဲ့မီးဖိုချောင်လေးထဲမှာ အနံ့အသက်ကင်းစင်ဖို့ရည်ရွယ်ချက်နဲ့ ထူးခြားတဲ့အမှိုက်ပုံးတစ်မျိုးထွက်ပေါ်လာခဲ့ပါတယ်။

ဒီအမှိုက်ပုံးပါ။

https://www.gizmodo.jp/2019/11/clean-box-10.html

 

အထဲမှာ ရေခဲသေတ္တာလိုမျိုး အအေးဓာတ်ရှိပြီး အထဲကအမှိုက်တွေကို အပူချိန် ၁၀ ဒီဂရီနဲ့ ထိန်းသိမ်းပေးပါတယ်။

ဒီလိုထိန်းသိမ်းထားတာကြောင့် အမှိုက်တွေပုပ်ပွသွားပြီး ပုပ်စော်နံတဲ့အနံ့ဆိုးတွေ မဖြစ်လာအောင် တားဆီးပေးနိုင်မှာဖြစ်ပါတယ်။

နောက်ပြီး ဒီလိုအပူချိန်မျိုးမှာ အကောင်တွေရောက်မလာနိုင်ပါဘူး။

ယင်ကောင်နဲ့ ပိုးဟပ်တွေ ရောက်လာမှာကိုလည်း မစိုးရိမ်ရတော့ပါဘူး။

 

ဒီအအေးအမှိုက်ပုံးက မီးစားလို့မီးဖိုးပိုကုန်ပေမယ့်လို့ ထင်ထားပေမယ့်လည်း ဂျပန်မှာဆိုရင်တော့ တစ်လကို ယန်း ၁၀၀၀ လောက်ပဲကျသင့်မှာဖြစ်ပါတယ်။

ဒီလိုဆိုရင် အရမ်းကိုအဆင်ပြေပြီး အိမ်တွင်းအနံ့ဆိုးတွေ ပျောက်ကွယ်စေတာကြောင့် ကျေးဇူးတင်ရမှာပါ။

စားစရာအမှိုက်တွေတင်မဟုတ်သေးဘူးနော်။

ကလေးသေးသေးလေးတွေရဲ့ တစ်ခါသုံးအနှီးတွေ လွင့်ပစ်တဲ့အခါမှာလည်း အနံ့ဆိုးတွေကိုပျောက်ကင်းစေမှာပါ။

အနံ့အသက်ဆိုးတွေကို ပျောက်ကွယ်သွားစေမယ့် ဆေးမျိုးစုံသုံးခဲ့ပေမယ့်လည်း ဟင်းချက်တဲ့မီးဖိုချောင်ထဲမှာတော့ ဆေးတွေသုံးလို့လုံးဝမဖြစ်ပါဘူး။

 

ဒီအမှိုက်ပုံးကိုတော့ ခုလက်ရှိအလုံး ၁၀၀ ပဲထုတ်လုပ်ထားပြီး ယန်း ၄၈,၁၈၀ နဲ့ရောင်းချနေတာဖြစ်ပါတယ်။

တော်တော်ကိုရိုးရှင်းတဲ့ပစ္စည်းလေးဆိုပေမယ့် လူတိုင်းအတွက် ကျန်းမာရေးအရရောအကျိုးရှိစေတဲ့ ပစ္စည်းလေးဆိုတာသေချာပါတယ်။

ပူအိုက်တဲ့ရာသီဥတုမျိုးရှိတဲ့ မြန်မာနိုင်ငံအတွက်လည်း တကယ့်ကိုအသုံးဝင်တဲ့ပစ္စည်းလေးဆိုတော့ မလိုချင်ကြဘူးလားနော် ? ? ?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: