တစ်ယောက်တည်းနဲ့ လပေါ်ကို သွားမယ်

အမေရိကန်နိုင်ငံက လပေါ်ကို လူစေလွှတ်ခဲ့တဲ့ APOLLO ပရော့ဂျက်ပြီးဆုံးပြီး နှစ်တော်တော်များများ ကျော်လွန်ခဲ့ပြီးနောက်မှာတော့ တစ်ဖန် လနှင့်ပက်သက်ပြီး စိတ်ဝင်စားလာကြပြန်လာတယ်။

ဆိုပေမယ့်လည်း အဲ့ဒါဟာ နိုင်ငံတော်အဆင့် ကြီးမားလှတဲ့ စီမံကိန်းဖြစ်ပြီး ပုဂ္ဂလိကအနေနဲ့ လုပ်မယ်ဆိုရင်လည်း တော်တော်လေး အကုန်အကျများမယ့် စကားတစ်ခု ဖြစ်နေပါတယ်။

 

ဂျပန်နိုင်ငံမှာ တိုယိုတာနဲ့ JAXA(Japan Aerospace Exploration Agency (နိုင်ငံပိုင်))တို့ပူးပေါင်းပြီး ဘတ်ဂျတ်များစွာ အသုံးပြုကာ လပေါ်မှာ လူကိုယ်တိုင် မောင်းနိုင်မယ့် ကားကို စတင်တီထွင်နေကြပါတယ်။

အဲ့ဒီလို ကြီးကျယ်လှတဲ့ အိမ်မက်ကို တစ်ယောက်တည်းနဲ့ ဖြစ်မြောက်အောင် လုပ်ဆောင်နေတဲ့ ဂျပန်လူမျိုး တစ်ယောက်ရှိပါတယ်။

Shinichiro Nakajima ဆိုသူပဲ ဖြစ်ပါတယ်။

သူတီထွင်လိုက်တာကတော့ အောက်က အရာဝတ္ထုပဲ ဖြစ်ပါတယ်။

https://news.mynavi.jp/article/20191018-911189/

လပေါ်မှာ အထိန်းမပါဘဲ ပြေးနိုင်တဲ့ ရှာဖွေရေးယာဉ်လေးပဲ ဖြစ်ပါတယ်။

လူစီးနိုင်တဲ့ အရွယ်အစားမဟုတ်ဘဲ ၀.၆ ကီလိုဂရမ်သာရှိတဲ့ ကားငယ်တစ်စီးပဲ ဖြစ်ပါတယ်။

 

ကားလေးရဲ့ နာမည်ကတော့ YAOKI လို့ခေါ်ပါတယ်။

ဂျပန် စကားပုံတစ်ခုဖြစ်တဲ့ Nanakorobi Yaoki ဆိုတဲ့စကားပုံလေးကနေ ယူထားတာ ဖြစ်ပါတယ်။

ဘယ်လောက်ပဲ ကျရှုံးပါစေ ပြန်ထပြီး ကြိုးစားမယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်ပါတယ်။

YAOKIဟာ ဘတ်ထရီနဲ့ လည်ပတ်နေပြီး ၆နာရီကြာ ခံပါတယ်။ မှန်းထားသလို ဖြစ်မယ်ဆိုရင်တော့ ၁ကီလိုမီတာလောက်အထိ သွားနိုင်မယ့် ပုံပါပဲ။

မျက်နှာစာမှာ ပုံပါအတိုင်း LED မီးလုံးလေးနဲ့ ကင်မရာကို တပ်ဆင်ထားပါတယ်။

 

https://news.mynavi.jp/article/20191018-911189/

ပုံမှန်အားဖြင့် ဒီလိုပုံစံအသေးစားမျိုးလေးပဲ ဖြစ်ဖြစ် နယ်ပယ်အသီးသီးက ပညာရှင်တွေစုစည်းပြီး အဖွဲ့များဖြင့် ဒီဇိုင်းဆွဲအလုပ်လုပ်ကြပါတယ်။

သို့သော်လည်း YAOKI ကိုတော့ လူတစ်ယောက်တည်းကပဲ လုပ်နေတာပါ။

 

https://news.mynavi.jp/article/20191018-911189/

YAOKI ကို ၂၀၂၁ခုနှစ် အမေရိကန်က လွှတ်တင်မယ့် ဒုံးကျည်မှာ တပ်ဆင်ပြီးတော့ လပေါ်ကို ပို့မှာပါ။

လူတစ်ယောက်တည်းက တီထွင်လိုက်တဲ့ စက်ပစ္စည်းတစ်ခုကို လပေါ်ကို လွှတ်တင်တယ်ဆိုတာ သမိုင်းမှာတောင် မရှိခဲ့ဘူးတဲ့ ဖြစ်ရပ်ပါ။

 

လက်ရှိအချိန်ထိ ဂျပန်နိုင်ငံကတီတွင်ထားတဲ့ ကားကို လပေါ်ကို လွှတ်တင်တာမျိုး မရှိခဲ့သေးပါ။

TOYOTA နဲ့ JAXAတို့ ပူးပေါင်းပြီး တီထွင်နေတဲ့ ကားကိုလည်း ၂၀၂၁ပြည့်နှစ်မှာ လပေါ်လွှတ်တင်မယ်လို့ ရည်မှန်းထားလို့ ဒီနိုင်ငံပိုင် ပရော့ဂျက်နဲ့ YAOKI ဘယ်ဟာက လပေါ်အရင်ရောက်မလဲဆိုတာ စောင့်ကြည့်ရမှာပါပဲ။

 

သူကတော့ အဲ့ဒီကားအသေးစား ၂စီး ပြီးတော့ ၃စီးအထိတောင် ဆက်လက်တီထွင်လို့ ပြီးနေပါပြီ။

AI ကို အသုံးချပြီး အထိန်းမပါဘဲ ပြေးနိုင်အောင် ရည်ရွယ်ထားပါတယ်။

 

အာကာသပေါ်ကို ရောက်ဖို့က တစ်ယောက်တည်းလည်း လုပ်နိုင်တယ်ဆိုတဲ့ ခေတ်သစ်တစ်ခုကို တည်ထောင်လိုက်တဲ့ Nakajima Sanက တကယ့်ကို တော်လွန်းပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: