လူတွေကားထဲမှာ ဘာလုပ်ကြမလဲ?

ရေနွေးငွေ့နဲ့မောင်းနှင်နိုင်တဲ့ကားတွေ စတင်ထွက်ပေါ်လာခဲ့တာကြောင့် ရထားတွေမလိုအပ်တော့ဘူးဆိုပြီး ကားတွေရဲ့သမိုင်းက စတင်ခဲ့ပါတယ်။

ပိုအဆင်ပြေပြီး ပိုမြန်မြန်မောင်းနိုင်တဲ့ကားတွေပါ်ထွက်လာခဲ့ရာ ဂျပန်နိုင်ငံမှာ ၁၉၈၀ ဝန်းကျင်လောက်မှာ sports car တွေက အရမ်းကိုနာမည်ကြီးခဲ့ပါတယ်။

တစ်ချိန်တုန်းက ဂျပန်ကားတွေရဲ့စွမ်းဆောင်ရည်တွေက သိပ်မမြင့်သေးဘဲ Ferrari、Lamborghini、Porsche စတဲ့တံဆိပ်တွေကပဲ ထိပ်မှာရှိခဲ့ပါတယ်။

အဲ့ဒီနောက်မှာ ဂျပန်နိုင်ငံရဲ့ကားတံဆိပ်တွေကလည်း နည်းပညာစွမ်းရည်တွေကိုမြင့်တင်ခဲ့ပြီး ထိပ်တန်းပြိုင်ကားတစ်မျိုးအဖြစ် F1 နဲ့HONDA ကနေ အနိုင်ရရှိခဲ့ပါတယ်။

ဂျပန်ရဲ့ကားတံဆိပ်တွေကနေလည်း ကမ္ဘာအထိတိုးချဲ့ပြီး ကားတွေကိုထုတ်လုပ်နိုင်လာခဲ့ပါတယ်။

ဒီလိုခေတ်ကိုရောက်လာတဲ့အခါမှာတော့ ကားပြပွဲအကြီးကြီးဖြစ်တဲ့ Motor Show ကိုကျင်းပပြုလုပ်ခဲ့ပါတယ်။

https://clicccar.com/2017/10/27/524718/

 

ကမ္ဘာပေါ်က ကားတံဆိပ်တွေက စွမ်းဆောင်ရည်မြင့်မားတဲ့ကားတံဆိပ်တွေကို ထုတ်လုပ်ပြီး အလှလေးတွေနဲ့ပွဲထုတ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ဆွဲဆောင်မှုအရှိဆုံး Motor Show တွေကျင်းပခဲ့ပေမယ့်လည်း ဂျပန်နိုင်ငံက လူငယ်တွေကလည်းကားသိပ်မမောင်းရလို့ ပွဲကိုလာကြည့်တဲ့လူ အရည်အတွက်က အရမ်းကိုနည်းခဲ့ပါတယ်။

ဒီလိုဖြစ်နေတဲ့ကြားမှာ ယခုလတ်တလော လာရောက်တဲ့သူတွေက ပိုများလာခဲ့ပါတယ်။

ဒါပေမယ့် ခုချိန်ထိကျင်းပပြုလုပ်နေတဲ့ Motor Show ကတော့ လုံးဝကွဲပြားခြားနားသွားပါပြီ။

ဂျပန်နိုင်ငံမှာ စွမ်းဆောင်ရည်မြင့်မားတဲ့ sports car တွေဟာ မရောင်းရတော့ပါဘူး။ ခုလတ်တလောလူကြိုက်များနေတာကတော့  အလိုအလျောက်မောင်းနှင်တဲ့ကားတွေ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ကားမောင်းတဲ့သူမလိုတော့ဘူးဆိုရင် ကားပုံစံလည်းပြောင်းသွားမယ်လို့ထင်ပါတယ်။

https://gasket.bizright.co.jp/2019/10/29-14/?fbclid=IwAR0JS1GfxZDkLQauerc7YT7edSkyThw2bHXquLpwBSXPOnYrIOFcLyY71js

 

ပြထားတဲ့ပုံကို ကြည့်လိုက်ရင် ချက်ချင်းသဘောပေါက်မယ်ထင်ပါတယ်။မောင်းစရာမလိုတာကြောင့် ဒါရိုက်ဘာအတွက် ခုံမလိုတော့ပါဘူး။

နောက်ပြီး ကားကအလိုအလျောက်မောင်းမှာဖြစ်လို့ အမြန်မောင်းစရာလည်းမလိုတော့ပါဘူး။

ဒီလိုဖြစ်လာခဲ့ရင် ကားရဲ့အတွင်းပိုင်းက ပိုပြီးစိတ်ဝင်စားဖို့ကောင်းမယ်လို့ထင်ပါတယ်။

https://gasket.bizright.co.jp/2019/10/29-14/?fbclid=IwAR0JS1GfxZDkLQauerc7YT7edSkyThw2bHXquLpwBSXPOnYrIOFcLyY71js

 

ဒီလို မျက်နှာချင်းဆိုင်စားပွဲနဲ့ဆိုရင်ရော ဘယ်လိုလဲ ?

ဒီလိုဆိုရင် အလုပ်လုပ်ရင်း၊ အစည်းဝေးလုပ်ရင်းနဲ့ သွားလာလို့ရတာပေါ့နော်။

ပြတင်းပေါက်ကနေ အပြင်ကိုကြည့်စရာလည်းမလိုတော့တာကြောင့် ပြတင်းပေါက်နေရာမှာ မော်နီတာအကြီးတစ်လုံးထားလိုက်လို့တောင်ရပါတယ်။

အဲ့ဒီကနေတဆင့် အဝေးမှာရှိနေတဲ့လူဆီကို အင်တာနက်ကနေ ဆက်သွယ်ပြီး အစည်းအဝေးလုပ်လို့လည်းရပါတယ်။

နောက်ပြီး ကားမောင်းတတ်စရာလည်းမလိုလို့ လူတိုင်းစီးနိုင်တဲ့ခေတ်ကို ရောက်လာတော့မှာဖြစ်ပါတယ်။

ကားအကောင်းစားကြီးတွေကို မဝယ်နိုင်တဲ့ငွေပမာဏမရှိဘူးဆိုရင်တော့ ဒီလိုကားမျိုးကို ဝယ်စီးနိုင်မှာမဟုတ်ပါဘူး။

ဒါပေမယ့် ဘယ်လောက်ပဲဈေးကြီးကြီး ဒါမျိုးဆိုရင်တော့ လိုချင်လာလိမ့်မယ်ထင်တယ် ? ဆိုတဲ့အတွေးတွေနဲ့ လာရောက်ကြည့်ရှု့သူတွေများပြားခဲ့ပါတယ်။

ကားစက်ရုံကြီးတွေရဲ့ အကြီးအကျယ်ပြောင်းလဲမယ်ဆိုရင် နောက် ၁၀ နှစ်လောက်ကိုတော့ ပျော်ပျော်ကြီးစောင့်ရတော့မယ်ထင်တယ်နော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: